6/24/2014

♪ Screen အရွယ်ကြီးမားပြီး စွမ်းဆောင်ရည် ပိုကောင်းလာသည့် Nokia X2 ကို Microsoft မိတ်ဆက် ♫


ဧပြီလက Nokia ၏ ဖုန်းလုပ်ငန်းကို ဝယ်ယူခဲ့သည့် Microsoft သည် ယခင် Nokia X နှင့် ဆင်တူသည့် Nokia X2 ဟန်းဆက်သစ်ကို မိတ်ဆက်ပေးခဲ့သည်။   Nokia X2 တွင် အရွယ်ကြီးမားသည့် ၄.၃ လက်မ display ပါဝင်လာပြီး လျင်မြန်သည့် 1.2GHz dual-core ပရိုဆက်ဆာနှင့် 1GB RAM တို့ကို အသုံးပြုထားသည်။ အသေးစိတ်အချက်အလက်သည် ယခင်အမျိုးအစားနှင့် အများကြီး မကွာခြားသော်လည်း 1GB RAM အသုံးပြုထားခြင်းကြောင့် app များကို ပြောင်းလဲအသုံးပြုရာတွင် ယခင် Nokia X ထက် ပိုမိုလျင်မြန်သည့် စွမ်းဆောင်ဖြင့် အသုံးပြုနိုင်စေမည် ဖြစ်သည်။   ထို့အပြင် ယခင် Nokia X ဟန်းဆက်တွင် back ခလုတ်တစ်ခုသာ ပါဝင်ခဲ့သော်လည်း Nokia X2 တွင် ပုံမှန် back ခလုတ်နှင့်အတူ home ခလုတ်ပါဝင်လာသည်။   Nokia X ဟန်းဆက်သည် Windows Phone နှင့် ဆင်တူသည့် UI ကို Android နှင့် Microsoft ဝန်ဆောင်မှုများဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ Microsoft သည် Nokia X2 တွင် အဆိုပါစနစ်ကို ပြောင်းလဲထားခြင်း မရှိဘဲ hardware ကိုသာ အဆင့်မြှင့်ထားခြင်း ဖြစ်သည်။   အဆိုပါ Nokia X2 စမတ်ဖုန်းကို ယူရို ၉၉ (အမေရိကန်ဒေါ်လာ ၁၃၅) ဖြင့် ဇူလိုင်လတွင် ရောင်းချမည် ဖြစ်သည်။

Ref: TheVerge

Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>