8/18/2015

♪ Asus Zenfone 2 Deluxe နှင့် Zenfone 2 Laser တို့ကို ကြေညာ ♫

asus zenfone 2 deluxe

Asus က Zenfone 2 Deluxe နှင့် Zenfone 2 Laser တို့ကို ကြေညာလိုက်ပါသည်။

Asus Zenfone 2 Deluxe
Zenfone 2 Deluxe သည် Dual SIM Phone ဖြစ်ပြီး ၅.၅ လက်မ 1080p Display တပ်ဆင်ထားပါသည်။ မျက်နှာပြင်ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားပြီး Intel Atom Chipsets ( Z3560 and Z3580 ) မောင်းနှင်မည် ဖြစ်သည်။ 4GB RAM ပါရှိပြီး 64GB or 128GB Storage များရွေးချယ်နိုင်ပါသည်။ 128GB အထိဝင်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။ Android 5.0 Lollipop မောင်းနှင်မည် ဖြစ်သည်။

13MP Rear Camera, 5MP Front Camera တို့ တပ်ဆင်ထားပြီး 1080p Video များ ရိုက်ကူးနိုင်ပါသည်။ BoostMaster Fast Charging ပါသော 3000mAh Battery ပါရှိပြီး ၃၉ မိနစ်အတွင်း ၆၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါသည်။

Asus Zenfone 2 Laser
Asus Zenfone 2 Laser တွင် ငါးလက်မ 720p Display , 13MP Rear Camera, 5MP Front Camera များတပ်ဆင်ထားပါသည်။ Laser Auto Focus စနစ်က ၀.၃ စက္ကန့်အတွင်းတွင် Focus ပြုလုပ်ပေးနိုင်ပါသည်။ Qualcomm Snapdragon 410 Chipset မောင်းနှင်မည် ဖြစ်ပြီး 2GB RAM, 8GB or 16GB Storage များရွေးချယ်နိုင်ပါသည်။

မျက်နှာပြင်ကို Gorilla Glass 4 ဖြင့် ကာကွယ်ထားပါသည်။ Android 5.0 မောင်းနှင်မည် ဖြစ်ပြီး 4G LTE ဆက်သွယ်မှုကို အသုံးပြုနိုင်ပါသည်။ 2070mAh နှင့် 2400mAh Battery များကို နိုင်ငံအလိုက်ထည့်သွင်းရောင်းချမည် ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com