Telenor ဆင်းမ်ကတ်တွင် တစ်ပါတည်း ပါဝင်ပြီးဖြစ်သော Call Waiting ၊ Call
Hold စသည့် အခမဲ့ ဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း
Telenor Myanmar မှ သိရသည်။
အဆိုပါဝန်ဆောင်မှု အသုံးပြုရန်အတွက် Phone Setting ချိန်ရမည်ဖြစ်ကြောင်း၊ Android ဖုန်းများဆိုပါက setting ထဲသို့ဝင်ရောက်ကာ Call Setting သို့ သွားရောက်ပြီး Addition Setting တွင် Select the Call waiting ကို ရွေးချယ်အသုံးပြုရမည်ဖြစ်ကြောင်း၊ iOS ဆိုပါက setting သို့ သွားရောက်ကာ Call Waiting နေရာ၌ open ပြုလုပ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဝန်ဆောင်မှု စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်းကို Telenor Myanmar ဖေ့စ်ဘုတ်စာမျက်နှာတွင် ဒီဇင်ဘာလ ၁၇ ရက်က ဖော်ပြထားသည်။
Internet Journal