1/05/2016

♪ "Huawei P8 Lite" ကိုဝယ်ယူချင်သူများလေ့လာနိုင်ရန် ♫


Huawei သည် P8 နဲ့ပတ်သက်၍ အမျိုးအစားကွဲများကို ထုတ်လုပ်ပေးထားပါတယ်။ P8, P8 Lite နှင့် P8 Premium ဆိုပြီး ၀ယ်ယူရရှိနိုင်ပါတယ်။ P8 Lite ဟာ ၂၀၁၅ ခုနှစ်၊ မေလက ထုတ်လုပ်ရောင်းချထား တာဖြစ်ပြီး ဖုန်းရဲ့ အရွယ်အစားပမာဏကတော့ 143×70.6×7.7 mm ရှိကာ အလေးချိန်သည် 131g ဖြစ်ပါတယ်။ SIM card (2) card ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ ထည့်သွင်းအသုံးပြုရမယ့် SIM Card အမျိုးအစားကတော့ Micro SIM နဲ့ Nano SIM ပါ။

IPS LCD Capacitive Touchscreen ရဲ့အကျယ်အ၀န်းပမာဏကတော့ 5 inchesဖြစ်ပါတယ်။ P8 ဟာ P8 Lite ထက် 0.2 inches ပိုမိုကျယ်ဝန်းပါတယ်။ မြင်ကွင်းစွမ်းရည်အပိုင်း တွင်လည်း P8 က ပိုမိုကောင်းမွန်ပါတယ်။ P8 တွင် Pixels ပမာဏအနေဖြင့် 1080×1920 ပါရှိပြီး ၁ လက်မမှာရှိမယ့် Pixel ပမာဏသိပ် သည်းဆကတော့ 424ppi ပါ။ P8 Lite တွင် 720×1280 Pixels ပမာဏပါရှိပြီး ၁ လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 294 ppi ပါ။

P8 Lite အသုံးပြုနိုင် မယ့် Multi Touch စနစ်ကတော့ Emotion 3.1 UI ဖြစ်ပါတယ်။ သုံးစွဲနိုင်မယ့် OS အမျိုးအစားမှာ Android ဖြစ်ပြီး Version မှာ 5.0.2 ဖြစ်ပါတယ်။ ပါရှိသော CPU ရဲ့စွမ်းရည်ကတော့ Octa-core 1.2 GHz ဖြစ်ခြင်းကြောင့် လျင်မြန်သောတုံ့ပြန်မှုများ ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ပါရှိသော Chipset အမျိုးအစားမှာ HiSilicon Kirin 620 ဖြစ်ပါတယ်။

GPU ကိုတော့ Mali- 450MP4 အမျိုးအစား ကို ထည့်သွင်းပေးထားပါတယ်။ ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး အဓိကကင်မရာကတော့ 13MP ဖြစ်ပါတယ်။ ရှေ့ကင်မရာငယ် သည် 5MP စွမ်းရည်ရှိပါတယ်။

မှတ်ဥာဏ်ပမာဏအပိုင်း၌ RAM ကို 2GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အချက်အလက် အများအပြားသိမ်းဆည်းနိုင်အောင် လည်း Card Slot စနစ်ထည့်သွင်းပေးထားပြီး 128GB အထိချဲ့ထွင် အသုံးပြုနိုင်ပါတယ်။

Active Noise Cancellation with Dedicated Mic စနစ်ကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ Bluetooth Version မှာ 4.0 ဖြစ်ပါတယ်။ အားသွင်းအသုံးပြု နိုင်မယ့် ဘက်ထရီအမျိုးအစားမှာ Li-Ion 2200 mAh ဖြစ်ပါတယ်။ 3G Network တွင် (၃၈၀)နာရီနီးပါးနှင့် စကားပြောဆိုဖို့ (၁၁)နာရီနီးပါး ခံနိုင်စွမ်းရှိပါမယ်။ အရောင်(၃)ရောင်ဖြင့် P8 Lite ကိုထုတ်လုပ်ပေးထားပါတယ်။

Network - GSM/HSPA/LTE
Processor - Octa-core 1.2 GHz
Screen - 5 inches
Camera - 13 MP
Bluetooth - v4.0
Storage - up to 128 GB
OS - Android OS, v5.0.2
Contact - 09-421744111
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal/


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com