8/06/2015

♪ Samsung Galaxy Note 5 တွင် 4GB RAM ပါရှိမည် ♫

samsung-galaxy-note-4

Samsung က Galaxy Note 5 ကို သြဂုတ်လ ၁၃ ရက်နေ့တွင် မိတ်ဆက်မည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။ ထို့အတူ Note 5 ၏ Specification များလည်း အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့နေပါသည်။ Benchmark တစ်ခု၏ ဖော်ပြချက်အရ Note 5 အမျိုးအစားတစ်ခုတွင် 4GB RAM ပါရှိမည် ဖြစ်သည်။

Geekbench က စမ်းသပ်သော Chipset မှာ 7420 ဖြစ်သဖြင့် Note 5 တွင် Galaxy S6 ၏ Exynos 7420 ကိုသာ အသုံးပြုထားမည် ဖြစ်သည်။ Note 5 ကို လက်ရှိ Google ၏ နောက်ဆုံးထုတ် Android Version ဖြစ်သည့် Android 5.1.1 Lollipop က မောင်းနှင်မည် ဖြစ်သည်ဟု စမ်းသပ်ချက်အရ သိရပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com