8/18/2015

♪ BlackBerry က Passport Silver Edition ကို ရောင်းချ ♫

blackberry passport silver edition

BlackBerry က Passport စမတ်ဖုန်း၏ ဗားရှင်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါသည်။ BlackBerry Passport Silver Edition ဟု အမည်ပေးထားပြီး ငွေရောင် ဖြစ်ပါသည်။ ယခင်အမျိုးအစားမှာ အနက်ရောင်ဖြစ်ပါသည်။

အရောင်ကွာခြားမှုအပြင် သတ္တုကိုယ်ထည်ကို တပ်ဆင်ထားခြင်းက တန်ဖိုးကြီး စမတ်ဖုန်း ပုံပေါ်ပါသည်။ Specification အပိုင်းတွင် ယခင်အမျိုးအစားနှင့် တူညီပါသည်။

၎.၅ လက်မ 1440×1440 လေးထောင့်မျက်နှာပြင် တပ်ဆင်ထားပါသည်။ 3GB RAM, 32GB Storage, 2.26GHz Quad-Core Qualcomm Snapdragon 801 SoC တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် LED Flash တို့ကို တပ်ဆင်ထားပါသည်။ အရှေ့ဘက်တွင် 2MP Camera ပါရှိပါသည်။ 3450mAh Battery ပါရှိပြီး BlackBerry OS 10.3.2 မောင်းနှင်မည် ဖြစ်သည်။

အမေရိကန်တွင် ဒေါ်လာ ၅၄၉ ဖြင့် ရောင်းချပေးနေပြီး ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ နယ်သာလန်တို့တွင် လာမည့် ရက်သတ္တပတ်အတွင်း ရောင်းချမည် ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com