8/10/2015

BarCamp TU-Kyaukse 2015 ၏ အစီအစဉ်များ


 
သဂုတ်(၁၅) ရက်နေ့တွင် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ကျောင်းဝင်းအတွင်း BarCamp TU-Kyaukse 2015 ကို ကျင်းပမည်ဖြစ်သည်။ နယ်ပယ်ပေါင်းစုံမှ အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာရှင်များမှ အင်ဂျင်နီယာ ကဏ္ဍ၊ IT ကဏ္ဍများ၊ စာပေနှင့် အနုပညာကဏ္ဍ၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများ၊ Schlorship Programs၊ အလုပ်အကိုင် အခွင့်အလမ်းများ၊ လူငယ်များ စိတ်ဓာတ်မြင့်မားရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ အစရှိသည့် ကဏ္ဍအစုံများကို ခေါင်းစဉ်အသီးအသီးဖြင့် အခန်းများခွဲ၍ နံနက်(၈:၃၀)နာရီ မှ ညနေ(၃:၃၀)နာရီ အထိ အသိပညာဝေမျှမည် ဖြစ်ကြောင်းသိရသည်။
 BarCamp TU-Kyaukse 2015 ကို ကျောင်းသား၊ ကျောင်းသူများအား CreativeThinking ဖြစ်စေရေးအတွက် မြေတောင် မြှောက်ပေးရန်၊ အပြန်အလှန် လေ့လာဆွေးနွေးခြင်း အားဖြင့် အသိပညာ၊ အတတ်ပညာ ပိုင်းဆိုင်ရာ ကွာဟချက်များကို ကျဉ်းမြောင်းသွားစေရန်၊ အသိပညာသစ်၊ အတတ်ပညာသစ်များကို စိတ်ဝင်းစားစွာဖြင့် လေ့လာစေရေးအတွက် မျိုးစေ့ပေးရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေရန်၊ နီးကပ်စွာဆောင်ရွက်ကြပြီး သာလွန်ကောင်းမွန်သည့် လူသားအကျိုးပြု နည်းပညာများကို ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်ရန်နှင့် OpenEnvironment တစ်ခု ဖန်တီး ပေးသွားရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

ဖွင့်ပွဲအခမ်းအနားကို နည်းပညာတက္ကသိုလ်(ကျောက်ဆည်) ကျောင်းဝင်းအတွင်းတွင် သြဂုတ်လ (၁၅)ရက် နံနက်(၈:၃၀)တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ နံနက်(၉) နာရီ မှစ၍ Topic များကို Speaker များ မှ ဦးဆောင် ဆွေးနွေးသွားမည် ဖြစ်ပြီး တက်ရောက်သူများ မှ လည်းပြန် လည် ဆွေးနွေးနိုင်မည် ဖြစ်သည်။ BarCamp TU Kyaukse 2015 တွင် Speaker များ၏ Power Point များ၊ Data များကို Data Sharing Center တွင် ရယူနိုင်ရန် စီစဉ်ထားသည် ဟုသိရ သည်။

BarCamp TU Kyaukse 2015 Organizer Team ကို Admin Team, Public Relation(PR) Team, Tech Support Team, Finance Team, Marketing Team ဟူ၍ ဖွဲ့ စည်းထားကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်) ပါမောက္ခချုပ် ဒေါက်တာ ခင်ထိုက်ထိုက်လွင် နှင့် စိတ်ပါဝင်စားသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ Volunter များဧ။် အကြံဥာဏ်များ၊ အကူညီများ၊ ပူပေါင်းဆောင်ရွက်မှုများဖြင့် အခမ်းအနား ဖြစ်မြောက်ရန် ဆောင် ရွက်ခဲ့ကြပါကြောင်း၊ BarCamp TU Kyaukse 2015 ဖြစ်မြောက်ရေးအတွက် Ooredoo Myanmar Company၊ ကေသီဦး မိသားစု၊ CHINDWIN COLLEGE ၊KMD(Kyaukse)၊ Pepsi ၊Internet Journal တို့ မှ Sponsor များအဖြစ် ကူညီပံပိုး ပေးထားကြောင်း သိရသည်။

BarCamp ၏ အဓိပ္ပါယ်
http://www.internetjournal.media/sites/all/modules/contrib/ckeditor/ckfinder/core/connector/php//images/DSC_1977.jpg 
BarCamp ဆိုသည်မှာ ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ တက်ရောက်လာသူများ၏ ကျွမ်းကျင်ရာအသိ ပညာပိုင်းဆိုင်ရာ အတတ်ပညာ ပိုင်းဆိုင်ရာများကို တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း အသိပညာဝေမျှရန် ပြောနိုင်ရန် စီစဉ်ဖန်တီးပေးမည့် အခမ်းအနားတစ်ခု ဖြစ်သည်။ နိုင်ငံတကာ၌ တွင်ကျယ်လာသည့် နည်းတူ မြန်မာနိုင်ငံတွင်လည်း ပထမဦးဆုံး BarCamp ကို ၂၀၁၀ ခုနှစ်က ရန်ကုန်မြို့တွင် စတင်ကျင်းပခဲ့ရာ အရှေ့တောင်အာရှတစ်ဝှမ်း အအောင်မြင်ဆုံး အခမ်းအနား တစ်ရပ်ဖြစ်ခဲ့ သည်။ ၎င်းနောက် BarCamp Yangon, BarCamp Mandalay, BarCamp Taunggyi, BarCamp Pathein, BarCamp Laisho, BarCamp Pyay အစရှိသည်ဖြင့် စဉ်ဆက်မပြတ် ကျင်းပလာခဲ့သည်။ နည်းပညာတက္ကသိုလ် ကျောင်းများ အနေဖြင့်လည်း BarCamp TU အမည်ဖြင့် နေရာ ဒေသအလိုက်၊ မြို့အလိုက် နှစ်စဉ်ကျင်းပလျှက် ရှိကြသည်။
BarCamp များကို ကျင်းပပြီး ရရှိလာသော ရလာဒ်များနှင့် ပတ်သက်၍ BarCamp စီစဉ်သူ များက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ထို့ကြောင့် BarCamp ၏ သဘောသဘာဝအရ မိမိဆွေးနွေးလိုသော အကြောင်းအရာများကို လွတ်လပ်စွာ နှီးနှောဖလှယ်နိုင်မည် ဖြစ်သည်။ ၎င်းအပြင် BarCamp မှာ လူမှုရေး၊ နည်းပညာ၊ စီးပွားရေး အစရှိသည့် ကဏ္ဍများစွာကို ပေါင်းကူးပေးသည့် အတွက် စီးပွားရေးအကြောင်း သိချင်သူများ၊ နည်းပညာအကြောင်း သိချင်သူများ၊ လူမှုရေး အကြောင်းအရာများ စသဖြင့် မိမိထွန်းကားရာ နယ်ပယ်အလိုက် ဆွေးနွေးလိုသူ အချင်းချင်း တွေ့ဆုံနိုင်မည် ဖြစ်သည်။

Organizer တို့၏ ပြောစကးများ

ကိုဖြိုးမြင့်အောင်(3T-NT)
Team Leader


ကျွန်တော် ကတော့ ကိုဖြိုးမြင့်အောင် ပါ။ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) Nuclear Department မှာ ပညာသင်ကြား နေပါတယ်။ BarCamp TU Kyaukse 2015 Organizer Team မှ Team Leader ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် အတွေအကြုံ ဖြစ်တဲ့အတွက် လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာမှာ အခက်အခဲများစွာ ရှိပေမဲ့လည်း ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ Organizer Team မှ သူငယ်ချင်းများ၏ အကူအညီများစွာဖြင့် BarCamp TU Kyaukse 2015 ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပထမဦးဆုံး အကြိမ်ဖြစ်တဲ့အတွက် အစအစအရာအရာ အကောင်းဆုံး ဖြစ်စေရန် ကြိုးစားဆောင်ရွက် ထားပါတယ်။

ကိုအောင်ဇေဌေး (BE-Mech)
Coordinator


ကျွန်တော်ကတော့ ကိုအောင်ဇေဌေး ပါ။ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) BE Mech မှာ ပညာသင်ကြား နေပါတယ်။ BarCamp TU Kyaukse 2015 Organizer Team မှ Coordinator အဖြစ် တာဝန်ယူထား ပါတယ်။ Meiktila TU Barcamp Organizer Team, Sagaing TU Barcamp Organizer Team, Mandalay TU Barcamp Organizer Team တို့မှ လိုအပ်သော အကြံဉာဏ်များကိုရယူပြီး ပွဲကိုအကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက် ထားပါတယ်။

ကိုရဲထက်သူ (4T-Mech)
Adimin Team Leader

ကျွန်တော်ကတော့ Admin Team Leader ပါ။ Admin Team အနေနဲ့ တခြား Team တွေနဲ့အမြဲတမ်း ချိတ်ဆက်ထားပြီး အစစအရာရာ လိုလေသေးမရှိအောင် စီမံရပါတယ်။ ပွဲခွင့်ပြုမိန့်  ရရှိရန်၊ အခမ်းအနား ပြင်ဆင်ရန်၊ Sponsor တွေအတွက် နေရာစီစဉ်ရန်၊ ပွဲတက်ရောက်သူ BarCamper များ အဆင်ပြေစေရန် အတွက် စီစဉ်ရပါတယ်။ မန္တလေးမှ လာရောက်မည့် သူများအတွက် အသွားအပြန် ဖယ်ရီကား စီစဉ်ပေးထားပါတယ်။

ကိုအောင်ဖြိုးသူ (1BE-EP) ၊ ကိုဟန်မင်းကို (1BE-EP)
PR Team Leaders


ကျွန်တော်တို့ Teaam က နယ်ပယ် အသီးအသီးမှ ပညာရှင်များနှင့် ပွဲတက်ရောက်မည့် ကျောင်းသားကျောင်းသူများ၊ Sponsor များ၊ BarCamper များကိုလည်း ဖိတ်ကြားခြင်းများ ပြုလုပ်ပေးရပါတယ်။ အခြား ဒီဂရီကောလိပ်များ တက္ကသိုလ်များ၊ ကျောက်ဆည်မြို ရှိ အထကကျောင်းများ၊ Private School များကိုလည်း ဖိတ်ကြားထားပါတယ်။ Volunteer များကို စုစည်းပေးရပါတယ်။

မနော်လေးဖော့(3T-IT)၊ ကိုမင်းသန့် (1BE-EP)
Tech Support Team Leaders


ကျွန်မတို့ ကတော့ ပွဲအတွက် လိုအပ်သော Technical ပိုင်းကို အစအဆုံး တာဝန်ယူ ပေးရပါတယ်။ ပွဲနေ့တွင် WiFi Internet ရရှိရန် ဆရာများနှင့် ပူးပေါင်းဆောင်ရွက် ပေးရပါတယ်။ ပွဲနေ့မှာလည် Speaker များဆွေးနွေးသော Data များ၊ Power Point များကို Share ပေးရရန် Data Sharing Center ကိုတာဝန်ယူ ဆောင်ရွက်ပေးပါတယ်။

ကိုပြည်ညိမ်းဇော် (4T-EP) ၊ ကိုသန့်ဇင်ထူး (3T-Civil)
Marketing Team Leaders


ကျွန်တော် အနေနဲ့ကတော့ ပွဲကျင်းပနိုင်ရေးအတွက် Sponsor များကို ရှာဖွေပေးရပါတယ်။ Sponsor Logo တွေကိုလည်း Vinyl ထုတ်ရရန်နှင့်  Facebook Page တွင် ကြော်ငြာရရန်အတွက် Admin Team နှင့် Tech Support Team ကို ပို့ပေးရပါတယ်။ ယခုလက်ရှိ Sponsor တွေကတော့ Ooredoo Myanmar Company၊ ကေသီဦး စက်သုံးဆီ ရောင်းဝယ်ရေး၊ CHINDWIN COLLEGE၊ KMD Computer Traning Center & Service (Kyaukse)၊ Pepsi Company၊ INTERNET Journal တို့ မှ ကူညီပံ့ပိုး ပေးထားပါတယ်။

ကိုခိုင်မင်းထွေး (2T-Civil) ၊ မဆုမွန်ကျော် (4T-EC)
Finance Team Leaders


Finance Team အနေနဲ့ အခက်အခဲတွေတော့ အနည်းငယ် ရှိသော်လည်း Sponsor များမှရရှိသော Fun များကို လေလွင့်လစ်ဟာမှု မရှိအောင် အထူးဂရုပြု ဆောင်ရွက်ထားပါတယ်။


Credit=> internetjournal
Thiha Htike(THT)
My Facebook Account Click



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download