8/06/2015

♪ ရေးဘေးသင့်ပြည်သူများအတွက် အူရီဒူးမြန်မာသို့ SMS မက်ဆေ့ခ်ျ ပေးပို့ခြင်းဖြင့် ဖုန်းငွေဖြည့်ကတ်မှတဆင့် လှူဒါန်းနိုင်ပြီ ♫

https://lh6.ggpht.com/WCMFGdift8EZWFZRXXn1xn0U8I0RzJB_zIF_ivrnfH1X1QuuYlSmeXex5wOaXWmz1g=w170

လှူဒါန်းသော ငွေပမာဏအတိုင်း အူရီဒူးမြန်မာက ဆတူ ထပ်ဆင့် ပါဝင်ကုသိုလ်ပြုရာတွင် အူရီဒူး အဖွဲ့အစည်းရုံးချုပ် က တိုက်ရိုက်လှူဒါန်းသည့် ငွေကျပ် သိန်း ၂၀၉,၁၀၀,၀၀၀ (ကျပ်သိန်းပေါင်း နှစ်ထောင့် ကိုးဆယ့်တစ်သိန်း) အပါအ၀င် အများဆုံး သတ်မှတ်ပမာဏ ကျပ်သိန်းပေါင်း ၄၅၀,၀၀၀,၀၀၀ (ကျပ် သိန်းလေးထောင့်ငါးရာ)အထိ လှူဒါန်းငွေများကို စာသင်ကျောင်းများ ပြန်လည် တည်ဆောက်ရေး အတွက် ကောက်ခံသွားမည်။

အူရီဒူးမြန်မာသုံးစွဲသူများအားလုံးအနေဖြင့် ရေဘေးဒဏ်ခံစားနေရသော အရပ်ဒေသများသို့ မိမိတို့ ဖုန်းငွေများအား ပရဟိတနံပါတ် (၄၅၄၈) သို့ “သတ်မှတ်စကားလုံး” ဖြင့် မက်ဆေ့ခ်ျပေးပို့ခြင်းဖြင့် လှူဒါန်းနိုင်ပြီဖြစ်ပါသည်။ “သတ်မှတ်စကားလုံး” မှာ “HELPMM<space>လှူဒါန်းလိုသည့် ပမာဏ” ဖြစ်ပါသည်။ လှူဒါန်းနိုင်သည့် ပမာဏမှာ တစ်ခါပို့လျှင် အနည်းဆုံး ၁၀ကျပ် (တစ်ဆယ်ကျပ်) မှ အများဆုံး ၁၀၀,၀၀၀ကျပ် (တစ်သိန်းကျပ်)အထိ ဖြစ်ပါသည်။ ဥပမာအားဖြင့် ၂၀၀၀ ကျပ် လှူဒါန်းလိုပါက အသုံးပြုသူ သည် ကုတ်နံပါတ် ၄၅၄၈ သို့ ‘HELPMM 2000’ ဟု SMS မက်ဆေ့ခ်ျ ပေးပို့ရမည် ဖြစ်ပါသည်။ ပေးပို့လှူဒါန်းလိုသူများသည် မိမိတို့ စိတ်ကြိုက် အခေါက် အရေအတွက်များစွာ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကုတ်နံပါတ် ၄၅၄၈ သို့ SMS မက်ဆေ့ခ်ျ ပေးပို့ခြင်းအတွက် ၀န်ဆောင်ခ ပေးဆောင်ရန်မလိုဘဲ အခမဲ့ဖြစ်ပါသည်။ သို့ရာတွင် SMS မက်ဆေ့ခ်ျတွင် မှတ်ချက်ပြုထားသော လှူဒါန်းငွေ ပမာဏအလျောက် အူရီဒူးသုံးစွဲသူ၏ ဖုန်းငွေ ပင်မလက်ကျန် ပမာဏထဲမှ နုတ်ယူသွားမည် ဖြစ်ပါ သည်။ လှူဒါန်း ငွေပမာဏကို အူရီဒူး၏ ပင်မ လက်ကျန်ငွေထဲမှသာမက အူရီဒူးက အပိုဆောင်းထပ်ပေါင်းဝန်ဆောင်မှုများအရ အသုံးပြုခွင့်ရှိသည့်ငွေထဲမှလည်း နုတ်ယူသွားပေးပါမည်။

Credit- Thiri Kyar NyoOoredoo Myanmar

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com