6/20/2014

♪ အနာဂတ် စမတ်ဖုန်းများ၏ မျက်နှာပြင်များတွင် Sensor များတပ်ဆင်နိုင်မည် ♫

Photo: အနာဂတ် စမတ်ဖုန်းများ၏ မျက်နှာပြင်များတွင် Sensor များတပ်ဆင်နိုင်မည်
====================================================

သုတေသနပညာရှင်များက စမတ်ဖုန်းများ၏ မျက်နှာပြင်တွင် Sensors များတပ်ဆင်နိုင်သည့် နည်းလမ်းကို ရှာဖွေတွေ့ရှိပြီဟု သိရပါသည်။ ထို့အတွက် စမတ်ဖုန်းအတွင်းပိုင်းတွင် Sensor များတပ်ဆင်ရန်မလိုအပ်တော့သည့်အတွက် ပိုမိုပါးလွှာသည့် စမတ်ဖုန်းများ ထုတ်လုပ်နိုင်မည်ဖြစ်သကဲ့သို့ ပိုမိုကြီးမားသည့် ဘက်ထရီများကိုလည်း အသုံးပြုနိုင်တော့မည်ဖြစ်သဖြင့် ဘက်ထရီသက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ Fingerprint Sensor နှင့် အပူချိန်တိုင်းတာသည့် Sensor များကို မျက်နှာပြင်တွင် တပ်ဆင်နိုင်မည်ဖြစ်သည်။ Sensor များသည် လျှပ်စစ်စွမ်းအင်ကို အသုံးမပြုဘဲ အလင်းကိုသာအသုံးပြုသဖြင့် ၀ါယာကြိုးများသည် မျက်နှာပြင်တွင် ကာကွယ်နေခြင်းမရှိသကဲ့သို့ Sensor များကို ဖောက်ထွင်းမြင်ရစေရန် ပြုလုပ်ထားသည့် အတွက် မျက်နှာပြင်ကို ကြည်လင်ပြတ်သားစွာတွေ့မြင်နိုင်ပါသည်။

ကနေဒါနိုင်ငံရှိ Polytechnique Montreal တက္ကသိုလ်မှ သုတေသနပညာရှင်များက Corning Gorilla Glass တွင် Sensor များထည့်သွင်းတပ်ဆင်နိုင်ပြီဖြစ်သည်။ တက္ကသိုလ်ရှိ လျှပ်စစ်အင်ဂျင်နီယာဌာနမှ ပါမောက္ခဖြစ်သူ Raman Kashyap က စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများသည် သူတို့၏ နည်းပညာကို တစ်နှစ်အတွင်းတွင် အသုံးပြုနိုင်တော့မည်ဖြစ်ပြီး အဆိုပါနည်းပညာကို စမ်းသပ်ရန် စမတ်ဖုန်းထုတ်လုပ်သူများကို ရှာဖွေနေသည်ဟု ပြောပါသည်။ Kashyap က ဖောက်ထွင်းမြင်ရသည့် Sensor များသည် စမတ်မျက်မှန်များကဲ့သို့ လူ၏ ခန္တာကိုယ်တွင် ၀တ်ဆင်သည့် ချပ်ဝတ်တန်ဆာကွန်ပြူတာများတွင် အသုံးပြုနိုင်လာမည်ဟု ပြောပါသည်။ 

သူရ

သုတေသနပညာရှင်များက စမတ်ဖုန်းများ၏ မျက်နှာပြင်တွင် Sensors များတပ်ဆင်နိုင်သည့် နည်းလမ်းကို ရှာဖွေတွေ့ရှိပြီဟု သိရပါသည်။ ထို့အတွက် စမတ်ဖုန်းအတွင်းပိုင်းတွင် Sensor များတပ်ဆင်ရန်မလိုအပ်တော့သည့်အတွက် ပိုမိုပါးလွှာသည့် စမတ်ဖုန်းများ ထုတ်လုပ်နိုင်မည်ဖြစ်သကဲ့သို့ ပိုမိုကြီးမားသည့် ဘက်ထရီများကိုလည်း အသုံးပြုနိုင်တော့မည်ဖြစ်သဖြင့် ဘက်ထရီသက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ Fingerprint Sensor နှင့် အပူချိန်တိုင်းတာသည့် Sensor များကို မျက်နှာပြင်တွင် တပ်ဆင်နိုင်မည်ဖြစ်သည်။ Sensor များသည် လျှပ်စစ်စွမ်းအင်ကို အသုံးမပြုဘဲ အလင်းကိုသာအသုံးပြုသဖြင့် ၀ါယာကြိုးများသည် မျက်နှာပြင်တွင် ကာကွယ်နေခြင်းမရှိသကဲ့သို့ Sensor များကို ဖောက်ထွင်းမြင်ရစေ ရန် ပြုလုပ်ထားသည့် အတွက် မျက်နှာပြင်ကို ကြည်လင်ပြတ်သားစွာတွေ့မြင်နိုင်ပါသည်။

ကနေဒါနိုင်ငံရှိ Polytechnique Montreal တက္ကသိုလ်မှ သုတေသနပညာရှင်များက Corning Gorilla Glass တွင် Sensor များထည့်သွင်းတပ်ဆင်နိုင်ပြီဖြစ်သည်။ တက္ကသိုလ်ရှိ လျှပ်စစ်အင်ဂျင်နီယာဌာနမှ ပါမောက္ခဖြစ်သူ Raman Kashyap က စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများသည် သူတို့၏ နည်းပညာကို တစ်နှစ်အတွင်းတွင် အသုံးပြုနိုင်တော့မည်ဖြစ်ပြီး အဆိုပါနည်းပညာကို စမ်းသပ်ရန် စမတ်ဖုန်းထုတ်လုပ်သူများကို ရှာဖွေနေသည်ဟု ပြောပါသည်။ Kashyap က ဖောက်ထွင်းမြင်ရသည့် Sensor များသည် စမတ်မျက်မှန်များကဲ့သို့ လူ၏ ခန္တာကိုယ်တွင် ၀တ်ဆင်သည့် ချပ်ဝတ်တန်ဆာကွန်ပြူတာများတွင် အသုံးပြုနိုင်လာမည်ဟု ပြောပါသည်။

သူရ

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>