8/19/2015

♪ တယ်လီနော မှ Super Pwar (စူပါပွား) အစီအစဉ်ဖြင့် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၁၈ ကျပ်သို့ ပြောင်းလဲ ♫

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOrd-fZ2_rUm9pEFGGE0BuHmzmsCXp-tv2mneyMhxR6IpXTnyBTeqVeeo4ozfXJAgF3FBpkChKRbdbjvPKPcRWI5YGUGCBZEzIZenRHiSCNWx-oytIliVqE8P87GpBCFhUUzshi65LgSc/s520/1400+edited+1333+(Custom).jpg

တယ်လီနော မှ Super Pwar (စူပါပွား) အစီအစဉ်ဖြင့် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၁၈ ကျပ်သို့ ပြောင်းလဲ
***************************************************************************
အခြားဖုန်းများ သို့ ခေါ်ဆိုခ ကိုလည်း ယခင် တစ်မိနစ် ၂၅ ကျပ်မှ ယခု ၂၃ ကျပ်သို့ ပြောင်းလဲသတ်မှတ်
*************************************************************************
တယ်လီနော(မြန်မာ)မှ မိုဘိုင်းဖုန်းခေါ်ဆိုခများ ကို တယ်လီနော ဖုန်းအချင်းချင်းခေါ်ဆိုခ တစ်မိနစ်လျှင် ၁၈ကျပ် ကျသင့်မည့် စူပါပွားအစီအစဉ်ကို သြဂုတ် ၂၀ နံနက် ၉နာရီမှစတင်၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် တယ်လီနောဖုန်းမှ အခြားဖုန်းများ သို့ ခေါ်ဆိုခ ကိုလည်း ယခင် တစ်မိနစ် ၂၅ ကျပ်မှ ယခုအခါ ၂၃ ကျပ်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်းသိရသည်။

မြန်မာနိုင်ငံ နေရာအနှံ့၌ ဈေးနူန်းအသက်သာဆုံး အင်တာနက်နှင့် အသံဝန်ဆောင်မှုများကို ပေးရန် ကတိပြုထားသည့်အချက်ကို ပိုမိုခိုင်မာလာစေရန် ယနေ့တွင် တယ်လီနောမြန်မာသည် ၎င်း၏ ဈေးနူန်း အသစ် ကို စတင်မိတ်ဆက်ခဲ့သည်။

စူပါပွား အသုံးပြုသူများသည် အင်တာနက်အသုံးပြုရာတွင် တယ်လီနော၏ 1MB ၆ ကျပ်ပေးရသော Smart Internet သို့ အလိုလျှောက်အကျုံးဝင်သွားမည်ဖြစ်သည်။ Smart Internet သည် ရာနူန်းပြည့် 3G ကွန်ယက်ဖြင့် 2Mbps အထိ မြန်နူန်းရရှိမည်ဖြစ်သည်။ အခြားဝန်ဆောင်မှုများအတွက် ဈေးနူန်းများ( ဥပမာ SMS၊ IDD၊ Roaming) နှင့် (လက်ကျန်ငွေလွှဲပြောင်းခြင်း၊ ကြိုသုံး ၊ Mytune ) မှာ ယခင်အတိုင်းပင် ဖြစ်သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီနော သုံးစွဲသူတွေအားလုံးက တယ်လီနောအနေနဲ့ ဈေးနူန်းသက်သာတဲ့ ၀န်ဆောင်မှုတွေ ဆက်လက်ပေးသွားမယ်လို့ မျှော်လင့်ထားလို့ရပါတယ်။ တယ်လီနောအနေနဲ့ အခုလက်ရှိမှာဆိုရင် တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲက ၁၂ ခုထဲမှာရှိတဲ့ သုံးစွဲသူပေါင်း ၁၀ သန်းကျော်ကို ၀န်ဆောင်မှုတွေပေးနေပါတယ်။ တယ်လီနောကွန်ယက်ရောက်ရှိပြီးတဲ့နေရာတွေမှာ မိုဘိုင်းဖုန်းသုံးစွဲသူ နှစ်ယောက်ထဲက တစ်ယောက်က တယ်လီနော ကိုသုံးစွဲသူတွေဖြစ်ပါတယ်။ စူပါပွား အစီအစဉ်နဲ့ တယ်လီနောသုံးစွဲသူတွေဟာ သူတို့ရဲ့ မိသားစု၊ မိတ်ဆွေ အပေါင်း အသင်းတွေကို ဈေးနူန်း အသက်သာဆုံးနဲ့ ဖုန်းခေါ်ဆိုလို့ရပါပြီ။” ဟု တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် မစ္စတာ ပက်တာဖားဘာ့ခ်က ပြောသည်။

သုံးစွဲသူများအနေဖြင့် စူပါပွား အစီအစဉ်ကို SMS ဖြင့် (ကုတ်နံပါတ် ၃၆၅ သို့ “SUP ON”) ဟု ပေးပို့၍သော်လည်းကောင်း၊ တယ်လီနော Call Center 979 (အခြား ဖုန်းများဖြင့်ခေါ်ပါက 0979 00 979 00 ) သို့ လည်းကောင်းဆက်သွယ်၍ ပြောင်းလဲ သုံးစွဲနိုင်သည်။

ဆက်လက်ပြီး ၎င်းက “Smart Internet ကို အလိုလျှောက်အကျုံးဝင်အောင် စီစဉ်ထားတာက အင်တာနက်ကို သုံးစွဲမှုများလာတာနဲ့အတူ သုံးစွဲသူတွေအနေနဲ့ ပိုမြန်တဲ့ ကော်နက်ရှင်ကို ရရှိစေဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံက မိုဘိုင်းဖုန်းသုံးစွဲမှုတိုးတက်မှုနူန်းဟာ တကမ္ဘာလုံးမှာ အဆင့် ၃ နေရာမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးစွဲ သူတွေရဲ့ ၇၀ ရာခိုင်နူန်းကလည်း စမတ်ဖုန်းသုံးစွဲသူ တွေ ဖြစ်ပါတယ်။ တယ်လီနော သုံးစွဲသူတွေ အပေါ်မူတည်ပြီး တွက်ချက်ထားတဲ့ ကျွန်တော်တို့ရဲ့ ခန့်မှန်းချက် အရ ၅၅ ရာခိုင်နူန်းက အင်တာနက် သုံးစွဲ သူတွေဖြစ်ပါတယ်။ ခုဈေးနူန်းအသစ်နဲ့ တယ်လီနော သုံးစွဲသူတွေက ကောင်းမွန်တဲ့ မြန်နူန်း၊ ဈေးအသက်သာဆုံး နူန်းထားနဲ့ အင်တာနက်ကို သုံးစွဲနိုင်ပါပြီ။ မြန်မာနိုင်ငံအတွင်း ကွန်ယက်လွှမ်းခြုံမှု အထိ ရောက်ဆုံးနဲ့ အမြန်ဆုံး ကွန်ယက်ပေါ်မှာပေါ့” ဟုဆက်လက်ပြောကြားသည်။

တယ်လီနောမြန်မာ၏ My Internet အစီအစဉ်သည် တမိနစ်ကို ငါးကျပ်နူန်းဖြင့် ဆက်လက်ရရှိနေဦးမည် ဖြစ်သည်။ စူပါပွား နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ကို www.telenor.com.mm တွင် ၀င်ရောက်ကြည့်ရှု့နိုင်သည်။
#1982015


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com