12/13/2014

♪ အစိတ်အပိုင်းများကို ဖြုတ်လဲနိုင်သည့် Puzzle Phone ♫

2

ဖုန်း၏ အစိတ်အပိုင်းများကို ဖြုတ်တပ် အဆင့်မြှင့် လဲလှယ်နိုင်သော Modular Smartphone များကို Google က တီထွင်လျှက်ရှိပါသည်။ ယခုအခါ ထိုကဲ့သို့ Modular Smartphone များကို ဖင်လန်အခြေစိုက် Circular Devices ကလည်း တီထွင်နေပြီး PuzzlePhone ဟု အမည်ပေးထားပါသည်။

PuzzlePhone တွင် အဓိက အစိတ်အပိုင်း ကဏ္ဍ သုံးခုပါရှိပြီး Spine, Heart နှင့် Brain တို့ ဖြစ်ပါသည်။ Spine တွင် ခလုတ်များ၊ LCD မျက်နှာပြင်များ၊ စပီကာများနှင့် မိုက်ကရိုဖုန်း စသည့် အစိတ်အပိုင်းများ ပါဝင်ပါသည်။ Heart တွင် ဘက်ထရီနှင့် အခြား အီလက်ထရောနစ် ပစ္စည်းများ ပါရှိပြီး Brain တွင် Processor နှင့် ကင်မရာများ ပါဝင်ပါသည်။ PuzzlePhone တွင် Android OS ကို မောင်းနှင်မည် ဖြစ်သည်။
PuzzlePhone တွင် အစိတ်အပိုင်းများကို ဖြုတ်တပ်လဲလှယ်နိုင်သည့်အတွက် ဖုန်းအသစ်ဝယ်ယူရန် မလိုဘဲ အဆင့်မြှင့်ချင်သည့် အစိတ်အပိုင်းကိုသာ လဲလှယ်နိုင်မည် ဖြစ်သည်။

Circular Devices က ၂၀၁၅ တွင် PuzzlePhone ကို ရောင်းချရန် မျှော်လင့်ထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>