8/10/2015

ဒုတိယ အကြိမ်မြောက် Software Roadshow 2015 ကျင်းပ






ဒုတိယအကြိမ်မြောက် Software Roadshow 2015 ကို နေပြည်တော်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမတွင် သြဂုတ် ၆ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။

“ E-government ဖော်ဆောင်ရာမှာ လိုအပ်တဲ့ app တွေကို နိုင်ငံခြားက ဝယ်သုံး နေရတာလည်းရှိတယ်။ ပြည်တွင်းမှာ ပညာရှင်တွေရှိတယ်။ မသိကြသေးဘူး ဒါကို ပေါင်းစပ်မိအောင် လုပ်ပေးတာ ဖြစ်ပါတယ်။ ဒီနေ့ လုပ်တာကတော့ အဓိက ရုံးဌာနတွေမှာသုံးကြမယ့် app, software တွေကို တစ်နေရာတည်းမှာ တစ်ထိုင်တည်း လေ့လာနိုင်ရန် ရည်ရွယ် ကျင်းပတာ ဖြစ်ပါတယ်။ အခက်အခဲရှိတာတွေကိုလည်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးကြပါ။ အကြံပြု ကြပါ။ အကျိုးရှိစေချင် ပါတယ် ” ဟု မြန်မာနိုင်ငံကွန်ပျူ တာဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဆက်သွယ်ရေးနှင့်  သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း က အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူ တာအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ITC ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက်  ICT စတင်လုပ်ဆောင်နေသော လူငယ်များကို မြေတောင်မြှောက်ပေးရန်၊ မြန်မာ IT ပညာရှင်များအနေဖြင့် ပြည်တွင်း၌  ရေးသားထားသော Software များကို အစိုးရဝန်ကြီး ဌာနများအနေဖြင့် ပိုမိုသိရှိနားလည်စေလာပြီး App များ၊ Software များကို မိမိတို့ လိုအပ်ချက်ဖြင့် ကိုက်ညီအောင် ရွေးချယ်လာစေရန် ရည်ရွယ်ချက်တို့ဖြင့် စီစဉ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

Software Roadshow 2015 တွင် ပြည်တွင်းကုမ္ပဏီ ၂၃ ခုမှ ၎င်းတို့ထံမှ အဆင်သင့် ရရှိနိုင်သော Software, App များ၊ ၎င်းတို့ ရေးသားထုတ်လုပ်နိုင်မည့် Customize Software, App များကို တစ်နေရာတည်း၌ စုံလင်စွာပြသခဲ့သည်။ ယခု ပြသသော Software Roadshow 2015 မှာ ဒုတိယအကြိမ်ဖြစ်ပြီး  ဝန်ကြီးဌာနများအတွက် သီးသန့်ပြုလုပ်သော ပွဲလည်းဖြစ်ကြောင်း သိရသည်။

Credit=>internetjournal
Thiha Htike(THT)
My Facebook Account Click



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download