အရင်ထွက်ရှိခဲ့ပြီးသား Huawei Ascend Mate 7 အတိုင်း အရွယ်အစားကတော့
ကွာခြားသွားခြင်း မရှိဘဲ Mate 8 ကို ဆက်လက်ခေါ်ဆောင်ခဲ့ပါတယ်။ Ascend Mate 7
ဟာဆိုရင် Huawei ရဲ့ ပထမဆုံး Phablet အမျိုးအစားဖြစ်ပြီး အခုတစ်ခေါက် Mate
8 ကို Phablet အချိုးအစားအတိုင်း ဖွဲ့စည်းပေးခဲ့ပါတယ်။ ပြိုင်ဘက် flagship
တွေကို ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းအားလုံးကို Huawei ရဲ့ Mate Series
တိုင်းမှာ မြင်တွေ့နိုင်ပြီး Mate 8 မှာ Display နဲ့ Processor တို့ရဲ့
လုပ်ဆောင်ချက်တွေ မြှင့် တက်ကောင်းမွန်လာအောင် ဖန်တီးထားပါတယ်။
Mate 8 မှာ Android OS 6.0 (Marshmallow) ကို Emotion UI 4.0 နဲ့ တွဲဖက်ထားပြီး Ascend Mate 7 မှာတော့ Android OS 4.4.2 (KitKat) ကို 5.1.1 (Lollipop) ထိ မြှင့်တင်နိုင်ကာ Emotion UI 3.1 နဲ့သာ တွဲဖက်ပေးထားပါတယ်။ Mate 8 မှာ Fast Battery Charging ပါဝင်ပြီး Li-Po 4000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ Ascend Mate 7 ရဲ့ ပင်မကင်မရာဟာ 13MP ဖြစ်ပြီး LED flash မီး သုံးနိုင်ပါတယ်။ ကျောဘက်က 5MP ကင်မရာနဲ့ full HD ဗီဒီယိုကို ရိုက်ကူးနိုင်ပါတယ်။
* Design *
1. Huawei Mate 8
အလွန်တောင့်တင်းခိုင်မာတဲ့ အလူမီနီယမ်ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Bezel-less စမတ်ဖုန်း အဖြစ် သတ်မှတ်ခံထားရပါတယ်။ ကျောပြင်ဟာ Mate 7 လို ပြားချပ်မနေဘဲ အနည်းငယ်ခုံးထားပြီး ဘေးထောင့်တွေကို ပါးနေအောင် ဖွဲ့စည်းထားပါတယ်။
2. Huawei Ascend Mate 7
HTC One Max ဒီဇိုင်းမျိုး ခပ်ဆင်ဆင်တူညီနေတာ တွေ့ရပြီး အလူမီနီယမ်ကိုယ်ထည်ကြောင့် ချောမွေ့ပြောင်လက်နေပါတယ်။ မျက်နှာပြင်ကြီးမားတာကြောင့် ဘေးဘောင်တွေကို သေးနေအောင် ပြုလုပ်ထားပြီး ဒီဇိုင်းရိုးရှင်းတာမို့ ကြည့်လို့ကောင်းပါတယ်။
* Processor *
1. Huawei Mate 8
စွမ်းဆောင်ရည်အား ပိုမိုကောင်းတဲ့ Processor ကို Mate အတွက် သုံးပေးထားပြီး HiSilicon Kirin 950 octa-core processor က မြန်နှုန်းမြင့် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဂိမ်းသမားတွေက Mali T880 MP4 ဂရပ်ဖစ်ကို သဘောကျကြမှာဖြစ်ပြီး 900MHz မြန်နှုန်း ရှိပါတယ်။
2. Huawei Ascend Mate 7
Ascend Mate 7 မှာ HiSilicon Kirin 925 octa-core processor ကို ထည့်သွင်းထားပြီး မြန်နှုန်း အတွက်တော့ စိတ်ပူစရာမရှိပါဘူး။ ဂိမ်းတွေ အခက်အခဲမရှိ ကစားနိုင်ဖို့ ဂရပ်ဖစ် Mali-T628 နဲ့ RAM 2GB တို့ကို ပိုမိုကောင်းမွန်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။
* Display *
1. Huawei Mate 8
၆ လက်မအရွယ် Display ဟာ မျက်နှာပြင်ကို အတော်လေး 1080 x 1920 pixels full HD ရုပ်ထွက် အရည်အသွေး ပံ့ပိုးနိုင်ပါတယ်။ မျက်နှာပြင် အကြမ်းဒဏ်ခံနိုင်ရည်အတွက် Corning Gorilla Glass 4 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပြီး 368ppi ပါဝင်ပါတယ်။
2. Huawei Ascend Mate 7
IPS LCD capacitive touchscreen အမျိုးအစားဖြစ်ပြီး မျက်နှာပြင်ဟာ ၆ လက်မအရွယ် ရှိပါတယ်။ Resolution ကတော့ 1080 x 1920 pixels full HD ကို ပေးစွမ်းနိုင်ပါတယ်။ Gorilla Glass 3 နဲ့ မျက်နှာပြင် ကို ဖုံးအုပ်ပေးထားပြီး ရုပ်ထွက်သိပ်သည်းဆ 368ppi ဖြစ်ပါတယ်။
* Verdict *
1. Huawei Mate 8
Huawei Mate 8 မှာ ကြီးမားတဲ့ ၆ လက်မအရွယ် Display အတွက် 2.5D effect screen ပါဝင်ပြီး fingerprint reader ဆက်လက်ပါဝင်ခဲ့ပါတယ်။ Huawei Ascend Mate 7 ထက် ပိုမိုကောင်းမွန် တိုးတက်လာတဲ့ feature တွေကိုတော့ Huawei ဖုန်းကို ကြိုက်နှစ်သက်တဲ့ user တွေ လက်တွေ့ အသုံးပြုရင်တော့ သိနိုင်မှာ သေချာပါတယ်။
2. Huawei Ascend Mate 7
User တွေ သဘောကျစရာ အကောင်းဆုံးအချက်ကတော့ Huawei Ascend Mate 7 ရဲ့ ကြီးမားတဲ့မျက်နှာပြင် အရွယ်အစားဖြစ်ပြီး Tablet အရွယ်အစားအတိုင်း Display ကို ဖွဲ့စည်းထားတာမို့ ဂိမ်းနဲ့ ဗီဒီယိုဝါသနာပါသူတွေအတွက် ကျေနပ်စရာကောင်းအောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်။
NetGuide Journal (Every Wednesday) https://www.facebook.com/officialnetguidejournal