တရုတ် အခြေစိုက် Vivo က အထူ ၄.၇၅ မီလီမီတာ ( ၀.၁၈၇ လက်မ) ရှိသော Vivo X5Max စမတ်ဖုန်းကို ပြသလိုက်ပါသည်။
၅.၅ လက်မ 1080p Display, Octa-Core Qualcomm Snapdragon 615 Processor, 2GB RAM, 16GB Internal Storage, 13MP Camera တပ်ဆင်ထားသည့် အတွက် စွမ်းဆောင်ရည် ကောင်းမွန် ပါသည်။ ပါးလွှာစေရန်အတွက် အရွယ်သေးသော 2000mAh Battery ကိုထည့်သွင်းထားပါသည်။ Engadget ၏ ရေးသားချက်အရ ဘက်ထရီသည် ကြာရှည် အသုံးမခံဟု သိရပါသည်။
အပါးလွှာဆုံး စမတ်ဖုန်းများထဲတွင် ၄.၈၅ မီလီမီတာ အထူရှိသော Oppo R5 နှင့် ၆.၆ မီလီမီတာ အထူရှိသော Huawei Ascend P7 တို့လည်း စာရင်းဝင်သည်ဟု သိရပါသည်။
Vivo X5Max ကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တရုတ်၌ ရောင်းချပေးမည်ဟု မျှော်လင့်ရပါသည်။
Myanmar Digital Life Journal