6/26/2014

♪ စမတ်ဖုန်းတစ်လုံးရဲ့ အစိတ်အပိုင်းတွေနဲ့ LG စမတ် နာရီ ♫

Photo: စမတ်ဖုန်းတစ်လုံးရဲ့ အစိတ်အပိုင်းတွေနဲ့ LG စမတ် နာရီ

နောက်ဆုံးမှတော့ Google တွေးထားခဲ့တဲ့ အတိုင်းပဲ သူရဲ့ LG နဲ့အတူတူ ပူးပေါင်းလုပ်ဆောင်ထားတဲ့ Android wear စုဆောင်းမူတစ်ခုဖြစ်တဲ့ စမတ်နာရီဟာ ရောက်ရှိလာခဲ့ပါပြီ။ ယူကေ၊ ကနေဒါ၊ ဂျာမနီ အာရှမှာ ဆိုရင်တော့ တောင်ကိုးရီးယားနဲ့ ဂျပန်အပါအ၀င်  နိင်ငံပေါင်း ၁၂ နိင်ငံတို့မှာ ရရှိနိင်မှာ ဖြစ်ပြီး ကြိုတင် အော်ဒါမှာယူမူတွေ ပြုလုပ်နိင်နေပြီးလို့ သိရပါတယ်။ G Watch ကို ၀တ်ဆင်စရာ နာရီ တစ်လုံးအဖြစ် တွေ့ရှိရမှာ ဖြစ်ပြီး  စမတ်ဖုန်းတစ်လုံးရဲ့ ပရောဆက်ဆာတွေပါဝင်နေပါတယ်။ S4 Mini ထဲမှာပါဝင်တဲ့ Qualcomm processor နဲ့တူညီတဲ့  လုံလောက်ပြည်စုံတဲ့ Snapdragon 400 ချပ်စ်နဲ့ လာခဲ့တာ ဖြစ်ပြီး ဒေါ်လာ ၂၂၉ နဲ့ ရရှိနိင်မှာပါ။ 

ထူးခြားမူတွေကတော့  အသံနဲ့ လုပ်ဆောင်နိင်မူတွေနဲ့ Google Now ကို ပေါင်းစပ်ပါဝင်လာပြီး စမတ်ဖုန်းနဲ့ ချိတ်ဆက်ကာ မျက်နှာပြင်ပေါ်မှာ စာရိုက်နှိပ်နေမဲ့အစား စကားပြောပြီး စာရိုက်ခြင်းတွေကို ပြုလုပ်နိင်လာပါမယ်။ သိုလှောင်မူကို 4GB ထည့်ပေးထားပြီး အခြားမှတ်ဥာဏ် သိုလှောင်မူအတွက် 512MB ထည့်ပေးထားပါတယ်။ ဘတ္တရီ နေရာမှာ ဆမ်ဆောင်းရဲ့ စမတ်နာရီထက် ပိုအားပြည့်ဝတဲ့ 400mAh ကိုထည့်ပေးထားပါတယ်။ စွန်းထင်မူကင်းတဲ့ စတီးတွေ၊ ဆီလီကွန်သားတွေနဲ့ ပြုလုပ်ထားပြီး IP67 ရေစို သံချေးတက်ခံနိင်ပါတယ်။ 

ရာသီဥတု ဆိုင်ရာ ကြေငြာမူ၊ သတိပေးမူ reminder များပါဝင်မူ၊ ဖုန်းဖြင့် သွယ်တန်းကာ ဖုန်းအဝေးမှာ ရှိနေသော်လည်း စာတို မက်ဆေ့များကို လက်ခံရယူနိင်မူ၊ နေရာဆိုင်ရာ လမ်းညွှန်မူတွေကို OK Google မှတစ်ဆင့် အဆင့်သင့် မြန်ဆန်စွာ ရရှိနိင်မူ၊ ဘာသာပြန်ဆိုမူတွေ ရရှိနိင်မူ၊ ဆိုရှယ် နက်ဝပ် မက်ဆေ့များကို လက်ခံရယူနိင်မူ၊ စတာတွေ အပါအ၀င် လုပ်ဆောင်နိင်မှာ ဖြစ်တဲ့ LG G watch ပါ။ Android 4.3 နဲ့ အထက် ဖုန်းတွေနဲ့ ချိတ်ဆက်နိင်မှာ လို့သိရပါတယ်။

Ref: engadget

Aung Heine ..

Smart Pro Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>