6/28/2014

♪♪ ကျပ်ငွေ သိန်းတစ်ရာတန် GPS နာရီ ♫♫


အများထက် နာရီ အချိန်မှာ တိကျမူ တစ်ခုရှိတာ အားသာချက်တစ်ခုပါပဲ။ VCXO Ox One လို့ အမည်ရှိတဲ့ နာရီဟာ GPS နည်းပညာရယ် စက်နဲ့ဆိုင်တဲ့ ရွေ့လျားမူပုံစံရယ် အဲဒီ နစ်ခုကြားမှာရှိတဲ့ ပြိုင်ဘက်ကင်းမူ တစ်ခုအနေနဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ GPS လို့ခေါ်တဲ့ အချိန်နဲ့ နေရာတွေကို ဂြိုလ်တုကနေ စီစဉ်ပေးပြီး သိရှိစေတဲ့ စနစ်ဟာဆိုရင် စကြာဝဋ္ဌာကြီးရဲ့ အချိန်အားဖြင့် တိကျမှန်ကန်မူ တစ်ခုလို့ ဆိုနိင်ပြီး နာရီ တော်တော်များများကလည်း ဒီလိုဖြစ်ဖို့ စိတ်ပါဝင်စားကြပါတယ်။

VCXO Ox One ဟာဆိုရင် GPS ယူနစ်တစ်ခုကို ထိပ်မှာ တပ်ဆင်ခြင်းနဲ့အတူ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ထို GPS နည်းပညာနဲ့ အတူ အချက်အလက်တွေကို လက်ခံရယူပြီး အချိန်ရဲ့ တိကျမူတွေကို နာရီထဲမှာ လုပ်ခွင့်ပြုထားပါတယ်။ ထို နည်းပညာဟာ စကြ၀ဋ္ဌာကြီးရဲ့ သက်တမ်း နည်းပညာနဲ့အတူတူ ဖြစ်ပါတယ်။ ထိုကြောင့် VCXO Ox One ကိုဝတ်ဆင်ထားမယ်ဆိုရင်တော့ နိင်ငံခြားသို့ သွားတဲ့နေရာတွေမှာ အချိန်ကို တကူးတစ်က တိုက်စရာမလိုဘဲ လက်မှာ ပါရှိတဲ့ Magic bottom လို့ခေါ်တဲ့ ခလုတ်ကိုနှိပ်ရုံနဲ့ အချိန်တွေ တိကျစွာ ကို နိင်ငံအလိုက် GPS ထောက်ပံ့မူ ဂြိုလ်တုတွေကနေတစ်ဆင့် ရရှိနိင်မှာ ဖြစ်ပါတယ်။ 


 

နာရီရဲ့ ဖောင်ဒေးရှင်း အနေနဲ့ ဆွီဇလန် မိတ် TT-738 အော်တို ရွေ့လျားမူတွေကို သုံးပေးထားပြီး အချိန်တိကျ မှန်ကန်မူတွေအတွက် နာရီ မရပ်သွားစေရအောင် ၅ရက်စာ အပြည့် ပါဝါ သီးသန့်ထားရှိမူတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် အားသိုလှောင်မူကို နှစ်မျိုးဖွဲ့စည်းထားတာကို တွေ့နိင်ပါတယ်။ အထင်ကြီး စရာနောက်ထပ်နှစ်ခုရှိပါသေးတယ် ဒါကတော့ COSC ဆိုတဲ့ အချိန်အလွန်တိကျသော နာရီ အသိ အမှတ်ပြုခံခဲ့ရခြင်းနဲ့ တစ်ပြိုင်နက် နေ့ရက်တွေကို ပြောင်းလဲနိင်ခြင်း တို့ပဲ ဖြစ်ပါတယ်။ နာရီ အကျယ် ၄၆မီလီမီတာ၊ အထူ ၉မီလီမီတာ ရှိကာ ၀တ်ဆင်မူတွေအတွက် အဆင်ပြေအောင် ပြုလုပ် ထားပေးပါတယ်။ ကြော့ရှင်းလှပတဲ့ ဒီဇိုင်းတွေနဲ့ ပုံမှန်နာရီတွေထက် ထူးခြားကာ ရေအောက် ၃၀ မီတာအထိ ၀တ်ဆင်သွားနိင်ပါတယ်။ သို့ပေမဲ့ ထွက်ရှိဖို့ အနည်းဆုံး (၆)လလောက် စောင့်ရဦးမှာ ဖြစ်ပြီး စွန်းထင်မူ ကင်းတဲ့ စတီးသားတွေနဲ့တွေ့ရှိရမှာ ဖြစ်ကာ ကြိုတင်အော်ဒါတွေ အတွက်ကတော့ $9,150, $11,200 နဲ့ $41,150 မှာ ရှိပါလိမ့်မယ်။

Ref: ablogtowatch

Aung Heine

Smart Pro Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>