6/27/2014

♪ Samsung စမတ်ဖုန်းများ၏ ဝယ်လိုလား တဖြည်းဖြည်းမြင့်တက်လာ ♫

http://www.samsung.com/my/consumer-images/local-area/type/smartphone/galaxy-guide-462-0.jpg
ပြည်တွင်း မိုဘိုင်းထုတ်ကုန် ဈေးကွက်တွင် Samsung အမှတ်တံဆိပ် စမတ်ဖုန်းများ၏ ဝယ်လိုအားမှာ တဖြည်းဖြည်းချင်း မြင့်တက်လျက်ရှိနေပြီး Huawei အမှတ်တံဆိပ် မိုဘိုင်းထုတ်ကုန်များနှင့်လည်း ဈေးကွက် ကွာဟချက် ပိုမိုကျဉ်းမြောင်းလာနေပြီ ဖြစ်သည်။     ဗြိတိန်နိုင်ငံ၏ စစ်တမ်းများကောက်ယူသော On Device Research အဖွဲ့၏ မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းအသုံးပြုသူများနှင့် သက်ဆိုင်သည့် စစ်တမ်းတစ်ခု တွင်လည်း Huawei အမှတ်တံဆိပ် မိုဘိုင်းထုတ်ကုန်ပြီးလျင် Samsung အမှတ်တံဆိပ် စမတ်ဖုန်းနှင့် သင်ပုန်း ကွန်ပျူတာများက ဒုတိယနေရာတွင် ရပ်တည်နေပြီး Apple ၏ iPhone ထုတ်ကုန်များက တတိယနေရာတွင် ရပ်တည်လာနေကြောင်း သိရသည်။ ကိုရီးယားနိုင်ငံ ထုတ်ကုန်ဖြစ်သော Samsung ၏ပြည်တွင်းဈေး ကွက်ဝေစုသည် ၂၀၁၅ တွင်ပိုမိုမြင့်တက်လာဦးမည်ဖြစ်ပြီး Samsung, Ooredoo Myanmar, Telenor Myanmar ကုမ္ပဏီများ၏ ပူးပေါင်းမှုက ယင်းကိုရီးယား နည်းပညာထုတ်ကုန်၏ ဈေးကွက်ဝယ်လိုအားကို ပိုမိုမြင့်တက် လာစေဦးမည်ဟု ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်းဈေးကွက် ကျွမ်းကျင်သူအချို့က သုံးသပ်ကြ သည်။ ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်တွင် Android နည်းပညာထုတ်ကုန်များက လာမည့်နှစ်များတွင် လည်း ထိပ်ဆုံးမှဦးဆောင် နိုင်ဦးမည်ဖြစ်သော်လည်း iOS ထုတ်ကုန်ဖြစ်သည့် Apple ၏ iPhone,iPad နှင့် အခြား နည်းပညာပစ္စည်းများ၏ ဈေးကွက်ဝေစုသည်လည်း တဖြည်းဖြည်းချင်း ကျယ်ပြန့်လာနေပြီဖြစ်သည်။




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>