8/03/2015

♪ မြန်မာကျပ်ငွေ သိန်း ၃၀ မက တန်ဖိုးရှိတဲ့ HTC One M9 ♫


htc2

HTC One M9 ရွှေရောင် သာမန် စမတ်ဖုန်း တစ်လုံးဆိုရင် မြန်မာပြည်မှာ ပေါက်ဈေး ၇သိန်းခွဲ ၈ သိန်းဝန်းကျင် ရှိပါတယ်။ ဒါပေမယ့် ပုံမှာပြထားတဲ့ ဖုန်းကတော့ ရွှေရောင်တင်မကပဲ ရွှေရည်ပါ သွန်းထားတဲ့ ဖုန်း ဖြစ်ပြီး ပေါက်ဈေးကတော့ အမေရိကန်ဒေါ်လာ ၂၅၇၀ ယန်းကျင် ရှိတာကြောင့် လက်ရှိ ဒေါ်လာဈေးအရ မြန်မာကျပ်ငွေ သိန်း ၃၀ ကျော်လောက် တန်ကြေး ရှိပါတယ်။


Goldgenie လို့ အမည်ရတဲ့ ဇိမ်ခံပစ္စည်းတွေကို ရွှေသွန်းပေးတဲ့ ကုမ္ဗဏီကနေပြီးတော့ HTC M9 ကို အထူး ရွှေသွန်းပေးခြင်း ဖြစ်ပါတယ်။ သူသွန်းပေးတဲ့ ရွှေက ထူးခြားပါတယ်။ အကြောင်းကတော့ ခြင်္သေ့ပုံနဲ့ Cecil and his Kingdom ဆိုတဲ့ စာလေး ပါလို့ပါ။ Cecil လို့ အမည်ရတဲ့ ခြင်္သေ့ဟာ ဇင်ဘာဘွေနိုင်ငံ Hwange National Park မှာ ကျက်စားပြီး အသက် ၁၃ နှစ်အရွယ်၊ ၂၀၁၅ ဇူလိုင် ၁ မှာပဲ မုဆိုး တစ်ဦးရဲက မြှားဖြစ် အပစ်သတ် ခံခဲ့ရ ပါတယ်။ သူဟာ National Park ရဲ့ အဓိက စွဲဆောင်မှု တစ်ခုလည်း ဖြစ်တော့ Cecil ရဲ့ သေဆုံးမှုဟာ ကမ္ဘာတစ်လွှားက တိရစ္ဆာန်များအပေါ် သတ်ဖြတ်နေမှုအား လူအများကို ထင်သာမြင်သာ ရှိစေခဲ့ ပါတယ်။

ဘေးမဲ့ တိရစ္ဆာန်များ ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အရှိန်ဖြင့် ပြုလုပ်လာပြီး Goldgenie ကုမ္ဗဏီအနေနဲ့လည်း Cecil ရှင်သန်ကျက်စားခဲ့တဲ့ တောကို ထိန်းသိမ်းရန် Cecil and his kingdom အမည်ပေးထားတဲ့ ရွှေရောင် HTC One M9 ကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။ ဖုန်းရောင်းရတဲ့ ငွေရဲ့ ၁၀ရာခိုင်နှုန်းက အလှူငွေဖြစ်မှာ ဖြစ်ပါတယ်။ ဒီတော့ သိန်း ၃၀ တန်းဖုန်းမှာ ၃ သိန်းက သဘာဝဘေးမဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အလှူငွေ ဖြစ်ပါလိမ့်မယ်။ HTC One M9 Cecil ဗားရှင်းကို နိုင်ငံတကာမှာ မှာယူနိုင်ပြီ ဖြစ်ပါတယ်။ Internal 32GB ဗားရှင်း ဖြစ်ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)
#aungkham_mmas


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com