8/11/2015

♪ Samsung က MasterCard နှင့် ပူးပေါင်း၍ ဥရောပတွင် Samsung Pay ၀န်ဆောင်မှုကို ပြုလုပ်မည် ♫

samsung pay

Samsung က MasterCard နှင့် ပူးပေါင်း၍ ဥရောပတွင် Samsung Pay ၀န်ဆောင်မှုကို ပြုလုပ်မည်ဟု ကြေညာပါသည်။ Samsung Pay သည် Galaxy S6 , Galaxy S6 Edge တို့ကဲ့သို့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများတွင် NFC , MST နည်းပညာများကို အသုံးပြု၍ ငွေပေးချေနိုင်ခြင်း ဖြစ်ပါသည်။

Samsung ၏ အဆိုအရ Samsung နှင့် MasterCard တို့သည် ဥရောပတွင် Samsung Pay ကို ၀န်ဆောင်မှုပေးမည် ဖြစ်သည်။ Card ထုတ်လုပ်သူများက MDES ( MasterCard Digital Enablement Service ) ပလက်ဖောင်းသို့ ဆက်သွယ်နိုင်ပြီး ၀န်ဆောင်မှုစတင်သည်နှင့် Samsung Pay ကို Activate လုပ်နိုင်မည် ဖြစ်သည်။ လက်တွဲဖော် Card ထုတ်လုပ်သူများမှ Card များကို ကိုင်ဆိုင်သူများက သူတို့၏ Credit, Debit, Reloadable Prepaid, Small Business Cards များကို Samsung Pay ၀န်ဆောင်မှုတွင် Activate လုပ်နိုင်ပြီး အရောင်းဆိုင်များတွင် ဈေးဝယ်ယူရာတွင် သူတို့၏ စမတ်ဖုန်းကို အသုံးပြုနိုင် မည် ဖြစ်သည်။

အဆိုပါ ၀န်ဆောင်မှုကို အစောပိုင်းတွင် တောင်ကိုရီးယားနှင့် အမေရိကန်အတွက် ကြေညာခဲ့ခြင်း ဖြစ်ပြီး မကြာမီတွင် အဆိုပါ နိုင်ငံများ ၌ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ နောက်ပိုင်းတွင် ဥရောပ ၌ တိုးချဲ့ဝန်ဆောင်မှုပေးမည် ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com