ပိုက်ဆံလေးနည်းနည်းပေါရင်iOS သုံးတဲ့iPhone ပြောင်းကိုင်မယ်ဆိုတဲ့
လူတွေရှိပါတယ်။Android ဖုန်းတွေကမကောင်းလို့လား။ ကောင်းပါတယ်။
အလယ်အလတ်Android ဖုန်းတွေဆိုရင် ဈေးလည်းသက်သာပါတယ်။ appinstall
လုပ်ရလွယ်သလိုအခမဲ့ပေးတဲ့app တွေလည်းများပါတယ်။
ဒါပေမယ့်ကုမ္ပဏီအမျိုးမျိုးကထုတ်တဲ့Android စနစ်တွေဟာပုံစံအမျိုးမျိုးမို့
မျက်စိလည်နိုင်တာရှိတယ်။အမြင့်ပိုင်းAndroid ဖုန်းတွေရဲ့ ရောင်းဈေးဟာ
အခြေခံအဆင့်iPhone နဲ့ ရောင်းဈေးမကွာပါဘူး။ဘက်ထရီကတော့iPhone
ရဲ့အားသာချက်လို့ပြောရမယ်။iPhone ဘက်ထရီဟာ လေးနှစ်လောက် စွမ်းအား
သိပ်မကျဘဲသုံးနိုင်တယ်။Android ဖုန်းဘက်ထရီတွေကနှစ်နှစ်
ကျော်ရင်တယ်ပြီးမကောင်းတော့ဘူး။ဟုတ်ပြီဗျာ။ လက်ထဲမှာ သုံးလက်စ Android
ဖုန်းအဟောင်းတစ်လုံးကိုင်နေရင်းiPhone တစ်လုံးရလာပြီဆိုပါစို့။ Android
ထဲကContact list တွေကိုiPhone ထဲမဖြစ်မနေပြောင်းရမယ်။ Android
အချင်းချင်းမှာဒီအလုပ်ကသိပ်လွယ်တယ်။စနစ်မတူတဲ့Android နဲ့iPhone
ကြားအပြောင်းအလဲလုပ်မယ်ဆိုရင်အနည်းအပါးအခက်အခဲ ရှိပါတယ်။ Appleကသူ့device
တွေ ရောင်းအားကောင်းစေဖို့Move to iOS
ဆိုတဲ့appကိုတီထွင်ပေးထားပါတယ်။Android ထဲကdata တွေiOS ဖက်
ပြောင်းတာလွယ်ကူမယ်ဆိုလျှင်သူ့device တွေပိုပြီးရောင်းကောင်း လာမယ်
ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ။အခမဲ့ပေးသုံးတဲ့Move to iOS ဟာAndroid ထဲက data တွေ
(Gmail Message၊Chrome bookmarks၊Google Calendar
events၊Photos၊Videos၊Contacts) ကိုအပြတ်အတောက်မရှိစေဘဲiOS စနစ်ထဲ
ရွှေ့ယူနိုင်စေပါတယ်။လုပ်နည်းလုပ်ဟန်ကတော့နှစ်မျိုးရှိပါတယ်။
ပထမတစ်မျိုးကiPhone အသစ်စက်စက်အတွက်ပါ။သူ့ထဲမှာset up မရှိ
သေးတာမို့တစ်မျိုးပြင်ဆင်ရပါတယ်။ နောက်တစ်ခုကသူများမစလို့ ကိုယ့်လက်ထဲ
ရောက်လာတဲ့iPhone တစ်ပတ်ရစ်ပါ။သူ့ထဲမှာရှိပြီးသားdata တွေဖျက်ပြီးမှAndroid
data တွေ ရွှေ့ယူလို့ရပါမယ်။iPhone အသစ်စက်စက်
တစ်လုံးကိုယ့်လက်ထဲရောက်လာရင်ဘယ်လိုလုပ်မယ်ဆိုတာအရင်ကြည့်ကြပါမယ်။ ပထမဆုံးအဆင့် မှာAndroid
device ရောiOS device ကိုပါPower source
တစ်ခုနဲ့ချိတ်ပါမယ်။ပြီးရင်Android device ကိုWi-Fi network ပေါ်တင်
ပေးပါမယ်။Android app တွေကို နောက်ဆုံးထုတ်version အဆင့်
အထိရောက်အောင်update လုပ်ပေးထားနိုင်ရင်ပိုကောင်းပါတယ်။App တွေကိုupdate
လုပ်မယ်ဆိုရင်Play store ကလုံခြုံရေးအကောင်းဆုံးပါ။Play store app
ကိုဖွင့်ပါ။အပေါ်ဘက်မှာတွေ့ရတဲ့မျဉ်းသုံးကြောင်းနေရာမှာ တစ်ချက်ခေါက်ပါ။My
apps ကိုရွေးပါ။ပြီးရင်update all ကိုထပ်ပြီးရွေးပါ။ ပြီးပြီဆိုရင်www.snipca.com/18043
ကိုသွားပြီးMove to iOS app ကို download ဆွဲပါမယ်။Apple
ရဲ့appအသစ်ကိုဘ၀င်မကျသူတွေ ရေးထားတဲ့
မှတ်ချက်တွေကိုတွေ့ရပါမယ်။သိပ်ပြီးမစိုးရိမ်ပါနဲ့။download ချလိုက်ပါ။
ပြီးရင်appကိုဖွင့်ပါ။Continue နှိပ်ပါ။စည်းကမ်းသတ်မှတ်ချက်ကိုAgree
လုပ်ပေးပါ။ပြီးရင်Next ကိုနှိပ်ပါ။Character ဆယ်ခုအတွက်ကွက်လပ်
ပေးထားပြီးnumeric keypad ပါတဲ့Enter Code Screen ကို မြင်ရပါမယ်။
ဒီနေရာရောက်ပြီဆိုရင်ကိုယ့်ရဲ့iOS device အသစ်ကိုဖွင့်လိုက်ပါ။Hello Screen နေရာမှာ ဘေးကိုပွတ်ဆွဲပါ။Slide to set up နေရာကို ရောက်ပါ မယ်။Language အတွက်English ကိုရွေးပါ။ပြီးရင်Home Wi-Fi network ကိုရွေးပါ။သတ်မှတ်ထားတဲ့password ထည့်ပေးရပါမယ်။ပြီးရင်Join နေရာ မှာတစ်ချက်ခေါက်ပါ။Next ကိုနှိပ်ပါ။ပြီးရင်Continue နဲ့ခရီးဆက်ပါမယ်။ Location on services ကိုenable လုပ်ပေးပါမယ်။ပြီးရင်digits ကိုနှိပ်ပြီး ဂဏန်းလေးလုံးပါတဲ့passcode ရိုက်ထည့် ပေးပါ။Device ကိုunlock လုပ်ပေးပါလိမ့်မယ်။

Passcode ကိုနှစ်ကြိမ်ဆက်ထည့်ပေးရပါမယ်။Passcode
ကိုconfirm လုပ်ပေးဖို့ဖြစ်ပါတယ်။Apps & Data screen မှာdata restore
လုပ်နိုင်မယ့် နည်းလမ်းအသွယ်သွယ်ကို
တွေ့ရပါမယ်။Optionအသစ်တစ်ခုဖြစ်တဲ့Move Data from Android
ကိုရွေးပါ။ပြီးရင်Continue မှာတစ်ချက်ခေါက်ပါ။ အဲဒီအခါ screen
ပေါ်မှာဂဏန်းဆယ်လုံးပါတဲ့Code ကိုတွေ့ရပါမယ်။iOS device
အဟောင်းလက်ထဲရောက်လာမယ်ဆိုရင်ဖြင့်iOS device ထဲကdata
တွေကိုအရင်ဖျက်ရပါမယ်။Clean Start ရလာမယ့်အပြင် နှေးတဲ့device
မြန်လာပါမယ်။Set-upလုပ်ပြီးသွားရင်တော့Apps တွေကို ပြန်re-install
လုပ်နိုင်ပါတယ်။device ကိုreset လုပ်ဖို့အတွက်setting > General အတိုင်း
ဝင်သွားပါ။ပြီးရင် အောက်ဘက်ကိုဆင်းပြီးReset နေရာမှာတစ်ချက် ခေါက်ပါ။ Next
ကိုရွေးပါ။Erase All Content and Setting နေရာမှာ
တစ်ချက်ခေါက်ပါ။ပြီးရင်Passcode ကိုရိုက်ထည့်ပေးပါ။Erase နေရာမှာ
နှစ်ချက်ခေါက်ပါ။ပြီးရင်Apple password ကိုရိုက်ထည့်ပေးရပါမယ်။ပြီးရင် iOS
device ကdataအားလုံးကိုဖျက်ပြီးReboot လုပ်တဲ့အချိန်ထိစောင့်ပါ။
ဒီအဆင့်ရောက်ရင်iOS device အဟောင်းနဲ့အသစ်ကအတူတူ လိုဖြစ်သွား ပါပြီ။screen ပေါ်မှာဂဏန်းဆယ်လုံးပါတဲ့code မြင်ရတဲ့အထိdevice အဟောင်းကိုဆက်လုပ်ပေးရပါမယ်။ပြီးရင်iOS device ပေါ်မှာ မြင်နေရတဲ့ ဂဏန်းဆယ်လုံးကိုAndroid device ပေါ်မှာရိုက်ထည့်ပေးပါ။ အဲဒီအခါ ကျရင်connecting to iOS ဆိုတဲ့message ကို မြင်ရပါမယ်။default မှာ ကိုယ့်data တွေကို ရွေးထားပေးပြီးသား ဖြစ်ပါတယ်။ဒါပေမယ့် ကိုယ်မထည့် ချင်တဲ့data ဘေးမှာUntick လုပ်ပေးနိုင်ပါတယ်။ပြီးရင်Next နှိပ်ပါ။ device နှစ်ခုလုံးပေါ်မှာdata transfer လုပ်နေတဲ့လုပ်ငန်းစဉ်တိုးတက်မှု အဆင့်ဆင့် ကို မြင်ရပါမယ်။

Wi-Fi
ရဲ့အမြန်နှုန်းဘယ်လောက်အထိမြင့်တယ်၊လွှဲပြောင်းတဲ့ dataပမာဏ
ဘယ်လောက်များတယ်ဆိုတာတွေအပေါ်မူတည်ပြီးအချိန်အနည်းနဲ့အများ
ကြာပါမယ်။အားလုံးပြီးသွားပြီဆိုရင်Android device ပေါ်မှာTransfer complete
screen ကို မြင်ရပါမယ်။Appsထဲမှာသိမ်းထားတဲ့media တွေကို
copyမကူးတဲ့အကြောင်းအသိပေးပါမယ်။ပြီးရင်Done ကိုနှိပ်ပြီး ရှေ့ဆက်ပါ။
iOS deviceထဲ ပြန်သွားပြီးsetup လုပ်ငန်းစဉ်ကိုဆက်လုပ်ပါ။အခုအချိန် မှာApple ID ကိုသုံးပြီးSignin လုပ်ဖို့လိုလာပါမယ်။Apple ID မရှိရင်Don't have an Apple ID or forget it ရှေ့မှာတစ်ချက်ခေါက်ပါ။ပြီးရင်Create in Free Apple ID ကိုရွေးပြီးသူညွှန်ကြားထားတဲ့အဆင့်တွေအတိုင်းလုပ်ပါ။ Google Play account မှာလိုပဲApple ID ကလည်းApps တွေinstall လုပ်ခွင့်ပြုပါမယ်။တခြားmedia (စာအုပ်တွေ၊သီချင်းတွေ၊ရုပ်ရှင်တွေ)ကိုApp store ထဲကနေ၀ယ်ခွင့်ပြုပါမယ်။iCloud ကိုသုံးပြီးiOS device တွေကြားမှာ Content Sync လုပ်ခွင့်ပြုပါတယ်။iCloud မှာfree space 5 GB ပေးပါတယ်။
ပြီးသွားရင်Apple ID သုံးပြီးLogin ၀င်ပါ။Continue ကိုနှိပ်ပါ။agree နေရာ မှာနှစ်ချက်ခေါက်ပါ။Chrome ထဲကbookmark တွေကိုsafari ထဲမှာလာ ပေါင်းချင်ရင်Merge နေရာမှာတစ်ချက်ခေါက်ပြီးConfirm လုပ်ပေးပါ။ အဲဒီအလုပ်ကAndroid contact တွေကိုလည်းiCloud account ထဲကို ပို့ပေးပါမယ်။Next နှိပ်ပါ။Continue ကိုရွေးပါ။ကိုယ့်ရဲ့မိုဘိုင်းဖုန်း နံပါတ် ထည့်ပါ။ နောင်မှာလိုအပ်ရင်ကိုယ့်account ကိုverify လုပ်နိုင်ဖို့ဖြစ်ပါတယ်။

ဒီအဆင့်လွန်ရင်Next နှိပ်ပါ။Siri
ကိုဖွင့်ပါ။Siri ကိုactivate လုပ်ဖို့ဖြစ်ပါတယ်။ နောက်ထပ်တွေ့ရမယ့်screen
နှစ်ခုကDiagnostics and App Analytics နဲ့app developer ဖြစ်ပါတယ်။
နောက်ဆုံးမှာGet Started နေရာမှာ တစ်ချက်ခေါက်ပါ။default Apple app
တွေပါတဲ့home screen ကိုမြင်ရ
ဖို့ဖြစ်ပါတယ်။email၊bookmarks၊Contacts၊Calendar info တွေကိုSync
လုပ်ဖို့Gmail account ထဲဝင်ပါ။iOS device boot ပြန်တက်တဲ့အချိန်ဒါမှ
မဟုတ်Mail၊Safari၊Photos၊Contacts တစ်ခုခုဖွင့်ကြည့်တဲ့အချိန်မှာဒီလိုSync
လုပ်ဖို့သတိလာပေးတာကိုကြုံနိုင်ပါတယ်။Log-in detail တွေပြည့်ပြီးallow
ကိုနှိပ်လိုက်တာနဲ့iOS device မှာAndroid data တွေလာပြီးSync လုပ်ပါ
မယ်။iOS device အဟောင်းကိုreset လုပ်ပြီးdata ရွှေ့တာဆိုရင်App Store
ထဲဝင်ပြီးအရင်ကယူထားတဲ့app တွေကိုinstall ပြန်လုပ်ပေးပါ။Android device
မှာသုံးတဲ့နာမည်ကြီးappတချို့ကိုiOS version အနေနဲ့လည်း ရနိုင်
ပါတယ်။Android ဘက်ကအခမဲ့app တွေဟာiOS version မှာလည်း အခမဲ့ပါပဲ။ဒီapp
တွေinstall ပြန်လုပ်ပြီးတာနဲ့အထဲမှာကိုယ့်အရင်data တွေပြန်တွေ့ရပါမယ်။
နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday) https://www.facebook.com/officialmobileguidejournal