1/08/2016

♪ Bee Talk ဗားရှင်းအသစ်၌ မိမိ၏တည်နေရာကို ပိတ်ထားနိုင် ♫


Bee Talk သည် ၎င်း၏ ဗားရှင်းအသစ်ကို စတင်မိတ်ဆက်ခဲ့ကြောင်း၊ အသစ်မိတ်ဆက်လိုက်သည့် အဆိုပါဗားရှင်း၌ အသုံးပြုသူ၏ တည်နေရာကို အလိုအလျောက် ပိတ်ပေးထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

“အရင်ဗားရှင်းတွေမှာဆိုရင် Look Around က ပွင့်နေတော့ လူတွေအများကြီးလာ Add ကြတယ်။ အဲဒါကို မကြိုက်တာများလို့ ပိတ်ပေးလိုက်တယ်” ဟု Bee Talk မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ဗားရှင်းအသစ်အနေဖြင့် အဆိုပါ Look Around ကို တစ်ပါတည်း ပိတ်ပေးထားမည်ဖြစ်ပြီး အသုံးပြုသူအနေဖြင့် မိတ်ဆွေများ ရှာဖွေလိုသည့်အခါ Look Around ကို ပြန်လည်ဖွင့်လှစ်၍ ရှာဖွေမှု ပြုလုပ်နိုင်မည်ဟု သိရသည်။

Bee Talk ၏ အဆိုပါ 2.1.4 ဗားရှင်းကို beetalk.com.mm တွင် Download ရယူနိုင်ပြီး ဗားရှင်းအသစ်၌ စတေကာအသစ်အပြင် ပေးပို့လာသည့် စာများကိုလည်း အမြင်ကွဲပြားခြားနားစေရန် ဖန်တီးပေးထားကြောင်း သိရသည်။

Bee Talk ကို မြန်မာနိုင်ငံ၏ လူဦးရေ ၂၀ ရာခိုင်နှုန်းနီးပါးက အသုံးပြုနေကြပြီး အမျိုးသား ၆၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၃၈ ရာခိုင်နှုန်းက အသုံးပြုနေသည်ဟု ၎င်းတို့၏ စစ်တမ်းက ဖော်ပြထားသည်။
အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များ အများဆုံး ဝင်ရောက်အသုံးပြုနေသည့် Bee Talk သည် ၂၀၁၅ နှစ် ဇန်နဝါရီလအတွင်း မြန်မာဘာသာဖြင့် အသုံးပြုနိုင်သော Chatting App တစ်ခုအနေဖြင့် စတင်ပေါ်ထွက် လာခဲ့ခြင်းဖြစ်ပြီး Public Account Admin Platform ကိုလည်း လွန်ခဲ့သည့် အောက်တိုဘာလက မိတ်ဆက်ပေးနိုင်ခဲ့သည်။

လက်ရှိအချိန်၌ Bee Talk တွင် စတေကာပေါင်း ၄၅၆ ခုကို အခမဲ့အသုံးပြုခွင့် ပေးအပ်ထားပြီး အသစ်ထွက်ရှိလာမည့် ဗားရှင်းအသစ်၌လည်း သရုပ်ဆောင် ဖွေးဖွေး၏ ကာတွန်းပုံသဏ္ဍာန် စတေကာများ ထပ်မံပါဝင်လာမည်ဟု Bee Talk က ကြေညာခဲ့သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com