8/03/2015

♪ Online Payment ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန် ပုဂ္ဂလိက ဘဏ်လုပ်ငန်းများနှင့် မြန်မာငွေ ပေးချေရေး အဖွဲ့ ပူးပေါင်း ဆောင်ရွက်မည် ♫


ပြည်တွင်း၌ အွန်လိုင်းပေါ်မှ တစ်ဆင့် လုပ်ကိုင်လာသော စီးပွားရေးလုပ်ငန်းများအတွက် Online Payment ဝန်ဆောင်မှုကို ပုဂ္ဂလိကဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်ရန် အတွက်ဆောင်ရွက်ပးသွား မည်ဖြစ် ကြောင်း  မြန်မာငွေပေးချေမှုအဖွဲ့ Myanmar Payment Union (MPU) မှ စုံစမ်းသိရသည်။

ယခုလတ်တလောတွင် မိုဘိုင်း အင်တာနက်ပေါ်မှတစ်ဆင့် ငွေပေးချေနိုင်သည့် Online  Payment ဝန်ဆောင်မှုမှာ နည်းပါးလွန်းနေသေးပြီး ပိုမိုကျယ်ပြန့်ရန် လိုအပ်နေသေးခြင်းကြောင့် အဆိုပါ ဝန်ဆောင်မှုစနစ်ကို ပြည်တွင်းဘဏ်လုပ်ငန်းများ နှင့် စနစ်တကျ ချိတ်ဆက်ပြီး ကျယ်ပြန့် လာ စေရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း MPU ၏ တာဝန်ရှိသူ တစ်ဦးဖြစ်သော အမှုဆောင် အရာရှိ ချုပ် ဦးဇော်လင်းထွဋ်က ပြောသည်။

“အင်တာနက် ချိတ်ဆက်ထား တဲ့ ဆက်သွယ်မှုကွန်ရက်ပေါ် ကနေ ငွေပေးငွေချေလုပ်လို့ရတဲ့ ဝန်ဆောင်မှုကို တွင်တွင်ကျယ်ကျယ် သုံးလာနိုင်ဖို့ စနေပါပြီ။ နှစ်အနည်းငယ်အတွင်း ဒီစနစ်တွင် ကျယ် လာမယ်လို့ ယုံကြည်ပါတယ်။ အခုတောင် အစပျိုးလုပ်ဆောင်နေ တဲ့ အွန်လိုင်းငွေပေးငွေချေ ဝန် ဆောင်မှုအချို့ ရှိနေပါပြီ”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ယခုလက်ရှိအချိန်တွင် မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် အင်တာနက် အသုံးပြုနှုန်း သန်းနှင့်ချီ၍ တိုးတက် လာနေသည်နှင့် တစ်ချိန်တည်း တွင် အွန်လိုင်းစီးပွားရေးလုပ်ငန်းများလည်း အများအပြားပေါ် ထွက် လာနေခြင်းဖြစ်သည်။ ထိုကဲ့သို့ အွန်လိုင်းပေါ်မှ တစ်ဆင့် လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများ များပြားလာသော်လည်း လုပ်ငန်းလုပ်ကိုင်သူနှင့် ဝယ်ယူသူအကြား ငွေပေးငွေယူကိစ္စရပ်များတွင်မူ အခက်အခဲများ ရှိနေကြောင်း စုံစမ်းသိရသည်။

ထို့ကြောင့် မြန်မာ ငွေပေးချေမှုအဖွဲ့အနေဖြင့် Online Payment  ဝန်ဆောင်မှုကို  ပြည်တွင်းအခြေစိုက် ပုဂ္ဂလိကဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက် လုပ်ကိုင်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှု များ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ Online Payment  ဝန်ဆောင်မှုသည်  အွန်လိုင်းပေါ်မှ စီးပွားရေး လုပ်ကိုင်နေသောသူများနှင့် ပစ္စည်းဝယ်ယူသူများကြား ငွေပေးချေမှုများကို အလိုအလျောက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဝယ်ယူလိုသူများ အနေဖြင့် အွန်လိုင်းနှင့်ချိတ်ဆက်ထား သော ငွေပေးချေရေး ကတ်များကို အသုံးပြုလာရမည်ဖြစ်သည်။

“အွန်လိုင်းပေါ်ကနေ ငွေ ပေးငွေယူကိစ္စတွေကို လုပ်လို့ရမယ့် ဒီလိုစနစ်မျိုးရှိလာရင် အရမ်းကောင်းပါတယ်။ အခုအွန်လိုင်းရှော့ပင်းလုပ်ငန်းလေးတစ်ခုလုပ် မလို့ စနေတယ်။ ဒါပေမယ့် ဝယ် ယူအားပေးမယ့်သူတွေနဲ့ အပြန် အလှန်ငွေပေးချေတဲ့ အပိုင်းကို  Online Payment စနစ် ကောင်းကောင်းမရှိသေးတော့ ဘယ်လို လုပ်ရမယ်ဆိုတာ ဆုံးဖြတ်မရသေးဘူးဖြစ်နေတာ”ဟု မကြာမီ အချိန် အတွင်း Online Shopping စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရန် စီစဉ်နေသည့်  အမျိုးသားတစ်ဦးက ဆိုသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com