8/11/2015

♪ ZTE က အလူမီနီယမ်ကိုယ်ထည်တပ်ဆင်ထားသော V3 စမတ်ဖုန်ုးများကို ပြသ ♫

zte v3

ZTE က တရုတ်တွင် သတ္တုကိုယ်ထည်တပ်ဆင်ထားသော V3 Youth, V3 Energy, V3 Extreme စမတ်ဖုန်း သုံးလုံးကို မိတ်ဆက်လိုက်ပြီး ဒေါ်လာ ၁၆၀ မှ ဒေါ်လာ ၂၅၀ အတွင်း တန်ကြေးရှိပါသည်။ စမတ်ဖုန်းသုံးလုံးတွင် လက်ဗွေရာ လုံခြုံရေးစနစ်ပါရှိပါသည်။

V3 စမတ်ဖုန်းသုံးလုံးတွင် တူညီသော Specification များပါရှိပြီး ၅.၅ လက်မ 1080p Display, Qualcomm Snapdragon 615 Chipset, 2GB RAM, 16GB Storage , 3000mAh Battery များပါရှိပါသည်။

V3 Youth
အနောက်ဘက်တွင် 13MP နှင့် အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပြီး Android 5.1 ကို Nubia 3.0 UI နှင့် ပေါင်းစပ်ထားပါသည်။ ၁၆၀ ဂရမ် အလေးချိန်ရှိပြီး ၈.၅၅ မီလီမီတာ အထူရှိပါသည်။ Dual-SIM Phone ဖြစ်ပြီး Slot တစ်ခုကို microSD Card နှင့် မျှဝေ အသုံးပြုရမည် ဖြစ်သည်။ SIM Slot နှစ်ခုစလုံးတွင် 4G LTE ကို ထောက်ပံ့ပေးပြီး ငွေရောင်ထုတ်လုပ်ပေးထားပါသည်။ ဒေါ်လာ ၁၆၀ တန်ကြေး သတ်မှတ်ထားပါသည်။

V3 Energy & Extreme
V3 Energy နှင့် Extreme တို့ကို ရွှေရောင်ထုတ်လုပ်ပေးထားပြီး Energy ကို ဒေါ်လာ ၂၁၀ ၊ Extreme ကို ဒေါ်လာ ၂၄၀ ဖြင့် ရောင်းချမည် ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com