8/13/2015

Myanmar Blogger Familyမှ ရေဘေးသင့် ပြည်သူများ ပြန်လည် ထူထောင်ရေးတွင် ကူညီပေးနိုင်ရန်



Myanmar Blogger Familyမှ ရေဘေးသင့် ပြည်သူများ ပြန်လည် ထူထောင်ရေးတွင် ကူညီပေးနိုင်ရန် အစီစဉ်လေးတခုလုပ်ထားပါတယ်။
=====================================================
ပြည်တွင်းပြည်ပ ဘလော့ကာများဦးဆောင်ထားပီး အိုင်တီမောင်နှမများစုပေါင်းကာ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကို ကူညီနိုင်ရန် အလှူငွေများကောက်ခံပါမည်။ အလှူငွေကောက်ခံရာတွင် မြန်မာဘလော့ကာများနှင့် အိုင်တီမောင်နှမများမှ မိမိတတ်စွမ်းသော ပညာရပ်များဖြင့်အမျာရပြည်သူအား ပြန်လည်မျှဝေပြီး စေတနာသဒ္ဒာ ထက်သန်သလောက် လှူပေးကြပါရန်မေတ္တာရပ်ခံပါသည်။
Donate for our MBF service
-Blog နှင့်ပတ်သက်ပြီး မည်သည့်အခက်အခဲမဆို လာရောက်ဆွေးနွေးဖြေရှင်းနိုင်ပါတယ်။
- မိမိတို့အတွက် အမှန်တကယ်လိုအပ်သော Data များကို လာရောက်မျှယူနိုင်ပါတယ်။
- မိမိတို့ရဲ့ computer ပြဿနာများကို လာရောက်ဆွေးနွေးဖြေရှင်းနိုင်ပါတယ်။
-မိမိတို့ရဲ့ Mobile Phone ပြဿနာအသေးစားများ လာရောက်ဖြေရှင်းနိုင်ပါတယ်။
-Blog, Computer, Mobile,Programming, Web design စသည့် Ebookများကို လာရောက်မျှယူနိုင်ပါတယ်။

အထက်ဖော်ပြပါ Serviceအတွက် ကညီပေးနိုင်မယ့်သူများ ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

=ဖုန်းပိုင်း ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်သူ
=ကွန်ပျူတာပိုင်း ကူညီဖြေရှင်းပေးနိုင်သူ
=အလွတ်တန်းအလှူခံပေးနိုင်သူများ ကျနော်တို့ အဖွဲ့ကို ဆက်သွယ်ပေးကြပါ
နေ့ရက်== သောကြာ၊ စနေ  မနက် ၉ နာရီစတင်ပါမယ်
နေရာ == လှည်းတန်းကုန်းကျော်တံတား
ပညာအား  လုပ်အား ပါဝင်ကူညီလိုသော မိတ်ဆွေများ မိသားစုဝင်များ မန်ကဖြန် နံနက် ၉ နာရီတွင် သတ်မှတ်သောနေရာတွင် ရောက်ရှိစုစည်းကြရန် တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်...
MBF ပရဟိတမိသားစာ ကိုယ်စား
ဘလော့ခရီးသည်