12/04/2014

♪ Bandwidth 32.32 Gbps အထိရှိလာနိုင်သည် ♫

https://ctovision.com/wp-content/uploads/bandwidth_rj45.jpg

အင်တာနက် Bandwidth 32.32 Gbps အထိ ရှိလာကြောင်း နိုဝင်ဘာလ ၂၆ ရက်က နိုင်ငံပိုင် သတင်းစာမှ တစ်ဆင့် ဖော်ပြထားသည်။

၂၀၁၀-၂၀၁၁ ခုနှစ်တွင် အင်တာနက် Bandwidth 3.92 Gbps ရှိခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် အင်တာနက် Bandwidth ကို 32.32 Gbps အထိ တိုးချဲ့နိုင်ခဲ့ကြောင်း ဆိုထားသည်။ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် အင်တာနက် Bandwidth 3.92 Gbps ကိုလည်းကောင်း၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် 3.72 Gbps ကိုလည်းကောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် 13.33 Gbps ကိုလည်းကောင်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် 26.74 Gbps ကိုလည်းကောင်း၊ ၂၀၁၃-၂၀၁၄ (စက်တင်ဘာလအထိ) 32.32 Gbps ကိုလည်းကောင်း အသီးသီးအသုံးပြုခဲ့ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် အင်တာနက် အသုံးပြုသူပေါင်း ၃,၅၃၇,၁၂၃ ဦးအထိ ရှိလာကြောင်း သိရသည်။

အင်တာနက် အသုံးပြုသူများတွင် မိုဘိုင်းတယ်လီဖုန်း အသုံးပြု၍ အင်တာနက်အသုံးပြုမှုမှာ အများဆုံး ဖြစ်ကြောင်းကိုလည်း လေ့လာ တွေ့ရှိရသည်ဟု သိရသည်။
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>