12/23/2014

♪ ကျပ် 99,000 တန် Mobilo Universe V1 ရဲ့ အားနည်းချက် အားသာချက် နည်းပညာ ဒီဇိုင်း သုံးသပ်ချက် ♫

အားသာချက်
အားသာချက် အနေနဲ့ကတော့ ဖုန်းမှာပါဝင် ဖွဲ့စည်းထားတဲ့ Hardware စနစ်ပိုင်းတွေဟာ ကောင်းမွန် ပါတယ်။ အသုံးပြုထားတဲ့ CPU, GPU စနစ်တွေ ကောင်းမွန်တဲ့အပြင် ကင်မရာ စနစ်ပိုင်းမှာလည်း Mega Pixel မြင့်မားတဲ့ ကင်မရာစနစ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာကို အသုံးပြုတဲ့ နေရာ မှာလည်း စုံလင်တဲ့ ကင်မရာ စနစ်တွေကို ထိတွေ့အသုံးပြု နိုင်မှာဖြစ်ပါတယ်။ တန်ဖိုးနည်း ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် အွန်လိုင်းအသုံးပြု စနစ်တွေကိုလည်း ဖုန်းထဲမှာ စုံစုံလင်လင် အသုံးပြုနိုင်တာတွေ့ရ တဲ့အပြင် မြန်မာစာ စနစ်လည်း ဖုန်းထဲမှာ တစ်ပါတည်း ပါဝင်ပါတယ်။

အားနည်းချက်
ဖုန်းမှာပါဝင်တဲ့ မှတ်ဥာဏ်ဟာ နည်းပါတယ်။ မှတ်ဥာဏ်ဟာ 4GB သာပါဝင်ပြီး တကယ်တမ်း အသုံးပြုနိုင်မယ့် ပမာဏကတော့ 2GB နီးပါးခန့်ကိုပဲ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် မှတ်ဥာဏ်ပိုင်းမှာတော့ နည်းပါတယ်။ တန်ဖိုးနည်း ဖုန်းအမျိုးအစား တစ်ခုဖြစ်တဲ့ Gesture Sensor စနစ်ပိုင်းတွေ ပါဝင်တာ မတွေ့ရပါဘူး။

ဒီဇိုင်း
ဒီဇိုင်းကတော့ လေးထောင့်ဆန်တဲ့ ဒီဇိုင်းမျိုးလို့ ဆိုရပေမယ့် အနားထောင့် လေးဖက်ကတော့ အနည်းငယ် အဝန်းအဝိုက် ပုံမျိုးရှိပါတယ်။ စပီကာတွေကတော့ ဖုန်းရဲ့ကျောဘက် အောက်နားမှာ ရှိနေပါတယ်။ စပီကာ တစ်လုံးသာ ပါဝင်ပေမယ့် အသံစနစ်ပိုင်းမှာ အဆင်ပြေပါတယ်။ နောက်ဘက် ကာဗာကတော့ ဖြုတ်နိုင်၊ တပ်နိုင်တဲ့ အရှင်ပုံစံမျိုးပါ။ အရွယ်အစားကတော့ ဘေးတိုက်အ ကျယ် ၇.၄ စင်တီမီတာရှိပြီး အထက်အောက် အမြင့်ကတော့ ၁၄.၈ စင်တီမီတာ ရှိပါတယ်။ လူတစ်ယောက်ရဲ့ လက်ထဲမှာ အလွယ်တကူ ကိုင်တွယ်ထိန်းကျောင်း နိုင်တဲ့ အရွယ်အစား မျိုးရှိနေပြီး ဖုန်းကို ကိုင်တွယ် အသုံးပြုရာမှာလည်း မြဲမြံတဲ့ ခံစားချက်မျိုးကို ခံစားရစေပါတယ်။ ပါးလွှာမှုကတော့ ၀.၉၀ စင်တီမီတာ ရှိတဲ့အတွက် ပါးတယ်လို့ ဆိုနိုင်ပါတယ်။ ဖုန်းရဲ့ကိုယ်ထည် တစ်ခုလုံးက ပလတ်စတစ် ကိုယ်ထည် ဖွဲ့စည်းမှုဖြစ်ပြီး ကိုယ်ထည်ရဲ့ ဘေးဘောင်ကိုတော့ သတ္တုကိုယ်ထည် ဘေးဘောင်ပုံစံမျိုး ပြုလုပ်ထားတာပါ။ အလေးချိန်ကလည်း ပေါ့ပါးတဲ့အတွက် ကိုင်တွယ်ရတာ အဆင်ပြေပါတယ်။ နောက်ဘက် ကာဗာဟာ ပလတ်စတစ် ကာဗာဖြစ်ပြီး ကာဗာကို ခွာဖို့အတွက် လက်နေရာ သီးသန့်ပြုလုပ် ပေးထားတာမရှိဘဲ USB ပေါက်နေရာကနေ ခွာရတာမျိုးဖြစ်ပြီး ကာဗာခွာရတာ အနည်းငယ် ခက်ခဲပါတယ်။ အရွယ်အစားနဲ့ ကိုယ်တွယ် အသုံးပြုခြင်းမှာတော့ စိတ်ကျေနပ်စရာ အထိအတွေ့မျိုး ရှိနေပြီး OS ရဲ့ ဖွဲ့စည်း တည်ဆောက်မှု ပုံစံဟာလည်း ရှင်းလင်းနေတာကို တွေ့ရ မှာပါ။ GSM 2G/ 3G ကွန်ရက်စနစ်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး ပုံမှန် Sim Card အမျိုးအစားတွေကို ထည့်သွင်းအသုံးပြု နိုင်မယ့် Dual Sim ဖုန်းပါ။

နည်းပညာ
တန်ဖိုးနည်း စမတ်ဖုန်း အမျိုးအစား ဖြစ်တဲ့အတွက် နည်းပညာ ပိုင်းမှာတော့ အရမ်းဆန်းသစ်တဲ့ နည်းပညာ အမြင့်တွေကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။ နည်းပညာပိုင်းအနေနဲ့ V1 ဟာကင်မရာ စနစ်ပိုင်းတွေမှာပဲ စုံလင်အောင် ထည့်သွင်း ပေးထားတာ တွေ့ ရပါတယ်။ ကင်မရာပိုင်းမှာတော့ ရှေ့ကင်မရာစနစ်နဲ့ နောက်ဘက် ကင်မရာစနစ် နှစ်ခုစလုံးမှာ အလင်းအမှောင်တွေကို စိတ်ကြိုက်ချိန်ညှိ အသုံးပြုနိုင်မယ့် exposure စနစ်၊ Brightness & Contrest စနစ်အစရှိတဲ့ စနစ်တွေ ပါဝင်တဲ့အပြင် ကိုယ့်စိတ်ကြိုက် အရောင်ပုံစံတွေကို ထည့်သွင်းရိုက်ကူးနိုင်မယ့် Color Effect စနစ်၊ White Balance စနစ် အစရှိတဲ့ စနစ်တွေကို အသုံးပြု နိုင်ပါတယ်။ ဒီစနစ်တွေ အားလုံးဟာ နောက်ဘက် ကင်မရာအတွက် သီးသန့်မဟုတ်ဘဲ ရှေ့ကင်မရာ အတွက်ပါ အားလုံးကို ချိန်ညှိအသုံးပြု နိုင်ပါတယ်။ Video, Photo နဲ့ Panorama အစရှိတဲ့ စနစ်သုံးခု ပါဝင်ပြီး ဒီစနစ်သုံးခုကို ကိုယ်အသုံးပြုချင်တဲ့ အချိန်မှ Touch စနစ်နဲ့တို့ထိပြီး ဖွင့်ရတာမျိုး မဟုတ်ဘဲ Screen ပေါ်မှာ လက်နဲ့ ပွတ်ဆွဲပြီး ရွှေ့ပြောင်းတဲ့ Slide ပုံစံမျိုး ပြုလုပ်ထားတဲ့အတွက် ကင်မရာ အသုံးပြုချိန်မှာ ကိုယ်ကလက်နဲ့ Screen ကိုအမှတ်တမဲ့ ပွတ်မိတာမျိုး ဖြစ်ရင်တော့ စနစ်တွေက အမျိုးမျိုးပြောင်းလဲ သွားနိုင်ပါတယ်။ ဒါကိုတော့ ဂရုစိုက်သင့်ပါတယ်။

အသေးစိတ်ဖော်ပြချက်
MOBILO Universe V1 မှာတော့ Quad-core  1.2GHz CPU ကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် ဖုန်းကိုအသုံးပြုချိန်မှာ မြန်ဆန်တဲ့ တုံ့ပြန်မှုတွေကို ထိတွေ့ခံစားနိုင်မှာ ဖြစ်ပြီး ဂရပ်ဖစ် စနစ်အတွက်တော့ Mali 400 MPGPU ကိုထည့်သွင်း အသုံးပြုထားပါတယ်။ ဖုန်းမှတ်ဥာဏ် အနေနဲ့ကလည်း Internal Memory 4GB ROM စနစ်နဲ့ 512MB RAM တွေဖြစ်တဲ့အတွက် မှတ်ဥာဏ်ပိုင်းမှာတော့ နည်းပါတယ်။ ဒါပေမဲ့ Micros SD Card 32GB ထိထပ်မံ ထည့်သွင်း အသုံးပြု နိုင်တဲ့အတွက် မှတ်ဥာဏ် စနစ်အတွက် အဆင်ပြေနိုင်မှာပါ။ Android OS Version 4.4.2 ကိုအသုံးပြုထားပြီး မြန်မာစာ စနစ်ကလည်း ဖုန်းထဲမှာ System Font တစ်ခုအနေနဲ့ ပါဝင်လာတဲ့အတွက် ဖုန်းတစ်ခုလုံးမှာ ရှိနေတဲ့ စနစ်အားလုံးကို မြန်မာလို မြင်တွေ့ အသုံးပြုနိုင်ပါတယ်။ ကင်မရာကတော့ ရှေ့ကင်မရာဟာ 3Mega Pixel ရှိတဲ့ ကင်မရာဖြစ်ပြီး နောက်ကင်မရာကတော့ 8Mega Pixel ကင်မရာဖြစ်တဲ့ အတွက် ကင်မရာ စနစ်ကလည်း မြင့်မားပါတယ်။ USB 2.0, Bluetooth 4.0 စနစ်တွေ ပါဝင်ပြီး QHD-IPS Screen ကိုအသုံးပြု ထားတာကြောင့် ကောင်းမွန်တဲ့ ရုပ်ထွက် မြင်ကွင်းတွေကို မြင်တွေ့နိုင်ပါတယ်။ ဘက်ထရီ ကတော့ Li-Ion 2000 mAh ဘက်ထရီဖြစ်ပြီး Standby အနေနဲ့ ဆိုရင်တော့ နာရီ ၅၀ လောက် အသုံးပြုနိုင်ပြီး ဖုန်းပြောခြင်း၊ သီချင်းနားထောင်ခြင်း၊ ဂိမ်းကစားခြင်း၊ အင်တာနက် အသုံးပြုခြင်းတွေ အတွက်တော့ ၄ နာရီလောက်ထိ အသုံးပြုနိုင်ပါတယ်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငြုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းရဲ့ဈေးနှုန်းဟာ ကျပ် ၉၉,၀၀၀ ဝန်းကျင်မှာပဲ ရှိနေပြီး အသုံးပြုထားတဲ့ Hardware စနစ်ပိုင်းတွေနဲ့ CPU စနစ်၊ ကင်မရာ စနစ်တွေဟာ မြင့်မားကောင်းမွန်တာ တွေ့ရပါတယ်။ နည်းပညာပိုင်းအရ အသစ်အဆန်းတွေကို သိပ်ပြီးမမြင် တွေ့ရပေမယ့် ဈေးနှုန်းနဲ့ ပါဝင်တဲ့ Hardware တွေကို နှိုင်းယှဉ်ကြည့်ရင် သုံးပျော်တယ်လို့ ဆိုနိုင်တဲ့ ဖုန်းပါ။ ကိုင်တွယ်ထိတွေ့ အသုံးပြုခြင်းမှာလည်း လက်နဲ့အံဝင် ခွင်ကျရှိပြီး အဆင်ပြေပါတယ်။ မှတ်ဥာဏ် နည်းတဲ့အတွက် Ringtone နဲ့ သီချင်းတွေ ဓာတ်ပုံတွေအတွက် Micro SD Card ကိုတော့ မဖြစ်မနေ ထည့်သွင်း အသုံးပြုမှ အဆင်ပြေနိုင် ပါလိမ့်မယ်။

NMC Co., Ltd
Ph ;  01-230 6242
Price ; 99,000 Ks

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download