ကုမ္ပဏီများက စမတ်ဖုန်းမှ ထိန်းချုပ်နိုင်သည့် လူ့အသုံးအဆောင်ပစ္စည်းများကို အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချနေပါသည်။ ယခုအခါ GE က
စမတ်ဖုန်းမှ ထိန်းချုပ်နိုင်သည့် မီးလုံးများကို ဈေးနှုန်း သက်သာစွာဖြင့်
ရောင်းချပေးမည်ဟု ကြေညာပါသည်။ စမတ်မီးသီးများသည် အင်တာနက်
ချိတ်ဆက်နိုင် သည့်အတွက် မည်သည့်နေရာမှမဆို စမတ်ဖုန်းမှ
ထိန်းချုပ်နိုင်ပါသည်။
အဆိုပါမီးသီးများကို Link ဟု အမည်ပေးထားပြီး (၁၅) ဒေါ်လာအောက်ဖြင့် ရောင်းချမည်ဖြစ်သည်။ မီးသီးများကို Quirky မှ iOS နှင့် Android တို့အတွက် တီထွင်ထားသည့် Wink App မှ ထိန်းချုပ်နိုင်မည်ဖြစ်သည်။ မီးလုံး အဖွင့်၊ အပိတ်နှင့် အလင်းရောင်ကို App မှ Schedule ပြုလုပ်နိုင်ပါသည်။ ကုမ္ပဏီများက စမတ်မီးသီးများကို ထုတ်လုပ်ရောင်းချလျက်ရှိသော်လည်း Link သည် အလွန်ဈေး သက်သာသည်ဟု သိရပါသည်။ Wink App မှ Aros စမတ် လေအေးပေးစက်အပါအ၀င် အခြား Device များစွာကို ထိန်းချုပ်နိုင်ပါသည်။
Link ကိုစားပွဲခုံများတွင်မီးအိမ်အဖြစ်အသုံးပြုရန်၊ ထမင်းစားခန်း၊ ဧည့်ခန်းများတွင် အသုံးပြုရန် ၊ နေအိမ်ပြင်ပ တွင် အသုံးပြုရန် သုံးမျိုးထုတ်လုပ်ပေးထားပါသည်။ ၁၅ ဒေါ်လာတန် မီးသီးသည် မီးအိမ်အတွက် အသုံးပြု ရန်ဖြစ်ပြီး အခြား မီးသီးနှစ်မျိုး၏ ဈေးနှုန်းကို ကြေညာခြင်းမရှိသေးဟု သိရပါသည်။
မီးသီးများကို ဇွန်လ ၃၀ ရက်နေ့တွင် ကြိုတင်မှာယူနိုင်ပြီဖြစ်သည်။
သူရ