6/28/2014

♪ အမေရိကန်-ဘယ်လ်ဂျီယံပွဲ ဘီယာကြေးလောင်းရန် ဘယ်လ်ဂျီယံဝန်ကြီးချုပ် အိုဘားမားကိုစိန်ခေါ် ♫


ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်တွင် အမေရိကန်နှင့် ဘယ်လ်ဂျီယံတို့ ကစားရမည်ဖြစ် ရာ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် အီလီယိုဒီရူပိုက အမေရိကန်သမ္မတ အို ဘားမားအား ဘီယာကြေး အ လောင်းအစားလုပ်ရန် စိန်ခေါ် လိုက်သည်။

အမေရိကန်အနိုင်ရရှိသွား ပါက ဘယ်လ်ဂျီယံ၏ အကောင်း စား ဘီယာများ တိုက်မည်ဟု ဒီရူ ပိုက အိုဘားမားအား ကမ်းလှမ်း ထားသည်။ အုပ်စု (H) တွင် ဘယ်လ်ဂျီယံ က တောင်ကိုရီးယားကို ၁-၀ ဂိုး ဖြင့် အနိုင်ရပြီး အုပ်စု(G)တွင် အ မေရိကန်က ပေါ်တူဂီကိုကျော်၍ အုပ်စုဒုတိယရရှိခဲ့၍ နောက်တစ် ဆင့် တက်လာခဲ့သည်။

‘‘ဘားရက်အိုဘားမား ကျွန် တော်တို့ရဲ့ ဘယ်လ်ဂျီယံသရဲနီ တွေ ကွာတားဖိုင်နယ် တက်သွား မယ်ဆိုတာ အကောင်းစား ဘယ်လ်ဂျီယံဘီယာတွေနဲ့ လောင်း ကြေးထပ်ပါတယ်’’ဟု ဒီရူပိုက လူမှုဝက်ဘ်ဆိုက် တွစ်တာမှတစ် ဆင့် စိန်ခေါ်ခဲ့သည်။

အမေရိကန်သမ္မတကမူ စိန် ခေါ်မှုကို မတုံ့ပြန်ရသေးပေ။

Ref: Reuters




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>