ပြည်တွင်းတွင်အသုံးပြုနေသော မြန်မာစာစံစနစ်နှင့်ပတ်သက်ပြီး တစ်ပြေးညီ
အသုံးပြုနိုင်ရေးပြုလုပ် လျှက်ရှိပြီး ဇော်ဂျီကြိုက်တဲ့သူကို
ဇော်ဂျီမသုံးရဘူးလို့ ပြောလို့မရနိုင်ကြောင်းဆက်သွယ်ရေးနှင့်
သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင်မှ ဆိုပါသည်။
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က “ယူနီကုတ်ကို တစ်ပြေးညီသုံးဖို့ကိစ္စ ကလည်း Language ဖြစ်နေတော့ မြန်မာစာကော်မတီက လုပ်နေ တယ်လေ။ ပြီးတော့ ဒါကကန့်သတ်ချက်တွေ သိပ်မထားချင်ဘူး။ အမိန့် အာဏာနဲ့လုပ်လည်းရတာမဟုတ်ဘူး။ ဇော်ဂျီကြိုက်တဲ့ သူကိုဇော်ဂျီမသုံးရ ဘူးလို့ ပြောလို့မရဘူးလေ။ အခုဆိုရင် အရင်ကဘားလမ်းကို အခု မဟာဗန္ဓုလလမ်းဆိုပြီး လုပ်ပေမယ့်ဘားလမ်း လို့ ခေါ်တဲ့သူတွေရှိနေတုန်းပဲ။ ဘားလမ်းမှားလားဆိုတော့လည်းမမှားဘူး။ ကျွန်တော်တို့ ကတော့ လုံးဝဒါပဲ သုံးရမယ်ဆိုတာနဲ့စာရင် choice ကို ပေးသင့်တယ်လို့ ထင်တယ်” ဟုပြော သည်။
“Unicode သုံးမှ translation လုပ်တာတို့၊ searching လုပ်တာတို့မှာ ပိုပြီး အဆင်ပြေမယ်ပေါ့။ ကျွန်တော် တို့ဘက်က advice လုပ်တာလောက်ပဲ ရှိမယ်။ အမိန့်တွေတော့ မထုတ်ချင်ပါဘူး”ဟုလည်း ဒုဝန်ကြီး ဦးသောင်းတင် က ရှင်းပြပါသည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal