8/05/2015

♪ LG က Max စမတ်ဖုန်းကို မိတ်ဆက် ♫

1

LG က အိန္ဒိယတွင် တန်ဖိုးနည်း LG Max ကို မိတ်ဆက်လိုက်ပါသည်။ ဥရောပမတိုင်မီ အဆိုပါ ဖုန်းကို ရောင်းချသည့် နိုင်ငံအနည်းငယ်တွင် အိန္ဒိယ ပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။

LG Max တွင် ငါးလက်မ 854×480 Resolution Display , 1.3GHz Quad-Core Processor, 1GB RAM, 8GB Storage ပါရှိပြီး microSD Card ထည့်သွင်းနိုင်ပါသည်။ အနောက်ဘက်တွင် 8MP နှင့် အရှေ့ဘက်တွင် Gesture Shot စွမ်းဆောင်ချက်ပါသော 5MP Camera ကို Selfie Flash နှင့် တွဲဖက်ထားပါသည်။ Single or Dual SIM နှစ်မျိုး ထုတ်လုပ်ပေးထားပါသည်။

2540mAh Battery တပ်ဆင်ထားပြီး Android 5.1.1 Lollipop မောင်းနှင်မည် ဖြစ်သည်။ အိန္ဒိယတွင် 4G LTE ကွန်ရက် ကောင်းစွာ လွှမ်းခြုံထားနိုင်ခြင်း မရှိသေးသည့်အတွက် LG က ယခုဖုန်းတွင် 3G ကိုသာ ထောက်ပံ့ပေးရန် ဒီဇိုင်းထုတ်ထားပါသည်။

အဖြူ၊ အနက်နှင့် ရွှေရောင်များ ထုတ်လုပ်ပေးထားပြီး ဒေါ်လာ ၁၇၂ ၀န်းကျင် ကျသင့်မည် ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com