8/14/2015

♪ "Sony က Xperia C5 Ultra နဲ့ Xperia M5 တို့ကို ပြသ" ♫


Sony က Xperia M5 နဲ့ Xperia C5 Ultra တို့ကိုကြေညာလိုက်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများဖြစ်ပြီးXperia M5 ကိုရေစိုခံဒီဇိုင်းထုတ်လုပ်ထားပြီးXperia C5 Ultra တွင် 13MP Camera များနဲ့ ဘေးဘောင်မပါတဲ့ ခြောက်လက်မ HD Display ကိုတပ်ဆင်ထားပါတယ်။

 Xperia C5 Ultra ရဲ့ အရှေ့နဲ့ အနောက် နှစ်ဘက်စလုံးတွင် 13MP Camera များတပ်ဆင်ထားတဲ့အတွက် HD Selfiesများရိုက်ကူးနိုင်သလို Landscape Shots များရိုက်ကူးနိုင်ပါတယ်။ ကင်မရာနှစ်ခုစလုံးတွင် Sony Exmor RS Sensor နည်းပညာ ၊ HDR နဲ့ Auto Preset Modes များပါရှိပါတယ်။ 

ခြောက်လက်မ HD IPS Display တပ်ဆင်ထားပြီး 1.7GHz 64-bit Octa-Core Processor မောင်းနှင် မှာ ဖြစ်ပါတယ်။ 2GB RAM , 16GB Storage ပါရှိပါတယ်။ 4G LTE ဆက်သွယ်မှုကိုအထောက်အပံ့ပေးပြီး 2930mAh Battery က နှစ်ရက်အသုံးခံပါတယ်။ အနက်၊ အဖြူနဲ့ အစိမ်းနုရောင်များရွေးချယ်နိုင် ပါတယ်။ ဒေါ်လာ ၄၂၅ တန်ကြေးရှိပါတယ်။ Xperia M5 ဟာ “ Super Mid-Ranger” လို့ ပြောလို့ရ ပါတယ်။ သူဟာစွမ်းဆောင်ရည်သင့်ဖုန်းများထက် အနည်းငယ်သာလွန်ပေမယ့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းလို့ သတ်မှတ်လို့မရပါဘူး။ အနောက်ဘက်မှာ 21.5MP ကိုတပ်ဆင်ထားပြီးအရှေ့ဘက်မှာ C5 Ultra လိုပဲ 13MP Selfie Camera ပါရှိပါတယ်။

M5 ဟာ C5 Ultra လောက်မကြီးပေမယ့် Phabletထက် သေးငယ်တဲ့ စမတ်ဖုန်းကိုလိုချင်သူများအတွက် ငါးလက်မ HD Display ကိုတပ်ဆင်ပေးထားပါတယ်။ 64-bit 2.0GHz Octa-Core Processor မောင်းနှင် မှာဖြစ်ပြီး 3GB RAM ပါရှိပါတယ်။ Sony က Xperia M5 ကိုရေစိုခံအောင်ပြုလုပ်ပေးထားပြီး အနက်၊အဖြူနဲ့ ရွှေရောင်များရွေးချယ်နိုင်ပါတယ်။ ရောင်းချမယ့် ဈေးနှုန်းကိုမသိရသေးပါဘူး။


Mobile Guide Journal (Every Monday) https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com