8/14/2015

♪ S Pen ပါရှိသော Samsung Galaxy Tab A & S Pen ကို ရောင်းချ ♫

samsung galaxy tab a & s pen

Samsung က Galaxy Tab A & S Pen ဟု အမည်ပေးထားသော စွမ်းဆောင်ရည်သင့် တက်ဘလက် တစ်လုံးကို မိတ်ဆက်လိုက်ပါသည်။ တက်ဘလက် တွင် ၉.၇ လက်မ မျက်နှာပြင် နှင့် စွမ်းဆောင်ရည်မြင့် ထုတ်ကုန်များတွင်သာ ထည့်သွင်းပေးလေ့ရှိသော S Pen ကညစ်တံ ပါရှိပါသည်။

တက်ဘလက် တွင် ၉.၇ လက်မ LCD 1024×768 pixel Display တပ်ဆင်ထားပါသည်။ 1.2GHz Quad-Core CPU ပါသော Ziilabs ZMS-08 Chipset , 2GB RAM မောင်းနှင်မည် ဖြစ်သည်။ Android 5.0 Lollipop ကို TouchWiz UI နှင့် ပေါင်းစပ်ထားပါသည်။ 16GB Storage အပြင် 128GB အထိဝင်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။

အနောက်ဘက်တွင် 720p HD Video များ ရိုက်ကူးနိုင်သော 5MP Camera နှင့် အရှေ့ဘက်တွင် 2MP Camera တပ်ဆင်ထားပါသည်။ WiFi 802.11 a/b/g/n ကို ထောက်ပံသော်လည်း SIM Card Slot မပါရှိပါ။ 6000mAh Battery ပါရှိပြီး အထူမှာ ၇.၅ မီလီမီတာသာ ရှိပါသည်။ အဖြူနှင့် အနက်နှစ်မျိုးထုတ်လုပ်ထားပြီး ဒေါ်လာ ၃၇၂ တန်ကြေးရှိပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com