8/06/2015

♪ Line က Storage Space နှင့် Mobile Data ကုန်ကျမှုကို သက်သာစေသော Android Version ကို ဖြန့်ချီ ♫

1

Messaging ၀န်ဆောင်မှုဖြစ်သော Line က Storage Space နှင့် Mobile Data ကုန်ကျမှုကို သက်သာစေသော ဗားရှင်းတစ်ခုကို Android အတွက် ဖြန့်ချီပေးလိုက်ပါသည်။

Line Lite ဟု အမည်ပေးထားပြီး အရွယ်အစားမှာ 1MP ထက်လျှော့နည်းပါသည်။ Group Texting, Stickers, Image Sharing တို့ကဲ့သို့ မူလ Line App တွင် ပါသော အဓိက စွမ်းဆောင်ချက်များကို Line Lite တွင် ထည့်သွင်းပေးထားပါသည်။ သို့သော် Audio , Video Calls များကို ထောက်ပံ့ပေးခြင်းမရှိဘဲ Timeline စွမ်းဆောင်ချက်ကိုလည်း ဖယ်ရှားထားပါသည်။

Line Lite ကို အိန္ဒိယ၊ မက္ကဆီကို၊ ဆော်ဒီအာရေးဗီးယား တို့ အပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် စတင် ဖြန့်ချီမည် ဖြစ်သည်။ Line က အသုံးပြုသူများ၏ တောင်းဆိုချက်ပေါ်မူတည်ပြီး အခြားနိုင်ငံများတွင် လည်း ဖြန့်ချီမည်ဟု ပြောပါသည်။ အနာဂတ်တွင်လည်း စွမ်းဆောင်ချက် အသစ်များ ထည့်သွင်းပေး မည် ဖြစ်သည်။

တန်ဖိုးနည်း စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းများကို အသုံးပြုနေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဖုန်း၏ စွမ်းအင်နှင့် မိုဘိုင်းဒေတာကို အသုံးပြုမှုနည်းပါးသော App Version များသည် အဆင်ပြေစေပါသည်။ Facebook ကလည်း လူမှုကွန်ရက် ၏ စွမ်းဆောင်ချက်များနှင့် Messenger ၀န်ဆောင်မှုပါသော Facebook Lite App ကို မကြာမီကပင် ဖြန့်ချီပေးခဲ့ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com