1/21/2016

♪ Asus ZenPad S 8.0 ရဲ့ အားသာချက် ၊ အားနည်းချက် နှင့် အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
Asus ZenPad S 8.0 သည် ဈေးနှုန်းသက်သာပြီး ပေါ့ပါးကာ ပါးလွှာသလို ဒီဇိုင်းမှာလည်း အလွန်သပ်ရပ်သည်။ ထို့အပြင် Asus ZenPad 8.0 မျက်နှာပြင်မှာ စူးရှပြီး ပါဝင်သော Asus software နှင့် အရောင်ကို မှန်ကန်စေရန် ချိန်ညှိနိုင်သည်။ မျက်နှာပြင်၏ အရောင်ဟန်ချက်၊ ပြည့်ဝမှုနှင့် စူးရှမှုကို ထိန်းညှိခြင်းဖြင့် ပိုမိုကောင်းမွန်သော UI ကိုလွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်သည်။ Asus ZenPad S 8.0 တွင် 128GB အထိတိုးချဲ့ အသုံးပြုနိုင်သော microSD card ပေါက်တစ်ခု ပါဝင်သည်။

အားနည်းချက်
Tablet ၏ရှေ့ဘက်တွင် ပါဝင်သော စပီကာမှာ အားနည်းပြီး ကင်မရာပိုင်း ဆိုင်ရာမှာလည်း စိတ်ကျေနပ်ဖွယ် မရှိပေ။

အသေးစိတ်ဖော်ပြချက်
Asus ၏ ZenPad S 8.0 မျက်နှာပြင်သည် iPad ကဲ့သို့ အရောင်စုံလင် စူးရှမှုရှိပြီး internal storage 64GB ဗားရှင်းကိုလည်း ထုတ်လုပ်ထားပြီး microSD ကတ်ပေါက်လည်း ပါဝင်သည်။ အဆိုပါ ဗားရှင်းကို ကန်ဒေါ်လာ ၃၀၀ ခန့် ဖြင့် ရောင်းချလျက်ရှိသည်။ Asus တွင် Android 5.0 အသုံးပြုထားပြီး RAM 4GB ဖြစ်သည်။

ZenPad 8.0 ကို အီးမေးလ်များ စစ်ဆေးခြင်း၊ ဝက်ဘ်စာမျက်နှာများ ကြည့်ရှုခြင်းနှင့် ဗီဒီယိုကြည့်ရှုခြင်း တို့ပြုလုပ်ရာတွင် အဆင်ချောမွေ့စွာ အသုံးပြုနိုင်သည်။ ထို့အပြင် 3D ဂိမ်းများကို ဆော့ကစားနိုင်သည့် စံသတ်မှတ်ချက်လည်း ရှိသည်။ ၎င်း၏ ပရိုဆက်ဆာမှာ 1.3GHz Intel Atom Z3560ဖြစ်သည်။

Tablet တွင် Asus ၏ပြုပြင်ထားသော Zen UI နှင့်တွဲဖက် အသုံးပြုထားသောကြောင့် လှပလျက်ရှိသည်။ မျက်နှာပြင် အရွယ်အစား ၈ လက်မရှိ tablet တွင် လွတ်လပ်စွာ အသုံးပြုနိုင်သော ပျော်ရွှင်ဖွယ်ရာ feature များစွာလည်း ပါဝင်လာသည်။ Asus ZenPad S 8.0 ၏အဓိက ကင်မရာမှာ ဓာတ်ပုံရိုက်ကူးရာတွင် မဆိုးလှသော်လည်း အလွန်အမင်း စိတ်ကျေနပ်ဖွယ်မဖြစ်ပေ။ ရှေ့ကင်မရာကို ဗီဒိယိုဖြင့် ဆွေးနွေးစည်းဝေးပွဲများ ပြုလုပ်ရာတွင် အသုံးပြုနိုင်သလို selfie ဓာတ်ပုံရိုက်ကူးရန် setting များစွာလည်း ပါရှိသည်။

ဘက်ထရီ
Intel quad-core ပရိုဆက်ဆာနှင့် အရည်အသွေးမြင့် မျက်နှာပြင်ပါဝင်သော ZenPad S 8.0 တွင် 4,000mAh Li-Po ဘက်ထရီ ပါဝင်သည်။ ၎င်း tablet ကို၈နာရီခန့် အသုံးပြုနိုင်ကြောင်း Asus မှထုတ်ပြန်ထားသည်။

Ref: CNET
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com