1/08/2016

♪ HP က Laptop/Tablet နှစ်မျိုးသုံး Spectre x360 ကို မိတ်ဆက် ♫


HP က Laptop/Tablet နှစ်မျိုးသုံး Spectre x360 ကို CES တွင် မိတ်ဆက်လိုက်ပါသည်။ ယခင်နှစ်တွင် ၁၃.၃ လက်မ အမျိုးအစားကို ထုတ်လုပ်ရောင်းချခဲ့ပြီး ယခုအခါတွင် ၁၅.၆ လက်မ အမျိုးအစားကို မိတ်ဆက်လိုက်ခြင်းဖြစ်ပါသည်။ ၃၆၀ ဒီဂရီ ခေါက်ချိုး၍ Tablet Mode သို့ ပြောင်းလဲနိုင်ပါသည်။

မော်ဒယ်အသစ်တွင် ပိုမိုကြည်လင်ပြတ်သားသော 4K OLED Display တပ်ဆင်ထားပါသည်။ HP က OLED Display သည် အလေးချိန် ၅၀ ဂရမ် ပိုမို ပေါ့ပါးသည်ဟု ပြောပါသည်။ 4K Display ကို အလိုမရှိလျှင် Full HD အမျိုးအစားကိုလည်း ရွေးချယ်နိုင်ပါသည်။ အထူမှာ ၁၅.၉ မီလီမီတာ ဖြစ်ပြီး ၁.၈၃ ကီလိုဂရမ် အလေးချိန်ရှိပါသည်။ တစ်ကြိမ်အားသွင်းထားလျှင် ၉.၅ နာရီ အသုံးခံပါသည်။

Intel Core i5 or i7 Processor ရွေးချယ်နိုင်ပါသည်။ 16GB RAM နှင့် 1TB SSD အထိ ရွေးချယ် ၀ယ်ယူနိုင်ပါသည်။ USB-C , USB 3.0 Port များပါရှိပြီး mini Display Port , HDMI, Audio Jack များလည်း တပ်ဆင်ပေးထားပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com