1/18/2016

♪ “GEAR OF THE YEAR” ♫


Android ရဲ့နည်းပညာတွေဟာ နောက်ပိုင်းမှာအတော်လေးကို ခေတ်စား လာခဲ့ ပါတယ်။ Android သုံးထားတဲ့ device တွေကလည်း ၂၀၁၅ခုနှစ် အတွင်းမှာ အတော်ကြီးရောင်းအားကောင်းလာသလို၊စမတ်ဖုန်းနည်းပညာ ကတော့တစ်ဟုန်ထိုးတိုးတက်လာခဲ့ပါတယ်။ နောက်ပိုင်းထွက် Android ဖုန်းတွေမှာဆိုရင် အရေအတွက်ပိုင်းထက်စာရင်၊ အရည်အသွေးပိုင်းကို ပိုမိုဦးစားပေးလာပါတယ်။ ၂၀၁၃ နဲ့ ၂၀၁၄ အနေအထားနဲ့နှိုင်းယှဉ်လိုက် မယ်ဆိုရင် နည်းပညာပိုင်းမှာ android wear တွေခေတ်စားလာသလို၊ သဘာဝပတ်ဝန်းကျင်အတွက် ရည်ရွယ်ထုတ်လုပ်လာတာတွေကိုလည်း တွေ့ရပါတယ်။ Chromebook တွေရဲ့ ပိုမိုအဆင်မြင့်လာမှု၊ စမတ်ဖုန်း တွေရဲ့ software,hardware အဆင့်မြှင့်လာမှုကို ၂၀၁၆ ခုနှစ်အတွင်းမှာ ပိုမိုမြင်တွေ့လာရဖို့ရှိနေပါတယ်။ နည်းပညာလောကမှာ ဘယ်လိုသော ထုတ်ကုန်တွေ အကောင်းဆုံးအဖြစ်ရပ်တည်ခဲ့တယ်ဆိုတာ ကမ္ဘာကျော် မဂ္ဂဇင်းကြီးတွေကနေရွေးချယ်ထုတ်နုတ်ဖော်ပြပေးလေ့ရှိပါတယ်။ ၂၀၁၅ခုနှစ်အတွက်လည်း ကမ္ဘာကျော် Android Magazine ကြီးကနေ Android ထုတ်ကုန်တွေထဲမှာ နာမည်ကြီးလူကြိုက်များခဲ့တာတွေကို ရွေးချယ်ပေးထားပါတယ်။ စမတ်ဖုန်းတွေထဲမှာ ဘယ်လိုဖုန်းတွေက သုံးစွဲသူတွေကြိုက်နှစ်သက်မှုများခဲ့တယ်ဆိုတာကို ယခုတစ်ပတ်အတွက် ဖော်ပြပေးမှာဖြစ်ပါတယ်။ သို့ပေမယ့် Google ရဲ့ထုတ်လုပ်မှုတွေထဲက နောက်ထပ်တစ်ခုလို့သတ်မှတ်နိုင်တဲ့ Chromebook တွေကလည်းအွန်လိုင်း တိုက်ရိုက်သုံးစွဲသူတွေကိုဈေးကွက်တစ်ခုအနေနဲ့ ဆွဲဆောင်ထားနိုင်တာ ကြောင့် Gear of the year မှာ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။ ဘယ် စမတ်ဖုန်းတွေက တစ်နှစ်တာအတွင်းလူကြိုက်အများဆုံးဖြစ်ခဲ့တာလဲ ...
<Best Chromebook>
Chromebook တွေဟာ အရင်ကလောက်တော့ အင်တာနက်ကို အမြဲ ဖွင့်ထားစရာမလိုတော့ပါဘူး။ Google နဲ့ အခြားသော App ရေးသား ထုတ်လုပ်သူတွေဟာ Offline ဖြစ်နေသည့် တိုင်အောင်တောင်မှပဲ ဆက်လက် အလုပ်လုပ်နိုင်အောင် လမ်းဖွင့်ပေးတာတွေကို ပိုမိုလုပ်ဆောင် ပေးနေပါတယ်။ Chrome OS အနေနဲ့ အဓိကအားဖြင့် Cloud-based service တွေကို အားထားလုပ်ဆောင်ခြင်းဖြစ်တာမို့ Google Drive cloud storage service မျိုးတွေနဲ့ နက်နက်ရှိုင်းရှိုင်းကိုပဲ ဆက်နွယ်မှုရှိနေပါတယ်။ တကယ်လို့ offline ဖြစ်နေမယ်ဆိုရင်လည်း local cache အနေနဲ့သိမ်းထားပြီး connection ပြန်ရလာပြီဆိုတာနဲ့ sync လုပ်ပေးသွားမှာပါ။ အဲဒီတော့ Chromebook တွေဟာ onboard storage အများကြီးမလိုပါဘူး။ ဒါပေမယ့် ထုတ်လုပ်သူတွေကတော့ 16GB ကနေ 32GB resolution image တွေကို သိမ်းတာ၊ manage လုပ်တာနဲ့ processing လုပ်တာတွေအတွက်တော့ လုံလောက်မှုမရှိနိုင်ပါဘူး။ အွန်လိုင်းချိတ်ဆက်ဖို့အတွက်တော့ Chromebook အများစုမှာ 802.11n WiFi ပါဝင်လာပြီးတချို့ကတော့ 802.11ac အထိ တိုးမြှင့်ထားပါတယ်။ တကယ်လို့ 802.11ac ကိုသုံးထား တယ်ဆိုရင် သူနဲ့တွဲလို့ရတဲ့ router ကိုသုံးထားသင့်ပါတယ်။ ဒါမှလည်း မြန်နှုန်းမြင့် WiFi ရဲ့ အရည်အသွေးကိုခံစားနိုင်မှာပါ။ Chromebook အများစုဟာ Bluetooth 4 နဲ့ HDMI တွေ၊ headphone socket နဲ့ SD card reader တွေ၊ USB port တွေ ပါလာပါတယ် . . .
<HP Chromebook 11>
HP Chromebook 11 သည် အတော်ကြီးကောင်းတဲ့ Chromebook ပါ။ Google app တွေသုံးတာမှာ၊ web browsing လုပ်တာ၊ YouTube ပေါ်က HD ဗီဒီယိုတွေကိုကြည့်တာ၊ Google Play က movie တွေကိုကြည့်တာတွေ ကို အလွယ်ကူဆုံးလုပ်နိုင်ပါတယ်။ 1.7GHz Samsung Exynos 5 Dual 5250 processor ပါဝင်လာပြီး တခြား Chromebook တွေနဲ့ယှဉ်လိုက်ရင် နည်းနည်းတော့နှေးပါတယ်။ ဘက်ထရီသက်တမ်းအနေနဲ့ 720p ဗီဒီယို တွေကိုကြည့်ရာမှာ ၅နာရီနဲ့ ၁၀မိနစ်သက်တမ်းရှိပြီး၊ အင်တာနက်သုံးရာမှာ tab တွေအများကြီးဖွင့်ထားမယ်၊ ဂိမ်းအကြီးတွေဆော့မယ်ဆိုရင် ဘက်ထရီ ကပိုစားမှာပါ။ USB 2 port 2 ခုပါဝင်ပြီး၊ USB 3 port ပါဝင်ခြင်းမရှိပါဘူး။ အားသွင်းဖို့အတွက် microUSB ကိုအသုံးပြုထားပြီး အားသွင်းချိန်က ၄ နာရီ ပဲကြာမြင့်ပါတယ်။ ဒါပေမယ့်ပြဿနာက အားသွင်းနေချိန်မှာ Screen အကြီး နဲ့ချိတ်ကြည့်လို့ မရဘူးဖြစ်နေပါတယ်။ Display ပိုင်းမှာတော့ 1366 × 768 resolution ရှိပြီး၊ ၁၁.၆ လက်မအရွယ်ရှိပါတယ်။ IPS panel ဖြစ်ပြီး၊ ဒီလောက်ကောင်းတာကို ဒီဈေးနဲ့ရလိမ့်မယ်လို့ကျွန်တော်တို့ အရင်က ထင်မထားခဲ့ဖူးပါဘူး။ Maximum brightness အနေနဲ့ 316cd/m2 အထိ ရပါတယ်။ Chromebook Pixel ကလွဲလို့ ကျန်တဲ့ Chromebook တိုင်း ထက်သာတဲ့အချက်ပါ။ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကိုကြည့်ရာမှာ အတော်လေးကို လှပပြီး၊ color reproduction နဲ့ viewing angles တွေလည်း အတော်လေး ကောင်းပါတယ်။ သူ့ထက်ဈေးနှစ်ဆလောက်ပေးရပေမယ့်သူ့လောက် တောင်ကြည့်မကောင်းတဲ့ laptop တွေ ဈေးကွက်ထဲမှာအများကြီးပါ။ စာရိုက် ရတာအဆင်ပြေသလို၊ Touchpad ကလည်း အတော်လေးကို ကြီးတယ် ပြောနိုင်ပါတယ်။
<Google Chromebook Pixel>
Chromebook Pixel ကို aluminium ကိုယ်ထည်နဲ့အတူ ဘော်ဒီပိုင်း တောင့်တင်း မှုရှိအောင်ပုံဖော်ထားပြီး ပုံမှန်မဟုတ်သည့် size ဖြစ်တဲ့ ၁၂.၉ လက်မ screen ဟာဆိုရင် 3:2 aspect ratio ပါဝင်ပြီး Pixel အနေနဲ့ အခြားသော Chromebook တွေထက် အနံအားဖြင့်ပိုမြင့်ပါတယ်။ အလွန် ကောင်းမွန်တဲ့ screen ပါဝင်လာပြီး၊ 2560x 1700 resolution ပါဝင်လာပြီး pixel density အနေနဲ့ 239ppi အထိ ပါဝင်ကာ၊ MacBook Pro 13.3 လက်မ ရဲ့ Retina display ထက် အနည်းငယ်ပို၍သာလွန်ပါတယ်။ ကြည်လင် ပြတ်သား ပြီး၊ အရောင်တွေစုံတာ၊ maximum brightness အနေနဲ့ 356cd/m2 အထိတောင်ရှိပါတယ်။ နောက်တစ်ခုက Screen က Touch Screen ပါ။ Chrome OS မှာ Touch control ပိုင်း၌ အနည်းငယ်ပဲရှိနေသေး တာမို့ ကျွန်တော်တို့က Touch Screen ထက်စာရင်ကီးဘုတ်၊ Mouse တို့ကို ပဲသုံးနေရမှာဖြစ်ပါတယ်။ Pixel ရဲ့ အသံအရည်အသွေးဟာ ပရီမီယံအဆင့် ရှိပြီး၊ Physical ပိုင်းတွေမှာတော့ နည်းနည်းလေးအားနည်းသွားပါတယ်။ USB 2 port 2 ခုပါလာပြီး၊ USB 3 တစ်ခုမှမပါပါဘူး။ dual WiFi antennas နှစ်ခုပါလာတဲ့အတွက် နည်းနည်းပိုမြန်လာနိုင်ပေမယ့် 802.11n ကိုပဲ သုံးထားတာဖြစ်ပါတယ်။ 1.8 GHz Intel i5 3427U CPU ကိုသုံးထားပြီး 4GB RAM ထည့်သွင်းပေးထားပါတယ်။ ဒါဟာပြိုင်ဘက်တွေအားလုံးထက်ပိုမြန်တဲ့ နှုန်းနဲ့ထွက်လာတာပါ။ ဘက်ထရီသက်တမ်းမှာတော့ Low-cost Chromebook တွေအတော်များများဟာ HD ဗီဒီယိုကြည့်တဲ့ အချိန်မှာ ၇ နာရီ လောက်အထိ ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။
<Best High-End Phone>
၂၀၁၅ ခုနှစ်မော်ဒယ်အမြင့်စား android ဖုန်းတွေရဲ့သရဖူကိုပိုင်ဆိုင်သွား တာကတော့ Samsung ပဲဖြစ်ပါတယ်။Galaxy ဖုန်းတွေနဲ့ အောင်မြင်မှု မှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့ Samsung ဟာသူတို့ရဲ့ S6 ကို အကောင်းဆုံးဖုန်း အဖြစ်သတ်မှတ်ပေးထားပါတယ်။ သူ့နောက်မှာဒုတိယလိုက်တဲ့ဖုန်းကတော့ Moto X style ဖြစ်ပြီး၊ android သုံးတဲ့သူတွေအတွက် လုံးဝအဆင်အပြေဆုံး ဗားရှင်းအဖြစ် သတ်မှတ်ပေးထားကြပါတယ်။ ထွက်ရှိထားတာ သိပ်မကြာ သေးတဲ့ Huawei Nexus 6P ကတော့ android နောက်ဆုံးဗားရှင်းကို သုံးထားတာဖြစ်ပြီး တတိယနေရာမှာ ရပ်တည်လျက်ရှိနေပါတယ် ...
<Samsung Galaxy S6>
မျက်နှာပြင်ဖော်ပြနိုင်မှုအပိုင်းမှာ QHD Display ဖြစ်ပါတယ်။ ပုံရိပ်တစ်ခုချင်း စီ အသေးစိတ်ဖော်ပြမှုအတွက် 577ppi ထောက်ပံ့ပေးထား ပြီး၊ 2560x 1440p အရည်အသွေးရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ပြင်ပမှာမြင်ရတဲ့ အရည်အသွေးအတိုင်းပဲရှင်းလင်းပီသပြီး၊ တောက်ပစိုပြည်နေစေပါ လိမ့် မယ်။ Samsung ဟာ ကင်မရာပိုင်းအတွက် အဓိကလုပ်ဆောင်ချက်တွေကို အများအပြားထည့်သွင်းလာတာကို မတွေ့ရသေးပါဘူး။ 16MP ကင်မရာကို F1.9 Aperture ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက် ကြောင့်ပဲ အလင်းရောင်အားနည်းတဲ့အချိန်မှာ ရိုက်ကူးတဲ့ပုံရိပ်တွေအတွက် ပြင်ပအမှောင်တွေ ၀င်ရောက်လာမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။ ဒါ့အပြင် အရင်ထွက်ခဲ့တဲ့ Galaxy S5 ထက် ၃၄ ရာခိုင်နှုန်းနီးပါး ပိုမိုကောင်းမွန်လာ ပါလိမ့်မယ်။ ဗီဒီယိုတွေရိုက်ကူးမယ်ဆိုရင် တော့ 2160p ကို 30fps နှုန်းနဲ့ ဖမ်းယူနိုင်မှာဖြစ်ပြီး၊ 1080p ကိုတော့ 60fps နှုန်းနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ Dual Video Rec လုပ်ဆောင်ချက်ကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ ဒုတိယ ကင်မရာငယ်လို့ဆိုနိုင်တဲ့ အရှေ့ဘက်ကင်မရာကတော့ 5MP အရည်အသွေး ဖြစ်ပြီး၊ သူ့မှာလည်း Dual Video Call လုပ်ဆောင်မှုသုံးစွဲနိုင် မှာ ဖြစ်ပါတယ်။ Samsung ဟာ S6 မှာ သူတို့ရဲ့ကိုယ်ပိုင် processor ကို သုံးစွဲလာခဲ့ပါတယ်။ Graphic ပိုင်းဆိုင်ရာအတွက်တော့ ဂိမ်းတွေ၊ HD တွေကို မြန်ဆန်စွာကြည့်ရှုနိုင်စေမယ့် Mail T760 GPU ကို တပ်ဆင်ပေးထား ပါတယ်။ ဘက်ထရီကတော့ 2550mAh ကိုသာတပ်ဆင်ပေးထားပြီး၊ ဖြုတ်တပ်ပြုလုပ်လို့ရတော့မှာ မဟုတ်ပါဘူး။ သူ့ရဲ့အားသွင်းမှုနှုန်းက S5 ထက် ၁.၅ time ပိုမိုမြန်ဆန်ပြီး၊ ၁၀ မိနစ်ကြာအားသွင်းရုံနဲ့ HD Movie တွေကို ၂ နာရီ ကြာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ နာရီဝက်ကြာ အားသွင်း လိုက်မယ် ဆိုရင်တော့ ဘက်ထရီစွမ်းအား ၅၀% နီးပါးကို ရရှိနိုင်မှာ ဖြစ်ပါ တယ်။ Quick access ကိုလည်း လိုအပ်သလိုပြန်လည်ပြင်ဆင်နိုင်ပါလိမ့် မယ်။ Google နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်မှန်သမျှကိုလည်း တစ်စု တစ်စည်း ထည့်သွင်းပေးထားပါသေးတယ်။ ဖုန်းခေါ်ဆိုမှုတွေပြုလုပ်တဲ့ အခါမှာလည်း အသံအရည်အသွေးပိုကောင်းသွားစေဖို့ extra volume ဆိုတဲ့လုပ်ဆောင်ချက်ကိုလည်း သုံးနိုင်မှာဖြစ်ပါတယ်။
<Runner-up>
<Moto X Style>
၅.၇ လက်မမျက်နှာပြင်ဟာ ပုံရိပ်ဖော်ပြမှုအတွက် 1440× 2560p ဖော်ပြမှုကိုရရှိစေမှာဖြစ်ပါတယ်။ မျက်နှာပြင်ပိုင်းအ တွက် QHD သုံးထား တဲ့အပြင် PPI ပိုင်းမှာလည်း ၅၂၀ လောက်ထိကိုတိုးမြင့်ပေးထားပါတယ်။ ပရိုဆက်ဆာသုံးစွဲမှုပိုင်းအတွက် တော့ Snapdragon 808 hexa-core နဲ့ဖြစ်ပြီး၊ ဂရပ်ဖစ်သုံးစွဲမှုအတွက်တော့ Adreno 418GPU ထောက်ပံ့ ပေးထား မှာဖြစ်ပါတယ်။ ကင်မရာတပ်ဆင်ပေးထားမှုကို လေ့လာကြည့် လိုက်တဲ့အခါမှာတော့ ပြိုင်ဘက်စမတ်ဖုန်းတွေကိုယှဉ်ပြိုင်နိုင်စွမ်းအရှိဆုံး 21MP ဖြစ်ပြီး 4K ဗီဒီယိုရိုက်ကူးနိုင်စွမ်းရှိမှာပါ။ အရှေ့ဘက်ကင်မရာငယ် ကတော့ 5MP ဖြစ်ပါတယ်။ ဘက်ထရီကိုကြီးမားတဲ့စွမ်းအားလို့ဆိုနိုင်တဲ့ 3000mAh ကိုသုံးထားပြီး၊ စွမ်းအင်ပြန်လည်ဖြည့်သွင်းမှုအပိုင်းမှာတော့ fast charging စနစ်ကိုသုံးနိုင်တာကြောင့် ၁၅ မိနစ်ကြာအားသွင်းတာနဲ့ ၃၄ ရာခိုင်နှုန်းကိုရရှိစေမှာပါ။ ရေစိုဒဏ်ကိုလည်း ခံနိုင်စွမ်းရှိဦးမှာပါ။ ပထမမျိုးဆက်နဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ မျက်နှာပြင်ကျယ်ပြန့်မှု အပိုင်းတွေသာကမဘဲ အရည်အသွေးမြင့်မားတဲ့ ပေါင်းစပ်မှုတွေနဲ့ ကိုယ်ထည် ကိုသုံးနိုင်မှာဖြစ်ပါတယ်။ အချက်အလက်သိုလှောင်နိုင်စွမ်းနဲ့ ပတ်သက်ရင်တော့ 16/32/64GB ဖြစ်ပြီး ထပ်မံတိုးမြှင့်မယ်ဆိုရင်တော့ 128GB အထိလက်ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ ဆင်းကတ်ထည့်သွင်းရမယ့် နေရာကိုတော့ ဖုန်းရဲ့အပေါ်ဘက်နားမှာမြင်တွေ့ရမှာဖြစ်ပြီး nano sim သာထည့်သုံးနိုင်မှာဖြစ်ပါတယ်။ Android ရဲ့အမြဲဆန်းသစ်နေတဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ခံစားရရှိနိုင်စေဖို့အတွက် Moto X Style ကစွမ်းဆောင်ပေးပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင်ဒီစမတ်ဖုန်းဟာ Android သုံးစွဲသူတွေအတွက် သီးသန့်ဒီဇိုင်းအနေနဲ့ရှိနေမှာဖြစ်တာကြောင့်ပါ။
<Runner-up>
<Huawei Nexus 6P>
၅.၇လက်မမျက်နှာပြင်ဟာ ကြည်လင်တောက်ပတဲ့ ပုံရိပ်ဖော်ပြနိုင်မှု ကိုရရှိစေမှာဖြစ်ပြီး အရှေ့ဘက်စပီကာဟာ ပြတ်သား ထင်ရှားတဲ့အသံထွက် ကို ပေးစွမ်းမှာဖြစ်ပါတယ်။ 6P မှာနောက်ဆုံးပေါ်ဗားရှင်းဖြစ်တဲ့ Octa-Core ပရိုဆက်ဆာကိုတပ်ဆင်ပေးထားပါတယ်။ Snapdragon 810 ဟာ Nexus ဖုန်းတွေထဲမှာ အသွက်လက်ဆုံး စွမ်းဆောင်မှုကိုပေးစွမ်းမှာပါ။ ကင်မရာကို လည်း 12.3MP ဖြင့် အဆင့်မြှင့်ထားပြီး LED Flash နှစ်လုံးနဲ့ တွဲဖက်ထားပါ တယ်။ 2160p Video များကို ရိုက်ကူးပေးနိုင်ပြီး အရှေ့ဘက်မှာတော့ 8MP Camera တပ်ဆင်ထားပါတယ်။ ဘက်ထရီသက်တမ်းကလည်း တာရှည်ခံသုံး နိုင်မယ့် အရွယ်အစားမျိုး ဖြစ်ပြီး 3450mAh ဖြစ်ကာ USB Type-C ကြောင့် အားသွင်းရတာ မြန်ဆန်မှာပါ။ လက်ဗွေဖတ်စနစ်ကတော့ရှုထောင့် ပေါင်းစုံ ကနေ ဖတ်ရှုနိုင်မယ့်အမျိုးအစားပါ။ ဖုန်းရဲ့အချက်အလက် လုံခြုံမှု တစ်ခုတည်း အတွက်တည်းသာမကဘဲ Android Pay ကိုပါသုံးနိုင်ပါလိမ့် မယ်။ လက်ချောင်းလေးကို သုံးပြီးတစ်ချက်တို့ထိလိုက်ရုံနဲ့ မြန်ဆန်စွာ ဖွင့်လှစ် ပေးမှာဖြစ်တာကြောင့် app,game တွေကို လွယ်ကူ၊ မြန်ဆန်စွာ ဆော့ကစားနိုင်ပါလိမ့်မယ်။ ပြီးတော့သူ့မှာ မောင်းနှင်မှုကလည်း marshmallow ဖြစ်ပြီး၊ နောက်ဆုံးထွက်သမျှ software updates တွေကိုပါ ရရှိနေဦးမှာဖြစ်တာကြောင့်ပါ။ Motorola အစား Huawei က ထုတ်လုပ် ပေးထားတာဖြစ်ပါတယ်။ ပထမဆုံးသတ္တုကိုယ်ထည်ကိုအသုံးပြုထားတဲ့ Nexus ဖုန်းဖြစ်ပြီး အထူမှာ ၇ .၃ မီလီမီတာဖြစ်ပါတယ်။ Standby အသုံးပြု လျှင် ဘက်ထရီကိုပိုမိုချွေတာပေးတဲ့ marshmallow ရဲ့ Doze စွမ်းဆောင်ချက် ပါရှိလာပါတယ်။ 3GB RAM ကတော့ ယခင်မျိုးဆက်နဲ့ အတူတူပါပဲ။ 128GB Storage အမျိုးအစားအသစ်ကိုလည်း ရွေးချယ်နိုင်ပါ တယ်။
<Best Mid-Range Phone>
ဈေးနှုန်းကြီးမြင့်တဲ့ ဖုန်းတွေကြီးပဲကြိုက်နှစ်သက်မှုများနေတာမဟုတ်ပါဘူး။ ဈေးနှုန်းအလယ် အလတ်အဆင့်ရှိတဲ့ဖုန်းတွေကလည်း သုံးစွဲသူစိတ်ကြိုက် နှစ်သက်မှုတွေကို ရရှိထားပါတယ်။ သုံးစွဲသူတွေအနေနဲ့ high-end ဖုန်းတွေ နေရာမှာ အစားထိုးကိုင်တွယ်နိုင်မှုအပြင်၊ မိမိမှာရှိတဲ့ငွေကြေး နဲ့လိုက်ဖက်ညီတာ ကိုသာရွေးချယ်မှုပြုချင်ကြမှာပါ။ အလယ်အလတ်အဆင့် ဖုန်းတွေရဲ့ ရွေးချယ်ပေးမှုမှာတော့ OnePlus 2 က ထိပ်ဆုံးနေရာကိုပိုင်ဆိုင် ထားပါတယ်။ သူ့နောက်မှာတော့ရေစိုခံဖုန်းတွေ ထုတ်လုပ်မှုအပိုင်းမှာ အောင်မြင်မှုရရှိထားတဲ့ Sony ဖုန်းကနေရာယူထားပါတယ်။ Google ရဲ့ ကိုယ်ပိုင်ထုတ်လုပ်မှုလို့ဆိုနိုင်တဲ့ Nexus 5x ကတော့ တတိယနေရာကို ရယူပိုင်ဆိုင်ထားပါတယ် ...
<One Plus 2>
၅.၅လက်မမျက်နှာပြင်ဟာ ကြည်လင်ပြတ်သားတဲ့ပုံရိပ်ဖော်ပြနိုင်စွမ်း တွေအတွက် အသင့်ဖြစ်နေမှာဖြစ်ပြီး USB Type-C ကိုသုံးထားတဲ့ ပထမဆုံးစမတ်ဖုန်းလည်းဖြစ်ပါတယ်။ ကိုယ်ထည်ဒီဇိုင်းပိုင်းအတွက် ကြိုက်သလို ကာဗာတွေ လဲလှယ်တပ်ဆင်နိုင်မယ့်ပုံစံမျိုးကိုပါ။ စမတ်ဖုန်း တစ်လုံးအောင်မြင်တဲ့ နေရာတစ်ခုကိုရောက်ရှိဖို့အတွက် OnePlus မှာအတော်လေးကိုကြိုးစားထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ OP2 မှာ အလူမီနီယမ် နဲ့မဂ္ဂနီစီယမ်ပေါင်းစပ်ထားတဲ့ ဖရိန်ပုံစံမျိုးပြုလုပ်ထားပြီး နောက်ဘက် ကာဗာကိုတော့ သုံးစွဲသူစိတ်ကြိုက်ပြောင်းလဲတပ်ဆင်နိုင်စေဖို့ ပြုလုပ်ပေး ထားပါတယ်။ မျက်နှာပြင်ကလည်း နေရောင်ထဲမှာ ကြည့်ရှုမယ် ဆိုရင် ၁၇၈ ဒီဂရီထိကြည်လင်ပြတ်သားစွာမြင်တွေ့ရပါလိမ့်မယ်။ Sim ပိုင်းမှာ ဆိုရင်တော့ 4G nano ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ apple က အသစ်ထုတ်လိုက်တဲ့ new Macbook မှာသာ စတင်မြင်တွေ့ခဲ့ရတဲ့ USB Type-C အမျိုးအစားအားသွင်းPort ကိုလည်း OP2 မှာသုံးစွဲနိုင်ပါတော့မယ်။ ပြောရမယ်ဆိုရင် ခေတ်အမီဆုံးမိုဘိုင်းဖုန်းတစ်လုံးကို မြင်တွေ့ရသလိုမျိုးပါ။ နောက် ထပ်ပါဝင်လာမှုကတော့ fingerprint scanner ပဲဖြစ်ပြီး စမတ်ဖုန်းမှာ app တွေဖွင့်လှစ်တာ၊ လုံခြုံရေးဆိုင်ရာအဖြစ် သတ်မှတ်ထားနိုင်တာတွေ အတွက် လက်ချောင်းပုံစံ(၅)မျိုးအထိသိမ်း ဆည်းမှတ်သားနိုင်ပါလိမ့်မယ်။ ထပ်မံပေါင်းထည့်ပေးထားတဲ့လုပ်ဆောင်ချက်ကတော့ ဖုန်းရဲ့ဘယ်ဘက် ဘေးဘောင်မှာ တပ်ဆင်ပေးထားမယ့် alert slider လေးပဲဖြစ်ပါတယ်။ Noti တွေအ၀င်အထွက်ကို သိရှိနိုင်မှာဖြစ်ပြီး အတော်လေးအသုံးဝင်တဲ့ လုပ်ဆောင်မှု တစ်ခုအဖြစ် ရှိနေပါလိမ့်မယ်။ Android 5.1 ပေါ်မှာအခြေခံ တည်ဆောက်ထားတဲ့ OxygenOS မှာတော့ Gesture လုပ်ဆောင်ချက်တွေ သုံးစွဲလာနိုင်ပါပြီ။ ဖုန်းထဲမှာရှိတဲ့ app တွေဖွင့်လှစ်မှု၊ ကင်မရာသုံးစွဲတဲ့အခါနဲ့ screen on/off လုပ်တာမျိုးတွေကိုပါသုံးစွဲနိုင်ပါလိမ့်မယ်။ ကင်မရာပိုင်း မှာလည်း အဆင့်အတန်း ပိုမိုမြင့်လာပြီးရုပ်သံဖမ်းယူမှုတွေကို 4K အထိ စွမ်းဆောင်လာနိုင်ပါပြီ။ အဆုံးသတ်ကောက်ချက်ချရမယ်ဆိုရင်တော့ နောက်ဆုံးပေါ်ပါဆိုတဲ့ လုပ်ဆောင်ချက်တွေထည့်သွင်းထားတဲ့ အလယ်အလတ် ဈေးနှုန်းရှိ High-end ဖုန်းတစ်လုံးပါပဲ။
<Runner-up>
<Sony Xperia M4 Aqua>
ဈေးနှုန်းအသင့်အတင့်ရှိပြီးတော့ သုံးတဲ့သူတွေအဆင်ပြေနိုင်မယ့်ဒီဇိုင်းမျိုးကို ဆိုနီအနေနဲ့ ပံ့ပိုးပေးထားနိုင်ပါတယ်။ ကင်မရာပိုင်းအတွက်ဆိုရင်လည်း app တွေထပ်မံသုံးစွဲစရာ မလိုလောက်အောင်ကို ထောက်ပံ့ပေးထားတာကို တွေ့ရမှာပါ။ ဒါကြောင့်လည်း mid-range ဖုန်းတွေထဲမှာ ဒုတိယနေရာအဖြစ် သတ်မှတ်ပေးထားနိုင်ခဲ့တာပါ။ ဖုန်းရဲ့ပုံပန်းသဏ္ဌာန်ဟာရှေ့က ထုတ်လုပ် ထားသည့် ဖုန်းများကဲ့သို့ပင်လေးထောင့်အသွင်ရှိပါတယ်။ အရွယ်အစား ပမာဏကတော့ 145.5×72. 6×7.3mm ဖြစ်ကာ၊ အလေးချိန်သည် 163g ရှိပါတယ်။ Nano Sim ထည့်သွင်းသုံးစွဲရပါမယ်။ IP 68 အသိအမှတ်ပြုထား ခြင်းကြောင့် ရေအနက်တစ်မီတာခွဲတွင် မိနစ် ၃၀ နီးပါး ခံနိုင်စွမ်းရှိပါမယ်။ IPS LCD capacitive touchscreen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 5inches ပါ။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသည့် pixels ပမာဏကတော့ 720×1280 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆက 294 ppi ပါ။ ဖုန်းမျက်နှာပြင်အကြမ်းခံနိုင်စေဖို့ အတွက်လည်း Scratch resistant glass ဖုံးအုပ်ပေးထားပါသေးတယ်။ အဓိကကင်မရာရဲ့စွမ်းရည်ကတော့ 13MP ဖြစ်ကာ၊ ရှေ့ကင်မရာငယ်ဟာ 5MP စွမ်းရည်ရှိပါ တယ်။ 1080p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့် ကို 30frames နှုန်းရရှိပါမယ်။ အသုံးပြုလို့ရမယ့် OS Version ကတော့ Lollipop ပါ။ ထည့်သွင်းပေးထားတဲ့ဘက်ထရီအမျိုးအစားဟာ Li-Ion 2400mAh ဖြစ်ပြီး၊ 3G network တွင် အသင့်အနေအထားအတွက် ၆၈၅ နာရီနီးပါးနှင့် စကားပြောဆိုဖို့ ၁၃ နာရီ နီးပါးခံနိုင်စွမ်းရှိပါမယ်။ သီချင်း နားထောင်ဖို့အတွက်ကတော့ ၆၄ နာရီနီးပါး ခံနိုင်ရည်ရှိပါမယ်။
<Runner-up>
<Google Nexus 5X>
၅.၂လက်မ IPS LCD 1080p Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၂၄ ဖြစ်ပါတယ်။ Google က Nexus 5X မှာ Android 6.0 Marshmallow ကို ထည့်သွင်းပေးထားပါတယ်။ Hexa-Core CPU Snapdragon 808 Chipset, 2GB RAM ပါရှိပါတယ်။ 16GB သို့ 32GB Internal Storage များရွေးချယ်နိုင်ပါတယ်။ microSD Card Slot တော့ မပါရှိပါဘူး။ အနောက်ဘက်မှာ 12.3MP Camera တပ်ဆင်ထားပါတယ်။ ကင်မရာဟာ Optical Image Stabilization နည်းပညာမပါရှိပေမယ့် 2160p Video များကို ရိုက်ကူးနိုင်ပါတယ်။ LG က IR blaster အထောက်အကူပြု Autofocus နည်းပညာနဲ့ Dual Flash Setup ကို ထည့်သွင်းပေးထားပါတယ်။ Nexus 5 မှာ2300mAh Battery သာပါရှိခဲ့တာပါ။ အောက်ခြေမှာတော့ နောက်မျိုးဆက် microUSB Type-C Port ကိုတပ်ဆင်ပေးထားပါတယ်။ LG အနေနဲ့ Nexus ဖုန်းထုတ်လုပ်မှုအပိုင်းမှာအတွေ့အကြုံရှိသူပီပီ ပုံစံဒီဇိုင်း ပြောင်းလဲမှုမှာလည်း သစ်လွင်လာပါတယ်။ သို့ပေမယ့် LG ဟာ ပလတ်စတစ် ကိုယ်ထည် ဒီဇိုင်းကိုတော့စွန့်လွှတ်ခြင်းမရှိသေးပါဘူး။ 5X ပိုင်ဆိုင်တဲ့သူတွေအနေနဲ့ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူတဲ့ ပုံစံကိုရရှိ ပိုင်ဆိုင် စေဖို့အတွက် ပိုလီကာဗွန်နိတ်ကိုယ်ထည်နဲ့အတူ USB-C ရဲ့ သွက်လက်မြန်ဆန်တဲ့ဒေတာစီးဆင်းမှုကို လည်းပိုင်ဆိုင်နိုင်မှာပါ။ Fingerprint Scanner နဲ့ ပိုမိုကြီးမားတဲ့ 2700mAh Battery ကြောင့် အလေးချိန်တိုးလာတာဖြစ်ပါတယ်။
<Best tech shortlist>
နည်းပညာလောကမှာ ဘယ်လိုစမတ်ဖုန်းတွေကရောင်းအားအကောင်းဆုံး အဖြစ်ရပ်တည်နေတာလဲ သူတို့ဟာတကယ်ပဲ သုံးစွဲသူတွေကို လုံလောက်တဲ့ ကျေနပ်မှုပေးစွမ်းနိုင်ရဲ့လား။ ဒါဟာကုမ္ပဏီတွေထက်စာရင်ပြင်ပက ရပ်ကြည့်သူ(သုံးသပ်သူ)တစ်ယောက်က ပိုမြင်နိုင်စွမ်းရှိပါတယ်။ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုကြည့်လိုက်ရင် အောင်မြင်သူတွေကလည်း ပုံမှန်ထုတ်လုပ်မှုနဲ့ High-endပိုင်းကိုဦးစားပေးလာပြီး၊အခုမှဈေးကွက်တွင်း ၀င်ရောက်လာသူတွေကလည်း ဘယ်လိုထုတ်ကုန်တွေနဲ့သုံးစွဲသူတွေကို ဆွဲဆောင်မလဲဆိုတာကိုသာ စဉ်းစားလာခဲ့ပါတယ်။ ဒီလိုထုတ်လုပ်သူ တွေထဲ မှာ လက်ရှိအချိန်ထိအလုံးရေများစွာ ရောင်းချနိုင်ခဲ့တဲ့ Xiaomiနဲ့OnePlus တို့ဟာလုံးဝတိုးတက်မှုအရှိဆုံးကုမ္ပဏီလို့တောင်ဆိုရပါလိမ့်မယ် ..........
<Huawei 4X (Best budget)>
ဈေးသက်သာတဲ့ဖုန်းတွေဟာ သုံးစွဲသူတွေကိုထင်မှတ်မထားလောက်အောင် ကောင်းမွန်တဲ့လုပ်ဆောင်မှုတွေပေးစွမ်းသလိုမျိုး၊ဈေးအရမ်း သက်သာတဲ့ ဖုန်းတွေကလည်းသာမန်လူတန်းစားတစ်ခုကို အလုံးစုံဆွဲဆောင်ထားနိုင် ပါတယ်။ Huawei 4X ကလည်း ဈေးသက်သာတဲ့ စမတ်ဖုန်းလောကအနေ နဲ့ကြည့်လိုက်မယ်ဆိုရင် အတော်ကြီးအခြေအနေကောင်းခဲ့တယ်လို့ သတ်မှတ် နိုင်ပါလိမ့်မယ်။ တရုတ်နိုင်ငံတွင်းဈေးကွက်မှာ အောင်မြင်မှု အရှိဆုံးမိုဘိုင်းဖုန်းထုတ်လုပ်သူတွေထဲမှာပါဝင်တဲ့ Huawei ရဲ့ 4X စမတ်ဖုန်း ဟာ၂၀၁၅ခုနှစ်အစောပိုင်းကာလတွေမှာ ဈေးကွက်အတွင်းရောင်းချနိုင် ခဲ့တာဖြစ်ပြီး ထည့်သွင်းပေးထားတဲ့လုပ်ဆောင်ချက်တွေနှင့် ဈေးနှုန်းနဲ့ ဟာအတော်ကြီးကို အလိုက်သင့်ဖြစ်နေတာကိုတွေ့ရမှာပါ။ 5.5inchမျက်နှာပြင်မှာ ပုံရိပ်ဖော်ပြနိုင်စွမ်း720x1280 ရှိမှာဖြစ်ပါတယ်။ UI ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်တော့ Emotion 3.0 ကိုသုံးနိုင်မှာဖြစ်ပြီး၊ စတင် ထုတ်လုပ်စဉ်ကအချိန်မှာတော့ OS ဟာ android 4.4.2 ပဲရှိပါသေးတယ်။ ပရိုဆက်ဆာပိုင်းအရဆိုရင်လည်း သူတို့ရဲ့ကိုယ်ပိုင်chipset နဲ့ကိုင်မလား၊ snapdragon နဲ့သုံးမလားဆိုတာ စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Snapdragon ကိုသုံးမယ်ဆိုရင်တော့ 1.2GHz အမြန်နှုန်းရှိမယ့် Quad-core ပရိုဆက်ဆာကိုသုံးနိုင်မှာပါ။ ရွေးချယ်မှုအပိုင်းမှာမူတည်ပြီးတော့ GPU ကတော့ Mail-450 (သို့) Adreno 306 နဲ့သုံးနိုင်မှာပါ။ ကင်မရာရိုက်ကူးမှု အတွက်ဆိုရင်တော့ အဓိကကင်မရာဟာ 13MP ဖြစ်ပြီးတော့၊ အရှေ့ဘက် ကင်မရာဟာ 5MP ကိုသုံးနိုင်မှာဖြစ်ပါတယ်။ ပုံရိပ်တွေရိုက်ကူးမှုအပိုင်းမှာ မြန်ဆန်သွက်လက်ပြီး1080p video တွေကိုဖမ်းယူနိုင်ပါလိမ့်မယ်။ အချက် အလက်သိမ်းဆည်းနိုင်မှုကို ကြည့်လိုက်မယ်ဆိုရင်တော့ 8GB ROM နဲ့ 2GB RAM တို့ကထောက်ပံ့ပေးပါလိမ့်မယ်။ ဘက်ထရီစွမ်းအားပိုင်းမှာဆိုရင်လည်း စွမ်းရည်ကြီးမားတဲ့ 3000mAh ကိုတပ်ဆင်ပေးထားပါတယ်။
<Best manufacturer>
၂၀၁၅တစ်နှစ်တာအတွင်း ပြည်တွင်းနဲ့ နိုင်ငံတကာဈေးကွက်အတွင်း စမတ်ဖုန်းများစွာ ရောင်းချနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီလို စမတ်ဖုန်းတွေထဲမှာ Android ဖုန်းတွေအများစုပါဝင်နေမှာပါ။ သက်ဆိုင်ရာ အရပ်ဒေသမှာအောင်မြင်တဲ့ထုတ်ကုန်အနေနဲ့ရပ်တည်နေပေမယ့် ပြင်ပ ဈေးကွက်ကိုဖြန့်ချိလိုက်တဲ့အချိန်မှာ အရမ်းအောင်မြင်သွားတဲ့ ကုမ္ပဏီတွေ ရှိသလို၊ ဈေးကွက်အရမအောင်မြင်တော့လို့ နောက်ပြန်လှည့်သွားရတဲ့ သူတွေလည်း ရှိခဲ့ပါတယ်။ စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာကြည့်လိုက် မယ်ဆိုရင် ကိုရီးယားအခြေစိုက်ထုတ်လုပ်သူဖြစ်တဲ့ Samsung ကို အကောင်းဆုံးထုတ်လုပ်ရောင်းချသူအဖြစ်သတ်မှတ်ထားကြပါတယ်။ Samsung ရဲ့နောက်ဆုံး ထုတ်လုပ်ထားတဲ့ S6 series တွေဟာ ၂၀၁၅ တတိယသုံးလပတ်အတွင်း အတော်ကြီးကိုရောင်းချနိုင်ခဲ့ပါတယ်။ ဥရောပ ဈေးကွက်အတွက် ဦးတည်ထုတ်လုပ်တဲ့သူတို့ဖုန်းတွေဟာ ပြိုင်ဘက် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ apple နဲ့အပြိုင်ဈေးကွက်ပေါင်းစုံမှာ ရောင်းချနိုင် လို့ပါပဲ။ ထုတ်လုပ်မှုအပိုင်းကိုကြည့်လိုက်မယ်ဆိုရင်လည်း ဒီဇိုင်းပိုင်းဆိုင်ရာ ကောင်းမွန်မှုတစ်ခုတည်းသာမကပါဘူး Hardware ပိုင်းမှာလည်း သုံးစွဲသူ တွေကြိုက်နှစ်သက်နိုင်တဲ့ တပ်ဆင်မှုတွေကိုအသေးစိတ်လေ့လာပြီး တင်ပို့ နိုင်လို့ပါ။ နောက်ထပ်နိုင်ငံတကာဈေးကွက်အတွက် ထုတ်လုပ်မှုပိုင်းမှာ အောင်မြင်တဲ့ထုတ်လုပ်နိုင်မှုကိုရရှိနိုင်ခဲ့တာကတော့ တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်းကုမ္ပဏီဖြစ်သည့် Xiaomi လို့သတ်မှတ်နိုင်ပါလိမ့်မယ်။ တရုတ် နိုင်ငံတွင်းဈေးကွက်မှာရှိတဲ့ ရောင်းချအားတစ်ခုတည်းကတင် အခြားဖုန်း ထုတ်လုပ်သူတွေကို အလုံးစုံယှဉ်ပြိုင်နိုင်ပါတယ်။ Xiaomi ရဲ့ခိုင်မာတဲ့ ဈေးကွက်ရပ်တည်ချက်လို့သတ်မှတ်နိုင်တဲ့သုံးစွဲသူတွေကို အမြဲမပြတ် စောင့်ကြည့်မှု၊ ဆန်းသစ်တဲ့ UI designနဲ့ hardware တွေဟာအခြားဖုန်း ထုတ်လုပ်သူ တွေကို နောက်ကောက်ကျစေတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။
ယခုနှစ်ကုန်ပိုင်းမှာထုတ်လုပ်ဖြန့်ချိထားတဲ့ Redmi Note 3ဆိုရင် သုံးစွဲသူတွေဆီက တုံ့ပြန်မှုတွေဟာဈေးကွက်အရအတော်လေး ကောင်းမွန် ခဲ့ပါတယ်။ ဈေးကွက်သုံးသပ်သူတွေအနေနဲ့ deviceတွေ ဘယ်လောက် ရောင်းချနိုင်တယ်ဆိုတာတစ်ခုတည်းတင်မကဘဲ၊ထုတ်လုပ်မှုဆိုင်ရာတွေကိုတွက်ချက် ခဲ့ခြင်းဖြစ်တာကြောင့် စတင်တည်ထောင်တာနှစ်အနည်းငယ် သာကြာနေသေးတဲ့ စွန့်ဦးတီထွင်ကုမ္ပဏီအနေနဲ့ပါဝင်လာတာဖြစ်ပါတယ်။ သူ့ရဲ့နောက်မှာတော့ ဂျပန်အခြေစိုက်စမတ်ဖုန်းထုတ်လုပ်သူနဲ့ တရုတ်နိုင်ငံ အခြေစိုက်ပြီး ဥရောပဈေးကွက်အထိရောက်အောင် High-end စမတ်ဖုန်း ထုတ်လုပ်သူကြီးတစ်ဦးက ရပ်တည်လျက်ရှိနေပါတယ်။

Credit to ==> Mobile Guide Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com