8/17/2015

♪ "Sony Xperia C4 Dual" အကြောင်းအသေးစိတ်ဖော်ပြရှင်းလင်းချက် ♫


The Good Selfie ကင်မရာလို့ဆိုတဲ့အတိုင်း ရှေ့ကင်မရာက တော်တော်ကောင်းပါတယ်။ နောက်ပြီး ဘက်ထရီသက်တမ်းကလည်း ပုံမှန်ထက်ပိုပြီး ကြာရှည်ခံတာကိုတွေ့ရပါတယ်။

The Bad ရှေ့ကင်မရာက အကောင်းဆုံးဖြစ်ခဲ့ပေမယ့် နောက်ကင်မရာရဲ့ စွမ်းဆောင်ရည်ကတော့ 13MP လောက်ပဲရှိမှာဖြစ်ပါတယ်။နောက်ပိုင်းထွက် C5ဟာ 13MP နှစ်ဘက်တပ်ဆင်ပြီးတော့လာလို့ပါ။

The Bottom Line Selfie phone လို့ဆိုတဲ့အတိုင်း Selfie ကြိုက်တဲ့သူတွေအတွက် အသင့်တော် ဆုံးဖြစ်မှာပါ။ အထူးသဖြင့် မျက်နှာပြင်ခပ်ကြီးကြီးနဲ့ Selfie ရိုက်တာကြိုက်နှစ်သက်တဲ့ မိန်းကလေးတွေ အတွက် အထူးသင့်တော်ပါတယ်။

ယခုနောက်ပိုင်း စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ ဈေးကွက်ထဲမှာ ဈေးသုံးသူတွေက ဘယ် အချက်တွေကို နှစ်သက်တယ်၊ ဘယ်အချက်တွေကို ပိုလိုချင်ကြတယ်ဆိုတာကို သုသေတနပြုလုပ်လာကြ ပါတယ်။ ဒါကြောင့်လည်း မျက်နှာပြင်လတ်ဖုန်း၊ မျက်နှာပြင်ကြီးဖုန်း၊ ရှေ့ကင်မရာ အကောင်း ဆုံးဖုန်း၊ နောက်ကင်မရာ အကောင်းဆုံးဖုန်း၊ အသံအရည်အသွေး ကောင်းမွန်တဲ့ဖုန်းဆိုပြီး လူငယ် အကြိုက်ဖြစ်နိုင်မယ့် ဖုန်းအမျိုးအစားတွေကို ထုတ်လုပ်လာကြပါတယ်။

ဒီတစ်ပတ်တော့ ပြီးခဲ့တဲ့လလောက်က ရန်ကုန်မှာမိတ်ဆက်ခဲ့တဲ့ Sony ကုမ္ပဏီရဲ့ Selfie ဖုန်းလို့ သတ်မှတ်နိုင်တဲ့ Xperia C4 dual အကြောင်းကို တစ်ချက်လောက် အသေးစိတ်လေ့လာကြည့်ရအောင်ပါ။ အကောင်းဆုံးစမတ်ဖုန်းတွေသာ ဈေးကွက်တင်နေတဲ့ sony ဟာပေါ့ပါးအကြမ်းခံပြီး လုပ်ဆောင် ချက်ကောင်းတွေပါဝင်တဲ့C4 ကိုပြည်တွင်းဈေးကွက်မှာဝယ်ယူနိုင်ပါပြီ။ 5.5လက်မမျက်နှာပြင်နဲ့ IPS lCD 1080 x 1920 pixels ဖော်ပြနိုင်စွမ်းရှိတဲ့ C4ဟာလွယ်ကူစွာသုံးနိုင်မယ့်design ကိုရရှိစေမှာဖြစ်ပါတယ်။

မျက်နှာပြင်ထိခိုက်မှု(အကြမ်းခံ နိုင်စွမ်း)အတွက် scratch-resistant ဖန်သားနဲ့ဖုံးအုပ်ကာကွယ်ပေးထားပါ တယ်။ Multitouch သုံးစွဲနိုင်မှာဖြစ်ပြီးလက်ချောင်း10ခုထိ လက်ခံနိုင်စွမ်းရှိပါလိမ့်မယ်။

သီချင်းတွေကိုသီသန့်နားဆင်မယ်ဆိုရင်လည်း တာရှည်ခံနိုင်စွမ်းရှိတဲ့ ဘက်ထရီကြောင့်ကြာရှည်စွာ နားဆင်နိုင်မှာပါ။Sony Xperia C4ဟာ သင့်ကို Android OS, v5.0 (Lollipop) မောင်းနှင်အား ကို ပေးစွမ်းမှာဖြစ်ပါတယ်။

သယ်ဆောင်ရတာလည်း လွယ်ကူတာကြောင့် နေရာဒေသမရွေးသယ်ဆောင်သုံးစွဲနိုင်ပြီး octa-Core 1.7GHz ပရိုဆက်ဆာဟာ အံ့သြမှင်သက်ဖွယ် ကောင်းတဲ့အမြန်နှုန်းနဲ့ ဂရစ်ဖစ်စွမ်းအားကိုပေးစွမ်း မှာ ဖြစ်တာကြောင့်ဂိမ်းတွေအသာလေးဆော့ကစားနိုင် မှာဖြစ်ပြီး ဘက်ထရီစွမ်းအား ကိုလဲမလိုအပ်ဘဲ မကုန်ခန်းသွားစေဖို့တာဝန်ယူပါလိမ့်မယ်။ ဖုန်းရဲ့ ဘက်ထရီအားကို အသင့်အနေအထား ထားရှိတဲ့အချိန်မှာ ဘယ်လိုလျော့ချပစ်မယ်ဆိုတာလည်း စိတ်ကြိုက်ပြုပြင်နိုင်ပါသေးတယ်။

မျက်နှာပြင်ကို off လုပ်လိုက်တဲ့အချိန်မှာ နောက်ကွယ်ကrun နေတဲ့ app တွေကိုအလိုအလျောက် ပိတ်ပစ်အောင်စီမံထားလို့ရပါတယ်။ Screen ကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ appတွေကိုပြန်လည် သုံးစွဲနိုင်အောင်ပြုလုပ်ပေးပါလိမ့်မယ်။ STAMINA modeကိုသုံးလိုက်တာကြောင့် ဖုန်းဟာအသင့် အနေအထားရရှိမှုအချိန်ကို ပုံမှန်ထက်လေးဆနီးပါးရရှိအောင် တိုးမြင့်ပေးပါလိမ့်မယ်။

အလယ်အလတ်တန်းဖုန်းလို့ဆိုရမယ့်အတိုင်း Sony Xperia C4 Dual မှာ 2.2 GHz မြန်နှုန်းရှိ Octa-core Mediatek MT6752 processor ပါရှိလာပြီး GPU ကတော့ Mali-T760MP2 ဖြစ်ပါတယ်။ RAM က 2GB ဖြစ်ပြီး Internal Storage က 16GB ပါရှိပါတယ်။ 128GB အထိစိုက်နိုင်မယ့် micro-SD card slot လည်းပါရှိပါသေးတယ်။

ဒီဖုန်းက Dual Sim ဆင်းကဒ် ၂ကဒ်ဗားရှင်းဖြစ်ပါတယ်။ ၂ကဒ်စလုံးက 3G Network ကို အသုံးပြုနိုင်ပါတယ်။ အခြားသော WiFi, Bluetooth 4.0, NFC စတာတွေလည်း အားလုံးပါရှိပါသေးတယ်။ ဒီဖုန်းမှာ ဒုတိယအကောင်းဆုံးအချက်လို့ ဆိုရမယ့် ဘက်ထရီရဲ့ capacity က 2600 mAh ဖြစ်ပါတယ်။ မျက်နှာပြင်ကတော့ ၅.၅ လက်အကျယ်ရှိပြီး 1080 x 1920 p resolution ရှိပါတယ်။

မျက်နှာပြင်ကလည်း အတော်လေးကြည့်ကောင်းတာကို တွေ့ရပါတယ်။ Sony ရဲ့ feature အားလုံး ဒီဖုန်းထဲမှာ ပါရှိလာပါတယ်။ Octa-core 1.7 GHz Cortex-A53 အမြန်နှုန်းရရှိနိုင် မှာဖြစ်ပြီး ဖျော်ဖြေရေးဆိုင်ရာ၊ဂိမ်းတွေဆော့ကစားတဲ့အခါမှာ မြန်ဆန်သွက်လက်တဲ့ စွမ်းဆောင်မှုကို ရရှိစေပြီး multitaskလုပ်ဆောင်ချက် ကလည်း ပြည့်စုံပါတယ်။ selfie ရိုက်တယ်ဆိုတဲ့နေရာမှာ ဓာတ်ပုံ သီးသန့်သာ ရိုက်နိုင်တာမဟုတ်ပါဘူး၊selife video တွေလည်းရိုက်ကူးနိင်ပါတယ်။ အဲ့လုပ်ဆောင်ချက် အတွက် 5MP Exmor R အရှေ့ဘက်ကင်မရာကို တပ်ဆင်ပေးထား ပါတယ်။အလင်းရောင်မလုံလောက်တဲ့ အခန်းထဲမှာရိုက်ကူးတဲ့ပုံတွေအတွက် ရှင်းလင်းပီသတဲ့ရုပ်ထွက်ကိုပေးစွမ်းမှာ ဖြစ်ပြီး wide angle က25mmပေးစွမ်းမှာပါ။

LED Flash ကိုလည်း လိုအပ်သလိုချိန်ညှိနိုင်ပါလိမ့်မယ်။ ပုံတွေထပ်တဲ့လုပ်ဆောင်နိုင်မှုကိုရဖို့ အတွက် third perty appတွေမှာမှသုံးနိုင်မယ့် function တွေကိုပါထပ်တိုးထောက်ပံ့ပေးထားပါတယ်။ ကင်မရာနဲ့ဓာတ်ပုံရိုက်တဲ့ အချိန်ဟာ စက္ကန့်ပိုင်းလောက်သာကြာမြင့်စေမှာပါ။

Selfie ဖုန်းဆိုလို့ ရှေ့ကင်မရာဘယ်လောက်ကောင်းသလဲဆိုပြီး စမ်းသပ်ကြည့်ပါသေးတယ်။ 5 Megapixel အရည်အသွေး ရှိ ရှေ့ကင်မရာဟာ ထူးထူးခြားခြား LED flash ပါ ပါရှိလာပါသေးတယ်။ ရုပ်ထွက် ကွာလတီကလည်းအတော်လေးကြည့်ကောင်းတာကိုတွေ့ရပါတယ်။

ကာလာတွေကလည်း သဘာဝဆန်ပြီး Noise ထတာလည်း နည်းပါတယ်။ LED soft flash က အလင်းအများကြီးထုတ်တာထက် selfie ပုံတစ်ပုံအတွက် လိုအပ်မယ့် အလင်းရောင်းလောက်ကိုပဲ ထုတ်ပေးတာဖြစ်ပြီး ဒါကြောင့်လည်း ပုံတွေက သဘာဝနဲ့ နီးစပ်တာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် Selfie ရိုက်တာကြိုက်နှစ်သက်သူတွေအဖို့တော့ Xperia C4 ဟာ Selfie ရိုက်ဖို့အတွက် အကောင်းဆုံးဖုန်းတစ်လုံးဆိုတာကို သံသယဝင်စရာမလိုပါဘူး။

<<အဆုံးသတ်ကောက်ချက်>>
အလယ်အလတ်တန်းရှိ အစိတ်အပိုင်းတွေပဲ ပါရှိလာခဲ့ပေမယ့်လည်း ပုံမှန်သုံးစွဲရာမှာတော့ နှေးတာ၊ ထစ်တာမျိုးတော့ မတွေ့ရပါဘူး။ Octa-core 1.7 GHz Cortex-A53 နဲ့ 2GB RAM က ကောင်းကောင်းတော့ တွဲဖက်အလုပ်လုပ်ပေးပါသေးတယ်။ Sony Xperia C3 မှာ နောက်ထပ်ကောင်းမွန်တဲ့အချက်တစ်ချက်ကတော့ ဘက်ထရီသက်တမ်းပါပဲ။ 2600 mAh capacity ရှိ ဘက်ထရီဟာ ပုံမှန်ဖုန်းတွေထက်ကို ပိုပြီးကြာရှည်ခံတာကိုတွေ့ရပါတယ်။ ပုံမှန်သုံးစွဲရက် ၂ရက်လောက်တော့ အသာလေးခံတာကိုတွေ့ရပါတယ်။Selfie ဖုန်းလို့ဆိုရမယ့် Sony Xperia C4 ဟာ Selfie ကိုပဲ ပိုပြီးထူးခြားကောင်းမွန်အောင် ပြုလုပ်ပေးထားပါတယ်။ ကျန်တဲ့အရာတွေကတော့ ပုံမှန်ပါပဲ။

Mobile Guide Journal ( Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com