8/03/2015

♪ Galaxy S6 ကို ကြိုးမဲ့ဘတ္ထရီအားသွင်းပေးနိုင်တဲ့ Samsung ရဲ့ နောက်ဆုံးထုတ် Monitor ♫


မိုဘိုင်းပစ္စည်းတွေအတွက် စံကြိုးမဲ့အားသွင်းစနစ်ဖြစ်တဲ့ Qi Wireless Charging ကို အသုံးပြုထားတဲ့ မော်နီတာအသစ်တစ်လုံးကို Samsung ကုမ္ပဏီက မိတ်ဆက်လိုက်ပါပြီ။ ၂၃ လက်မနဲ့ ၂၇ လက်မ နှစ်မျိုးထုတ်လုပ်ထားတဲ့ Samsung SE370 ဟာ မော်နီတာရဲ့ အောက်ခြေမှာ စက်ဝိုင်းပုံ Charging Station တစ်ခု ရှိပြီး Galaxy S6 ဒါမှမဟုတ် Nexus 6 လို ကြိုးမဲ့အားသွင်းစနစ်အသုံးပြုနိုင်တဲ့ မိုဘိုင်းစမတ်ဖုန်းတွေကို ကြိုးမဲ့အားသွင်းပေးနိုင်ပါတယ်။ 

ရိုးရှင်းပြီး မလိုအပ်တဲ့အပိုအစိတ်အပိုင်းတွေကို ဖယ်ရှားပေးနိုင်တဲ့ Work Station တစ်ခုအဖြစ် Samsung ကုမ္ပဏီက အသံပေးထားတဲ့ ကြိုးမဲ့အားသွင်းစနစ်အပြင် အဲ့ဒီမော်နီတာမှာ အလင်းအားများပေမယ့် စွမ်းအင်ကုန်ကျမှုနည်းပါးပြီး IPS အမျိုးအစား Display လောက်နီးနီး Viewing Angle ကျယ်ကျယ်ပေးနိုင်တဲ့ Samsung ကုမ္ပဏီရဲ့ PLS Panel နည်းပညာပါဝင်ပါတယ်။ 


SE370 မော်နီတာဟာ Aspect Ration 16:9 နဲ့ Resolution 1920 x 1080 ရှိပြီး Viewing Angel က 178 ဒီဂရီအထိ ရှိသလို အလင်းအားက 300 cd/m2 ရှိပါတယ်။


Samsung ကုမ္ပဏီက SE370 ရဲ့ ဈေးနှုန်းနဲ့ ဘယ်အချိန်မှာရနိုင်မယ်ဆိုတာကို မကြေညာသေးပါဘူး။ ဒါပေမယ့် မှန်းဆလို့ရနိုင်အောင် သိထားစေချင်တဲ့အချက်တစ်ချက်ကတော့ Samsung ကုမ္ပဏီရဲ့ ပထမဦးဆုံး PLS နည်းပညာသုံး မော်နီတာက အမေရိကန်ဒေါ်လာ 850 ပေးခဲ့ရပြီး အဲ့ဒီမော်နီတာရဲ့ အရွယ်အစားက 27 လက်မ ရှိပါတယ်။ 



ကြိုးမဲ့အားသွင်းစနစ်ကို နဂိုမူလအဖြစ် ထည့်သွင်းတည်ဆောက်ပေးထားတဲ့ Flagship စမတ်ဖုန်းတွေက လက်တစ်ဆုပ်စာလောက်ပဲရှိသေးပေမယ့် နောက်ဆုံးပေါ် iPhone တွေအပါအ၀င် အခြားနာမည်ကြီး လူကြိုက်များတဲ့ စမတ်ဖုန်းတွေအတွက် အခြားကုမ္ပဏီတွေက ထုတ်လုပ်ရောင်းချပေးတဲ့ ကြိုးမဲ့အားသွင်း စနစ်သုံး ဖုန်းကာဗာခွံတွေရှိပါတယ်။ 


ချောမွေ့တောက်ပြောင်ပြီး ထွင်းဖောက်မြင်လုနီးပါး (Semi-transparent) ဖြစ်နေတဲ့ SE370 မှာ ဂိမ်းကစားခြင်းနဲ့ သက်တောင့်သက်သာရှိမှုတွေအတွက် အခြားသော Mode တွေလည်း အများကြီး ပါဝင်ပါတယ်။


Credit to ==> Myanmar Mobile View

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com