HTC က အိန္ဒိယတွင် စွမ်းဆောင်ရည်သင့် စမတ်ဖုန်းအသစ်တစ်လုံးကို
မိတ်ဆက်လိုက်ပါသည်။ Desire 728 Dual SIM ဟု အမည်ပေးထားပြီး ၅.၅ လက်မ 720p
Display တပ်ဆင်ထားပါသည်။ MediaTek MT6753 Chipset မောင်းနှင်မည်ဖြစ်သည်။
2GB RAM, 16GB Internal Storage ထည့်သွင်းထားပြီး microSD Card
အသုံးပြုနိုင်ပါသည်။
အနောက်ဘက်တွင် 13MP Camera နှင့် အရှေ့ဘက်တွင် 5MP Camera ပါရှိပါသည်။ 2800mAh Battery တပ်ဆင်ထားပြီး Android 5.1 ကို HTC Sense UI နှင့် ပေါင်းစပ်ထားပါသည်။ HTC Boom Sound Stereo Speakers များပါရှိပါသည်။ 4G LTE ကိုထောက်ပံ့သော SIM Slot နှစ်ခုပါရှိပါသည်။
Desire 728 Dual SIM ကို အိန္ဒိယ ရူပီး ၁၇ ၉၉၀ ( ဒေါ်လာ ၂၆၉) သတ်မှတ်ထားပြီး ဈေးနှုန်းအနည်းငယ်ကြီးမြင့်ပါသည်။ အဆိုပါ ဈေးဖြင့် ပိုမိုစွမ်းဆောင်ရည်ကောင်းသော OnePlus X , Lenovo Vibe S1 တို့ကို ၀ယ်ယူနိုင်ပါသည်။
Credit to ==> Myanmar Digital Life Journal