8/05/2015

♪ Xiaomi မှ MIUI 7 မိတ်ဆက်ပွဲ သြဂတ်လ ၁၃ ရက်နေ့တွင်ပြုလုပ်မည် ♫


ကမ္ဘာ့ တတိယအကြီးဆုံးစမတ်ဖုန်း ကုမ္ပဏီကြီး ဖြစ်သော တရုတ်နိုင်ငံမှ Xiaomi မှ သြဂတ်လ ၁၃ ရက်နေ့မှာ ၎င်းတို့ရဲ့ နာမည်ကျော် Android အခြေပြု ROM ဖြစ်သော MIUI ရဲ့အပတ်စဉ် (7) ကို Mi သုံးစွဲသူများထံစတင်မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

MIUI 6 မှာ Android Version 4.4.4 နှင့် ချွင်းချက်အနေဖြင့် Mi 4i (India),Mi Note,Mi Note Pro များပေါ်တွင် Version 5.0 ဖြင့်လည်ပတ်စေခဲ့ပြီး အကောင်းဆုံး ထိပ်တန်း Android အခြေပြု ROM တစ်ခုအဖြစ်လည်းရပ်တည်လျက်ရှိကာ အခြားကွဲပြားသော စမတ်ဖုန်း အမျိုးအစား ပေါင်းများစွာအတွက် လည်းအသုံးပြုနိုင်အောင် ဆန်းသစ်ဖန်တီးပေးခဲ့ပြီး သန်း ၁၀၀ ကျော်သုံးစွဲလျက်ရှိသော ROM ဖြစ်သည်။ Update ပြုလုပ် ရန်လွယ်ကူခြင်း၊Native Rootများရရှိနိုင်ပြီး အခြား Lancher များသုံးစွဲပြီးပြင်ဆင်ရန်မလိုပဲ မိမိ၏ Theme Box ထဲမှစိတ်ကြိုက်ဒီဇိုင်းကို Download ဆွဲအသုံးပြုနိုင်ခြင်းကြောင့် နာမည်ကျော် ကြားခြင်း ဖြစ်သော်လည်းအခြားမြောက်များစွာသော အချက်များလည်းကျန်ရှိနိုင်သေးသည်။

Xiaomi မှ MIUI 7 အပြင် ၎င်းတို့၏ စမတ်ဖုန်းအမျိုးအစားတစ်မျိုးကိုလည်း အဆိုပါနေ့တွင် မိတ်ဆက်ဖွယ်ရှိပြီး Mi 5 သို့မဟုတ် Redmi Note 2 ဖြစ်နိုင်ဖွယ်ရှိသည်။အဆိုပါမိတ်ဆက်ပွဲကို China National Convention center ဘေဂျင်းမြို့တွင်ပြုလုပ်မည်ဖြစ်သည်။ သြဂတ်လ ၁၆ ရက်နေ့သည် MIUI ROM ရဲ့ ၅ နှစ်မြောက်မွေးနေ့ဖြစ်သည်။

Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com