8/13/2015

Xiaomi Redmi Note 2 မိတ်ဆက်

တရုတ်နိုင်ငံ၏ဈေးကွက်ဝေစုအကြီးဆုံးနှင့် ကမ္ဘာတတိယအကြီးဆုံးစမတ်ဖုန်း ကုမ္ပဏီကြီး Xiaomi မှယနေ့ကျင်းပသည့် MIUI Rom မိတ်ဆက်ပွဲအခမ်းအနားမှာ Redmi Note 2 ကိုပြသသွားခဲ့ပြီး ၎င်းတို့၏ထုံးစံအတိုင်းဈေးနူန်းအလွန်သက်သာပြီး အခြားစမတ်ဖုန်းများစွာထက်ကောင်းမွန်တဲ့အရည်အသွေးတွေရှိတာကိုတွေ့ရမှာဖြစ်ပြီး MI device တွေထဲမှာ Redmi Note ဟာအလွန်ရေပန်းစားပြီး အတုလည်း အများဆုံးထုတ်လုပ်ခံခဲ့ရတဲ့ ဖုန်းSeries ထဲမှာပါဝင်ပြီး ယခု Redmi Note 2 ကိုနောင်တော် Redmi Note ထက်သာအောင် ကြိုးစားထုတ်လုပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ချက်အနေဖြင့် ပြိုင်ဘက် Meizu M2 Note ကိုပြိုင်ဆိုင်ဖို့အကောင်းဆုံးဖြစ်အောင် Meizu ရဲ့ Flagship ဖုန်း MX 5 မှာသုံးထားသည့် Mediatek Octa core helio X10 ကိုသုံးသွားသည့်အတွက်MX 5 ကိုပါထိုးနှက်ချက်ဖြစ်ပေါ်စေမှာမလွဲပါဘူး။ 5.5 Inches မျက်နှာပြင်အကျယ်ရှိပြီး 1080×1920 pixels(401 ppi pixels density) Resolution အရည်အသွေးရှိသည်။CPU ကို Helio X10 Octa core 2.2 Ghz ကိုသုံးထားပြီး RAM 2 GB ဖြင့်မောင်းနှင်ထားကာ Memory ကို 16GB ,32GB version နှစ်မျိုးထုတ်လုပ်ပြီး Memory Card Slot မပါဝင်တော့ချေ။Main Camera 13 MP နှင့် Secoundary Camera 5MP ကို Samsung မှထုတ်လုပ်သော OmniVision ကိုအသုံးပြုထားသည်။3060 mAh ဘက်ထရီတပ်ဆင်ထားပြီး TV ၊ Air conditioner တွေကို Infrared Remote အဖြစ်အသုံးပြုနိုင်သည့် System လည်းထည့် သွင်းထားသည်။Dual Sim အမျိုးအစားဖြစ်ပြီး Body ကိုတော့ Plastic အများဆုံးအသုံးပြုထားသည်။ဈေးနူန်းများကို 16 GB ကို $ 140 နှင့် 32 GB ကို $160 သတ်မှတ်ထားကြောင်းသိရှိရသည်။Android OS 5.0 အခြေပြု MIUI 7 ဖြင့်လည်ပတ်ထားသည်။





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download