12/02/2014

♪ ကမ္ဘာ့ အပါးလွှာဆုံး ဖုန်းဖြစ်သည့် OPPO R5 အား ပရီအော်ဒါစနစ်ဖြင့် မှာယူနိုင်မည် ♫


OPPO မှထုတ်လုပ်သည့် ကမ္ဘာ့အပါးလွှာဆုံး ဖုန်းအမျိုး အစားတစ်ခုဖြစ်သော R5 အား ပရီအော်ဒါ စနစ်ဖြင့် စတင် မှာယူနိုင်တော့မည်ဖြစ်ပြီး ယင်းသို့ ပရီအော်ဒါစနစ်ဖြင့် မှာယူအသုံးပြုသူများအား OPPO မှ ပရိုမိုးရှင်း အနေဖြင့် လက်ဆောင်ပစ္စည်းများ ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပရီအော်ဒါများအား ဒီဇင်ဘာ ၅ ရက်မှ ၂၅ ရက်အတွင်းတွင် မှာယူနိုင်မည်ဖြစ်ပြီး ပရီအော်ဒါမှာယူလိုသူများ အနေဖြင့် OPPO ဟန်းဆက်များရောင်းချသည့် မိုဘိုင်းဖုန်း အရောင်းဆိုင်တိုင်းတွင် မှာယူနိုင် မည် ဖြစ်ကြောင်း သိရသည်။ R5 အား ကန်ဒေါ်လာ ၄၉၉ ဖြင့်မှာယူနိုင်မည်ဖြစ်ပြီး ပရီအော်ဒါမှာယူခြင်း အတွက် စရံငွေအား OPPO ကုမ္ပဏီမှ သတ်မှတ် ပေးထားခြင်း မရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ OPPO ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပြရာတွင် ''OPPO R5 ဖုန်း ကို ဒီဇင်ဘာ ၅ ရက်ကနေစပြီး ပရီအော်ဒါ စနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အော်ဒါမှာတဲ့သူတွေအတွက် စရံငွေကိုတော့ OPPO ကုမ္ပဏီကနေ ဘယ်လောက်ပေးရမယ်လို့ မသတ်မှတ် ပေးထားပါဘူး။ OPPO ဟန်းဆက်တွေ ရောင်းချပေးတဲ့ ဖုန်းဆိုင်တိုင်းမှာ ပရီအော်ဒါကို ဆိုင်တွေက သတ်မှတ်ထားတဲ့ စရံငွေပမာဏ အတိုင်းပေးပြီးမှာနိုင်ပါတယ်'' ဟုပြောသည်။

ပရီအော်ဒါ မှာယူသူများအား OPPO ၏မြန်နှုန်းမြင့် Charger နည်းပညာတစ်ခုဖြစ်သော VOOC နည်းပညာ ပါဝင်သည့် ကျပ် ခြောက်သောင်းတန် OPPO Power Bank တစ်ခုအား မေတ္တာလက်ဆောင် ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။ R5 မှာ စင်ကာပူ နိုင်ငံတွင်ပြု လုပ်သော OPPO မိတ်ဆက်ပွဲတွင်  ကမ္ဘာ့အပါးလွှာဆုံး ဖုန်းအဖြစ်ပြသခဲ့သည့် ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး အဆိုပါဖုန်းမှာ သတ္တုကိုယ်ထည် ဖွဲ့စည်းမှုနှင့် ဖုန်းအတွက် ကောင်းမွန်သော အပူထိန်းစနစ်များ ပါဝင်သောဖုန်း အမျိုးအစား တစ်ခုဖြစ်သည်။
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com