1/14/2016

♪ သတ္တုကိုယ်ထည်တပ်ဆင်ထားသော Huawei Honor 5X ကို ပွဲထုတ် ♫

2

Huawei က CES တွင် Honor 5X ကို ကြေညာလိုက်ပါသည်။ သတ္တုကိုယ်ထည်တပ်ဆင်ထားသော် လည်း ဒေါ်လာ ၁၉၉ သာတန်ကြေးရှိပါသည်။ Amazon , Newegg တို့မှနေ၍ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် စတင်ပို့ဆောင်ပေးမည်ဖြစ်သည်။

Honor 5X တွင် ၅.၅ လက်မ 1080p IPS LCD Display တပ်ဆင်ထားပါသည်။ 1.5GHz Qualcomm Snapdragon 615 Octa-Core Processor မောင်းနှင်မည်ဖြစ်သည်။ 2GB RAM , 16GB Storage , 3000mAh Battery တို့ပါရှိပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပါသည်။

Fingerprint Scanner , Android 5.1 Lollipop ပါရှိပါသည်။ 4G LTE ဆက်သွယ်မှုကို ထောက်ပံ့ပြီး ရွှေ၊ အညို၊ ငွေရောင်များ ရွေးချယ်နိုင်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com