6/25/2014

♪ LTE-A အထောက်အပံ့ ပါဝင်သော Samsung Galaxy S5 ဗားရှင်းသစ် ♫


Samsung သည် ကိုရီးယားနိုင်ငံအတွင်း LTE-A အသုံးပြုနိုင်သော Galaxy S5 ဗားရှင်းသစ်ကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။     ထို့အပြင် Samsung Galaxy S5 ဗားရှင်းသစ်တွင် ၅.၁ လက်မအရွယ်ရှိ 2,560x1,440 resolution Super AMOLED မျက်နှာပြင်ကို အသုံးပြုထားသည်။ ထို့ကြောင့် ၎င်းစမတ်ဖုန်းရှိ pixel မှာ 576 ppi ရှိသောကြောင့် LG ၏ G3 တွင် ပါဝင်သည့် 538 ppi ထက်ပိုမိုများပြားသည်။ အဆိုပါ စမတ်ဖုန်းဗားရှင်းသစ်တွင် Qualcomm ၏ နောက်ဆုံးပေါ် Snapdragon 805 ပရိုဆက်ဆာနှင့် LTE-A ကို 300 Mbps အထိထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။ ကိုရီးယားနိုင်ငံတွင် SK Telecom ၏ LTE-A 4G ဝန်ဆောင်မှုကို ထောက်ပံ့ပေးထားပြီး လက်ရှိတွင် အမြင့်ဆုံးမြန်နှုန်း 225 Mpbs အထိထောက် ပံ့ ပေးထားသောကြောင့်  Galaxy S5 ဗားရှင်းသစ်ကို ဖြန့်ချိသွားခြင်းဖြစ်သည်။ ထိုကိန်းဂဏန်းသည် လက်ရှိ ကမ္ဘာတစ်ဝန်းရှိ ဒေသအများစု၌ အသုံးပြုနေကြသည့် LTE မြန်နှုန်း 75Mbps ထက်သုံးဆ ပိုမိုမြန်ဆန်နေသည်။ Galaxy S5 ဗားရှင်းသစ်တွင် အဓိကပြောင်းလဲမှု နှစ်ခုသာပြု လုပ်ထားကာ ကျန်သည့် အရာမှာ ယခင် S5 ကဲ့သို့ပင် ဖြစ်ကြောင်းသိရသည်။ သို့သော် ၎င်းတွင် Android 4.4 နှင့် ကျောဘက် ကင်မရာတွင်16 megapixel ကင်မရာအပြင် RAM 2GB နေရာတွင် 3GB ကိုပြောင်းလဲ အသုံးပြုထားကြောင်း သိရသည်။

စိုးထက်
Ref: CNET

Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>