8/20/2015

♪ USB Type-C နှင့် USB 3.0 ပါဝင်လာသည့် ZUK ၏ Z1 စမတ်ဖုန်း ♫


Lenovo မှထောက်ပံ့ ပေးထားသော startup ကုမ္ပဏီ ZUK သည် Xiaomi, Smartisan, Meizu နှင့် Huawei ၏ Honor ကဲ့သို့ အွန်လိုင်းတွင် ရောင်းချနေသည့် ဈေးနှုန်းသက်သာသော အမှတ်တံဆိပ်များနှင့် ယှဉ်ပြိုင်ရန် Z1 စမတ်ဖုန်းကို ထုတ်လုပ်ခဲ့သည်။

ZUK ၏ Z1 တန်ဖိုးမှာ ကန်ဒေါ်လာ ၂၈၀ သာရှိပြီး USB Type-C နှင့် USB 3.0 တို့ ပါဝင်လာသော ပထမဆုံး စမတ်ဖုန်း ဖြစ်သည်။ Z1 ၏ USB အချက်အလက် လွှဲပြောင်းမှုနှုန်း 500MB အထိရှိပြီး USB2.0 ထက် အချက်အလက် လွှဲပြောင်းမှု ၁၀ ဆရှိသည်။

ZUK သည် ၎င်း၏ စမတ်ဖုန်းတွင် ဆူညံသံလျှော့ချ ပေးနိုင်သော USB Type-C နားကြပ်ထုတ်လုပ် သွားမည်ဖြစ်သည်။ Z1 ၏ ၃.၅ မီလီမီတာ jack ပေါက်တွင် သီချင်းနားထောင်စဉ် အဆိုပါ USB Type-C နားကြပ်ကို အသုံးပြု၍ သီချင်းများကို ဝေမျှနားထောင် နိုင်မည်ဖြစ်သည်။ Z1 တွင် စွမ်းအင်ပမာဏ သိုလှောင်မှု များပြားသော 4,100 mAh ဘက်ထရီ ပါဝင်လာသည်။ လက်ရှိထွက်ပေါ်နေသော တရုတ်စမတ်ဖုန်း များကဲ့သို့ Z1 တွင် လက်ဗွေဖတ်စနစ် ပါဝင်လာသည်။

Z1 ၏ အသေးစိတ် အချက်အလက်များမှာ ၅.၅ လက်မ 1080p IPS display, RAM 3GB, storage 64GB, quad-core Snapdragon 801 2.5 GHz CPU, ကျောဘက်ကင်မရာ 13-megapixel နှင့် ရှေ့ကင်မရာ 8-megapixel တို့ပါဝင်လာပြီး Nano SIM slot နှစ်ခုအပြင် ZUI ဟုအမည်ရသော စိတ်ကြိုက်ပြင်ဆင် ထားသည့် Android L ROM လည်းပါဝင်လာသည်။

Ref: Engadget
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com