အောက်စဖို့ဒ်တက္ကသိုလ်ရှိ
သုတေသီများသည် ကျောင်းသားများအပေါ် စစ်တမ်းကောက်ယူခဲ့ရာ Facebook တွင်
ခင်မင်ရင်းနှီးမှုမှာ စစ်မှန်မှုနည်းသော ခင်မင်ရင်းနှီးမှု ဖြစ်ကြောင်း
သိရသည်။
အောက်စဖို့ဒ်တက္ကသိုလ်ရှိ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ စိတ်ပညာဗေဒ ပါမောက္ခရော်ဘင်ဒန်ဘာသည် Facebook သူငယ်ချင်းများအနက် ပြင်ပတွင် ရင်းနှီးမှုရှိသော မိတ်ဆွေ မည်မျှရှိကြောင်း သိရှိလိုသောကြောင့် သုတေသန ပြုလုပ်ခဲ့သည်။ ဒန်ဘာသည် ၂၀၁၅ ခုနှစ် ဧပြီလ ပထမပတ်နှင့် မေလ တတိယပတ်တွင် ပြုလုပ်ခဲ့သော စစ်တမ်းနှစ်ခုကို ပြန်လည်သုံးသပ်ခဲ့သည်။ အဆိုပါ စစ်တမ်းများသည် အခြား လူမှုရေးကွန်ရက်စစ်တမ်းကဲ့သို့ မဟုတ်ဘဲ ကျောင်းသားများကိုသာ မေးမြန်းထားသည်။ ၎င်းတို့သည် အသက် ၁၈ နှစ် နှင့် ၆၅ နှစ်အရွယ် သုံးစွဲများကို ကိုယ်စားပြုကြောင်း ဒန်ဘာကပြောဆိုခဲ့သည်။ စစ်တမ်းကောက်ယူထားသော နမူနာ ပုံစံစုစုပေါင်း ၃,၃၇၅ ခုရှိသည်။
စစ်တမ်းတွင် ပါဝင်သော လူပုဂ္ဂိုလ်များတွင် ပျှမ်းမျှပိုင်ဆိုင်ထားသော Facebook မိတ်ဆွေပေါင်း ၁၅၀ ရှိသည်။ (အမျိုးသမီးများမှာ အမျိုးသားများထက် လူမှုရေးကွန်ရက် ပိုမိုကြီးမား ကျယ်ပြန့်သည်) Facebook ပေါ်တွင် စစ်မှန်သည့် မိတ်ဆွေမည်မျှရှိကြောင်း မေးမြန်း စစ်တမ်းကောက်ယူရာတွင် နမူနာတစ်ခုတွင် လူများက ပျမ်းမျှအဖြေ ၂၇.၆ ရာခိုင်နှုန်း ဖြေကြားခဲ့ကြသည်။
သုံးစွဲသူများသည် စိတ်ခံစားမှု သို့မဟုတ် လူမှုရေး အခက်အခဲများနှင့် ကြုံတွေ့ရာတွင့် Facebook မိတ်ဆွေ မည်မျှခန့်ကို အားထားနိုင်ကြောင်း မေးမြန်းခဲ့ရာတွင် ဖြေဆိုသူများက ၄ ဦး (ပျမ်းမျှ ၄.၁) ဟုဖြေကြားခဲ့သည်။ ဖြေဆိုသူအချို့က ၁၄ ဦး (ပျမ်းမျှ ၁၃.၆) ရှိကြောင်းဖြေဆိုခဲ့ကြပြီး အရွယ်အလိုက်အနည်းငယ် ကွာခြားမှုရှိကြောင်း သိရသည်။
Ref: CNET