12/04/2014

♪ စမတ်ဖုန်းမှ ဓါတ်ပုံများကို Scan ပြုလုပ်ပြီး Print ထုတ်ပေးမည့် SnapJet ♫

3

SnapJet ဟု အမည်ရသော ကိရိယာသည် စမတ်ဖုန်းမှ ဓါတ်ပုံများကို Scan ပြုလုပ်ပြီး Print ထုတ်ပေးနိုင် ပါသည်။ SnapJet ကို ဖုန်းနှင့် ချိတ်ဆက်ရန် App, WiFi, Wire, NFC , Bluetooth များ မလိုအပ်ဟု သိရပြီး ဓါတ်ပုံရိုက်ကူးနိုင်သော စမတ်ဖုန်းအားလုံးနှင့် SnapJet ကို တွဲဖက် အသုံးပြုနိုင်ပါသည်။

Print ထုတ်ချင်သော စမတ်ဖုန်းမှ ဓါတ်ပုံကို ဖွင့်ပြီး SnapJet ပေါ်သို့ ဖုန်းမျက်နှာပြင်ကို မှောက်လျှက် ထားရှိသည်နှင့် SnapJet က ဓါတ်ပုံကို Scan ပြုလုပ်မည် ဖြစ်သည်။ ထို့နောက်တွင် တစ်လက်မလျှင် Pixel သိပ်သည်းဆ ၁၂၀၀ အရည်အသွေးရှိသော ဓါတ်ပုံများကို ထုတ်လုပ်ပေးမည် ဖြစ်သည်။ SnapJet သည် စမတ်ဖုန်း၏ မျက်နှာပြင်မှ အလင်းရောင်များကို ဖမ်းယူသည့် နည်းပညာကို အသုံးပြုထားခြင်း ဖြစ်ပါသည်။

SnapJet ကို ထုတ်လုပ်ရောင်းချရန် Kickstarter ၀က်ဆိုက်တွင် ရန်ပုံငွေ ကောက်ခံလျှက် ရှိပြီး ဒေါ်လာ ၁၂၉ ရန်ပုံငွေ ထည့်ဝင်ထားလျှင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် SnapJet တစ်ခုကို ပို့ဆောင်ပေးမည် ဖြစ်သည်။
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com