8/03/2015

♪ ဘေးဘောင်မပါတဲ့ Display နဲ့ Sony Xperia C5 Ultra ♫


တရားဝင်ကြေညာမှုမပြုလုပ်ရသေးတဲ့ Sony Xperia C5 Ultra ရဲ့ အသုံးပြုသူလမ်းညွန်စာအုပ်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လို့နေခဲ့ပါတယ်။ ဒါကြောင့် မကြာခင်မှာဈေးကွက်ထဲဝင်လာတော့မယ့် အလတ်တန်းစားအဆင့် C5 Ultra ရဲ့ အသေးစိတ်အချက်အလက်အနည်းငယ်ကို သိရှိလိုက်ရပါတယ်။ အစောပိုင်းက Sony Lavender လို့ လူတွေသိထားကြတဲ့ အဲ့ဒီဟန်းဆက်ဟာ မော်ဒယ်နံပတ် E5553 နဲ့အတူ သြဂုတ်လမှာ ပွဲထွက်လာဖို့ မျှော်လင့်ထားပါတယ်။

Xperia C5 Ultra ရဲ့ အသုံးပြုသူလမ်းညွှန်စာအုပ်မှာ C5 Ultra ဟာ ဘေးဘောင်မပါတဲ့ Display နဲ့ဆိုတာကို ဖော်ပြနေပါတယ်။ မကြာသေးခင်ကပဲ အင်တာနက်ပေါ်မှာ ပေါက်ကြားပျံ့နှံ့ခဲ့တဲ့ ဓါတ်ပုံတွေ နဲ့ ကိုက်ညီမှုရှိနေပါတယ်။

ခလုတ်တွေအားလုံးနဲ့ ပြင်ပ Hardware feature တွေကိုလည်း ဖော်ပြထားပါတယ်။ LED flash နဲ့ ကင်မရာ၊ အသံကျယ်စပီကာ၊ ကင်မရာခလုတ်၊ microSD ကဒ်ပေါက် နဲ့ nano SIM ကဒ်ပေါက် တို့ကို တွေ့မြင်ရပါတယ်။ ဖုန်းဘေးဘောင်က အသံခလုတ်ကို ကင်မရာ Zoom ခလုတ်အဖြစ် လည်း အသုံးပြုနိုင်ပါတယ်။


Sony Xperia C5 Ultra ရဲ့ ကောလဟာလ Specs တွေထဲမှာ MediaTek MT6752 SoC, 2GB RAM, 13MP နောက်ကျောဘက်ကင်မရာ၊ 5MP selfie ကင်မရာ တို့လည်း ပါဝင်ပြီး။ Display အရွယ်အစားက ၅.၅ လက်မနဲ့ 1080p Resolution ဖြစ်ပါတယ်။


Credit to ==> Myanmar Mobile View

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com