မေး - ကျွန်တော့်ဖုန်းက Ear Jack ပုံပေါ်နေတာဗျ။ ဖုန်းအမျိုး အစားက Samsung S ll ပါ။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - ကျွန်တော့်ဖုန်းတွေမှာ Ear Jack ပုံပေါ်ရင် အရင်ဆုံး Factory Data Reset ကိုအရင်ဆုံးချပါတယ်။ ဘာလို့လဲဆိုရင် Ear Jack ပုံပျောက် သွားတာမျိုးကြုံဖူးလို့ပါ။ Ear Jack ဘေးနားက Condencer လးတွေ ကြောင့်လည်း အဲဒီပြဿနာကြုံရပါတယ်။ အဓိကတော့ Ear Jack မကောင်းလို့အဖြစ်များပါတယ်။ Ear Jack လဲပေးလိုက်ပါ။ အဆင်ပြေ ပါစေ။
မေး - G-730-U00 ပါ။ Power Supply နဲ့ချိတ်လိုက်ရင် Amper အဆုံး ထိတက်သွားတယ်။ R-200 Resister နှင့်အနီးတစ်ဝိုက်ရှိတဲ့ Componentတွေပဲ Short ကျနေတယ်။ Power IC ဖြုတ်လဲ Short မလွတ် ဘူး။ Power IC ဘေးက Condencer တွေလဲ Short ကျနေတယ်။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - ဒါဆို Battery Conductor အပေါင်းလမ်းကြောင်းမှာရှိတဲ့ Condencer လေးနှစ်လုံးကြောင့်ပါ။ သူတို့က DC ဗို့အားကို လုံးဝပိတ်ချလိုက်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawi 730 ပါ။ ဖုန်းပြော ရင် ခဏလေးနဲ့ပူတယ်။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - အရင်လုပ်ကြည့်ရမှာက ဖုန်းဘုတ်ပြားပေါ်မှာရှိတဲ့ Coil, R, C အစရှိတဲ့ Component လေးတွေကို Digital Metre နဲ့သေချာတိုင်းပါ။ ဒီComponent လေးတွေကြောင့်လည်း ဖုန်းပူလာပါတယ်။ အကယ်၍ ဒီ ComponentလေးတွေမှာShock မတွေ့ခဲ့ဘူးဆိုရင်Netork ပိုင်းမှာရှိတဲ့ PA IC ကိုဖြုတ်လဲလိုက်ပါ။ ဒီ IC ကြောင့်ပူတာမျိုးတွေ့ဖူးလို့ပါ။ Power IC, EMMC ဒီ IC တွေကြောင့်လည်း ဖုန်းပူတတ်ပါတယ်။
မေး - ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော့်ဖုန်းက Zapya က အရင် တုန်းက Photo တွေ၊ Video တွေကို သူများဆီက ကူးယူတုန်းက သွားကြည့်လို့ရပါတယ်။ အခုဘာများဖြစ်လို့လဲမသိဘူး။ Photo တွနဲ့ Video တွေက သူများဆီက Share တာ ကျွန်တော် Photo ထဲမှာ ကြည့်လို့မရ၊ Video တွေကလည်း APK Video ဆိုကြည့်မရ လို့ ဘာများဖြစ်လို့လဲမသိဘူး။
ဖြေ - ဟုတ်ကဲ့ပါအစ်ကို။ အစ်ကို့ဖုန်းက Zapya အရင်တုန်းက Update တွေ၊ ဘာတွေ သွားတင်မိတာဖြစ်နိုင်ပါတယ်။ တချို့ဖုန်းတွေက Version မကိုက်ရင် မရနိုင်ပါဘူး။ အစ်ကိုဖုန်း Zapya Store ကိုလည်း External ပေါက်ကနေ SD Card ကို မပြောင်းတာလည်းဖြစ်နိုင်သလို Version ကြာင့်လည်း ဖြစ်နိုင်ပါတယ်။ Version အနိမ့်အမြင့်လေးကို ကစားပြီး ပြန်Sharing လုပ်ကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။
မေး - ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ဖုန်းက Huawei U8816 ပါ။ ဘက်ထရီက အားမခံဘူး။ တစ်နာရီလောက်နဲ့အားကုန်ကုန် သွားပါတယ်။ ရေ၀င်ဖူးခြင်းရှိပါတယ်။ ဘယ်လိုလုပ်ရင်အဆင် ပြေနိုင်မလဲပြောပြပေးပါခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ Huawei ဖုန်းတော်တော်များများကတော့ ရေ၀င်ဖူး တာမျိုးရှိရင် အတွင်း IC ပိုင်းပျက်စီးတာများပါတယ်။ ဘက်ထရီအ သစ်လဲပြီး အသုံးပြု၍ထပ်ဖြစ်နေတယ်ဆိုရင် Power IC လဲပေးမှ အ ဆင်ပြေပါလိမ့်မယ်ခင်ဗျာ။
မေး - ကျွန်တော့်ဖုန်းလေးက iPhone 5S ပါ။ ကျွန်တော့် iPhone မှာ Wi-Fi Hotspot Button မပေါ်ဘူးဖြစ်နေတယ်။ Wi-Fi ပြန်လွှတ် လို့မရဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရင် Wi-Fi Hotspot ပေါ်မလဲ ခင်ဗျာ။
ဖြေ - အဲ့ဒီ Error ကတော့ Install Setting ချိန်တုန်းက Personal Hotspot နေရာမှာ ဘာမှမထည့်ထားလို့ပါ။ Setting ထဲကCellular ထဲက Cellular Data Network ထဲက Personal Hotspot ရဲ့ APN နေရာမှာ mptnet လို့ရိုက်လိုက်ပါ။ ပြီးရင် အင်တာနက်ဖွင့်ကြည့်ပါ။ Personal Hotpost ပေါ်လာပါလိမ့်မယ်။
မေး - ကျွန်တော့်ဖုန်းက Samsung Grand ll ပါအစ်ကို။ ဖုန်းက တအားလေးနေလို့ Factory Reset ရိုက်လိုက်တာ ပါဝါပြန်တက် လာတော့ Logo မှာတင်ရပ်နေပါတယ်။ ဘယ်လိုလုပ်ရင်အဆင် ပြေမလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ ဖုန်းကို Reset မချခင်သတိထားရမှာက ဘက်ထရီ အားရှိ/မရှိပါ။ ဘက်ထရီအား ၅၀ ကျော်လောက်ဆိုရင် စိတ်ချရပါ ပြီ။ Reset ရိုက်လို့ Logo တင်ရပ်နေရင်တော့ Firmware ပြန်တင်ကြည့် ပါ။ မရရင် EMMC ကိုလဲပေးလိုက်ပါခင်ဗျာ။ အဆင်ပြေပါစေဗျာ။
ဤကဏ္ဍအတွက် Today Mobile (ဖုန်း - 09-730 33 966 ၊ 09-4217 44 111 မှကူညီပံ့ပိုးပေးပါသည်။)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal