12/07/2014

♪ Mozilla Firefox ဖြင့် Facebook Phishing Page များကို ကာကွယ်ခြင်း ♫

http://internetjournal.media/sites/default/files/howto/2014/12/Facebook-Guide.gif

လူမှုကွန်ရက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Facebook မှာ လူပေါင်းများစွာဟာ ရည်ရွယ်ချက် မျိုးစုံနဲ့ အသုံးပြုနေကြပါတယ်။ ဒီလိုမျိုးလူပေါင်းများစွာ အသုံးပြုနေတဲ့ Facebook မှာ အသုံးပြသူတွေရဲ့ အားနည်း ချက်ကို အသုံးချပြီး နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ရယူနိုင်ဖို့ အတွက် ကြိုးစားနေကြပါတယ်။

Phishing ပြုလုပ်၍ တိုက်ခိုက်ခြင်း၊ Keylogging ပြုလုပ်ပြီး User Name, Password ကို ခိုးယူခြင်း၊ Trojan အသုံးပြုပြီး Backdoor မှ client server ကို ထိန်းချုပ်ပြီး အကောင့်ရယူခြင်း အစရှိတာတွေအပြင် Sniffing, Session Hijacking ပြုလုပ်ခြင်း အစရှိတဲ့ နည်းတွေနဲ့လည်း Facebook အကောင့်တွေကို ခိုးယူနိုင် မှာ ဖြစ်ပါတယ်။

Facebook Account တွေကို တိုက်ခိုက်ခြင်းကနေ ကာကွယ်နိုင်ဖို့အတွက် Mozilla မှာဆိုရင် Facebook Phishing Protector ဆိုတဲ့ Add on ကို ထည့်သွင်းပြီး အသုံးပြုထားနိုင်ပါတယ်။ ဒီ Add on ကတော့ သင့်ဆီကိုပို့လာတဲ့ Phishing စာမျက်နှာရဲ့ Code တွေကို သိရှိပြီး ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် XSS Injection Attack ကနေလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပြီး အန္တရာယ်ရှိတဲ့ Script တွေ ၀င်ရောက်လာမယ်ဆိုရင်လည်း သတိပေးဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဒီ Add on ကို ထည့်သွင်းဖို့အတွက် http://goo.gl/Xs7xKl ဖော်ပြပါ ဝက်ဘ်ဆိုက် လိပ်စာကနေ Mozilla Firefox ရဲ့ Add on ကို သွားရောက်ပြီးရယူနိုင်မှာ ဖြစ်ပါတယ်။ Firefox Add on စာမျက် နှာကို ရောက်ပြီ ဆိုရင် Add to Firefox ဆိုတာလေးကို နှိပ်လိုက်ပါ။ ပြီးသွားပြီဆိုရင်တော့ Installဆိုတဲ့ Button ကို နှိပ်ပြီး Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အားလုံးပြီးသွားပြီဆိုရင်တော့ Tools Menu အောက်က Add ons ဆိုတာကို ရွေးချယ်ပြီး Extension မှာ Facebook Phishing Protector ကို ရွေးချယ်လိုက်ပါ။ ရွေးချယ်လို့ ပြီးသွားရင် Option ကို နှိပ်ပြီး FB Tracking Protection ဆိုတဲ့ Check Box လေးကို အမှန်ခြစ် ထည့်သွင်းပေးထားလိုက်ပြီဆိုရင် ကိုယ့်ရဲ့ Facebook Account ကို သူများခိုးယူနိုင်မယ့် နည်းလမ်း အချို့ကနေ အနည်းငယ် အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ တိုက်ခိုက်သူတွေဟာ နည်းလမ်း ပေါင်းစုံနဲ့ တိုက်ခိုက်နေတဲ့ အတွက် ကိုယ်အသုံးပြုတဲ့ ဝက်ဘ်ဆိုက် လိပ်စာတွေကိုလည်း အမြဲမှန်ကန်လားဆို တာ သေချာစစ်ဆေးပြီးမှ အသုံးပြုသင့်ပါတယ်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com